အခန်း ၁၁။ Sunsperiaပင်

63 9 0
                                    

Unicode

အခန်း ၁၁။ Sunsperiaပင်

မီလိ စောစော နိုးလာခဲ့ပြီး ဈေးသို့သွားကာ မျိုးစေ့ထုတ် အနည်းငယ်နှင့် လက်လက်ဆတ်ဆတ် ပါဝင်ပစ္စည်း တချို့ကို ဝယ်ခြမ်းခဲ့သည်။

သူမရဲ့ အိမ်ခေါင်းမိုးထပ်မှာ  အသီးအရွက်ခြံတစ်ခုကို စတင်စိုက်ပျိုးမည်ဖြစ်ကာ ပန်းပင်များ ဟင်းသီးဟင်းရွက် အပင်များနှင့် စိုက်ပျိုးရလွယ်ကူသော သစ်သီးဝလံ အပင်တချို့ စိုက်ဖို့ စီစဉ်ထား၏။

အပင်စိုက်ရန်အတွက် မြေကို ပြုပြင်နေချိန်၌ လူအိုကြီးပိုင်အား မီလိ ရုတ်တရက် စဉ်းစားမိသွားသည်။ သူ့အိမ်တွင် အလှဆင်ထားသည့် သစ်ပင်ပန်းမန်များ ရှိပုံမပေါ်၊  အိမ်ကို ကောင်းကောင်း ပြင်ဆင်ထားပေမဲ့ အေးစက်ကာ အထီးကျန်နေပုံပေါ်နေသည်။

သူမ ထိုအကြောင်းကို တွေးမိကာ  ယခုချိန်ထိ

အညှောင့်ပေါက်မလာသေးသည့် မျိုးစေ့ အနည်းငယ်ပျိုးထားသည့် ပန်းအိုးအသေးလေးတစ်လုံးကို ရွေးလိုက်သည်။

ထို ပန်းအိုးနှင့် မြေကြီးတို့အပြင်  မျိုးစေ့ထုတ်ကိုပါ သေသေချာချာ ထုတ်ပိုးပြင်ဆင်လိုက်ကာ စိုက်ပျိုးရန်နည်းလမ်းများကိုပါ အသေးစိတ် ရေးပြီးနောက် ဒလီသမားအား  ပါဆယ်ပို့ပေးရန်တောင်းဆိုလိုက်သည်။

ထို သယ်ယူပို့ဆောင်ရေးနည်းလမ်းက မည်သို့မည်ပုံ လည်ပတ်သလဲဆိုတာ သူမ မသိသော်လည်း   ပစ္စည်းကတော့ ကျိန်းသေပေါက် ရောက်သွားမှာပင်။

နှစ်နာရီနီးပါး အလုပ်လုပ်ပြီးနောက် ထုံးစံအတိုင်းပင် ငိုက်မြည်းမှုမှာ အစပြုလာပြန်သဖြင့် အိပ်ခန်းသို့ ပြန်ကာ၊ ဆေးကြောသန့်စင်လိုက်ပြီး သက်တောင့်သက်သာဖြင့်ပင် ကုတင်ပေါ် လှဲအိပ်လိုက်တော့သည်။

မူးနောက်နောက်ဖြစ်နေမှုနှင့် အတူ ရေပေါ်တွင် မျောနေသလိုမျိုး ထူးဆန်းသည့် အခြေအနေတစ်ခုထဲ ဝင်ရောက်သည်ကို မီလိခံစားလိုက်ရ၏။  အရာအာလုံး ငြိမ်ကျသွားသည့် အခါမှ သူမ၏ အသိစိတ်လည်း  တဖြည်းဖြည်း ပြန်လည် စုစည်းသွားခဲ့သလို အမြင်အာရုံလည်း ရှင်းလင်းသွားခဲ့သည်။

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now