အခန်း ၂၄။ ပေါင်းစည်းခြင်း

57 13 0
                                    

Unicode

အခန်း ၂၄။ ပေါင်းစည်းခြင်း

ရှီပိုင်ချန်သည်  ဝယ်ယူလာသည့်နေ့စဉ်သုံးပစ္စည်းများကိုသယ်လျက် စတိုးဆိုင်ထဲမှ ထွက်လာခဲ့ကာ ဗန်ကားတစ်စီးငှားရန် အတွက် လမ်းဘေးကို လျှောက်သွားခဲ့၏။

ယာဉ်မောင်းနှင့် ဈေးညှိလိုက်ပြီးနောက်  ကားရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်၍ ခါးပတ်ပတ်လိုက်သည်။ ကားသည် ဖြည်းဖြည်းချင်း ပြန်လှည့်ကာ လမ်းဆုံဆီမောင်းနှင်သွား‌၏။

မီလိမှာ ရွာသားတစ်ယောက်ဆီကနေ ဖုန်းတစ်လုံး ငှားပြီးရုံရှိသေး၊ ကားထဲတွင် ထိုင်နေသည့် ရှည်မျောမျော ပုံရိပ်တစ်ခုအားရုတ်တရက် မြင်သွားခဲ့ရာ အလွန်ပျော်ရွှင်သွားပြီး သူ့နောက် ပြေးလိုက်တော့သည်။ သူမဟာ ဖုန်းပြန်ပေးချိန်တောင် မရှိခဲ့တာကြောင့် ရွာသားခမျာ သူမ

နောက် ‌စိုးရိမ်တကြီးလိုက်လျက်

“အို့၊ ငါ့ဖုန်း၊ ငါ့ဖုန်းလေး!”

“လူအိုကြီးပိုင်___!!!”

ဈေးထဲ၌ ဆူဆူညံညံပျာပန်းခပ်လှုပ်ရှားနေကြသည့်အတွက် သူမရဲ့ အော်သံများမှာ လူအုပ်ကြီး၏ ဆူညံသံကြားထဲ တိုးဝင် ပျောက်ကွယ်သွားရသည်။

ကားဟာ အလှမ်းဝေးဝေးသွားခဲ့ရာ သူမ ပြေးလိုက်နေရင်းနဲ့ပဲ ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်ပြီး ခေါ်ဆိုလိုက်၏။

ရှီပိုင်ချန်၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာခဲ့သည်။

ကြည့်ကြည့်လိုက်ရာ မရင်းနှီးသည့် နံပါတ်ဖြစ်နေပေမဲ့လည်း ပြန်တော့ ဖြေလိုက်သည်။

“ဟယ်လို?”

“လူအိုကြီးပိုင်၊ ကျွန်မပါ, ‘ဝှီး’ ‘ဝှီး’ __”

တစ်ဖက်မှ ဖုန်းဖြေသံဟာ ပြတ်တောင်းပြတ်တောင်းဖြင့်။

“ ဘယ်သူလဲ” ရှီပိုင်ချန်မှာ ပဟေဠိဖြစ်လို့နေ၏

[ ကျွန်မလို့ဆိုနေ!] အသံဟာ ရုတ်တရက် ကျယ်သွားရုံမက ဝမ်းနည်းပက်လက်ဖြစ်နေပုံပေါ်ဖြင့် [ရှောင်မီလေ! ဝူး~ ကျ _ ကျွန်မ ရှင့်နောက်မှာ!]

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now