အခန်း ၃၅။ သောင်းကျန်းသည့်weasel

48 12 0
                                    

Unicode

အခန်း ၃၅။ သောင်းကျန်းသည့်weasel

မီလိသည် Weibo ပေါ်၌ ကံစမ်းမဲ ပို့စ် တစ်ခုတင်ခဲ့ပြီး ကံထူးရှင် ဆယ်ဦး ရွေးချယ်၍ တစ်ယောက်လျှင် စွန်ပလွံသီးသုံးလုံး ပေးခဲ့၏။

စွန်ပလွံသီးများမှာ စုစုပေါင်း ၅၁လုံးသာရှိ၍ ငွေ များများစားစားရလိမ့်မည်မဟုတ်၊ လူတိုင်းကို မြည်းစမ်းခွင့်ပေးကြည့်လိုက်တာကပိုကောင်းသည်။  မီလိသည် အခြားသူတွေဆီကနေ သံသယဝင်ခံရမှာကို စိတ်မပူ။ ဒါ့အပြင် အရေအတွက်မှာ အလွန်နည်းသည့်အပြင် နှစ်တိုင်းလိုလို နိုင်ငံပေါင်းစုံမှ  စိုက်ပျိုးရေး လုပ်ငန်းများက ဂျုံ၊စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ ပန်းများနှင့် အပင်မျိုးစိတ်အသစ်တို့ကို တီထွင်နေကြတာချည်းပင်။ အပြင်လောကကို ထုတ်ရောင်းခြင်း များများစားစားမရှိရုံသာ။

မီလိသည် weibo သုံးရင်း စွန်ပလွံသီး စားနေလျက် တစ်ဖက်ကမ္ဘာက သီချင်းများကိုလည်းနားထောင်နေသည်မှာ အလွန်ကိုမှအေးအေးလူလူ သက်တောင့်သက်သာနှင့်။

ထိုအချိန် မီလိတစ်ယောက် သူမ အမေဆီကနေ ဖုန်းလက်ခံရရှိခဲ့ပြီး သူမ၏လက်ရှိအခြေအနေကိုမေးမြန်းလာခဲ့သည်။

“ အရမ်းအဆင်ပြေတယ်၊ မေမေ့ရဲ့သမီးက အဆောင်အအုံပိုင်ရှင်ပါနော်၊ နှစ်တိုင်း အိမ်ငှားခတွေ ယူရလွန်းလို့ လက်တောင် ပျော့ခွေချင်နေပြီ၊ ပြီးတော့ အရက်လေးဘာလေးလည်း သောက်ရင်းအချိန်ကို ဖြတ်သန်းနေပါတယ်လို့” မီလိက ဂုဏ်ယူစွာနှင့် ပြောလိုက်၏။

[ ဘာများ ဂုဏ်ယူစရာရှိနေလို့လဲ] မားမားမီသည်

ဒေါသထွက်နေလေရာ [ နင့်အဖေနဲ့ ငါ နင့်ကို အိမ်တစ်လုံးဆောက်ပေးထားတာ ဘာမှ မလုပ်ပဲ ထိုင်နေစေချင်လို့ မဟုတ်ဘူးဟဲ့]

“ဟင်၊ မားတို့က သမီးကို မြေပိုင်ရှင် သူဌေးမတစ်ယောက် ဖြစ်လာစေချင်တယ်လို့ထင်နေခဲ့တာ”

[လျှောက်ပြောမနေနဲ့] မားမားမီသည် အကြောင်းအရာကို ပြောင်းလိုက်ကာ [ ရှောင်မီ၊ သမီး လက်ထဲမှာ ငွေသား ရှိလား၊ သမီး ဖေဖေက ရွာထဲက မြေရိုင်းတောင်တစ်ကွက်ကို ဝယ်ချင်‌နေတာလေ အဲဒါ သုံးလေးသိန်းလောက်လိုနေလို့]

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now