အခန်း၂၁။ ရောမ ရောက်လျှင် ရောမလိုကျင့်

50 8 0
                                    

Unicode

အခန်း၂၁။  ရောမ ရောက်လျှင် ရောမလိုကျင့်

မီလိသည် နှစ်ရက်တာ ပျောက်ဆုံးနေခဲ့သလို ရှီပိုင်ချန်၏ စိတ်အ‌ခြေနေ သည်လည်း နှစ်ရက်တာ ကျဆင်းနေခဲ့၏။  ဖက်ထုပ်လုံးလေး နှစ်လုံး၏  အစားအသောက် အရည်အသွေးမှာလည်း တစ်ဖန် ပြန်ကျဆင်းသွားခဲ့ရသလို အခြေခံလိုအပ်ချက်နှင့် ကိုက်ညီတယ်ဆိုရုံလောက်သာ ရှိသည်။ ကြောင်ကတောင် သူတို့ထက် ပိုပြီး ကောင်းကောင်းစားနေရသေးသည်။

ဖက်ထုပ်လုံးတို့ဟာ သူတို့၏ မကျေမနပ်ချက်တွေကို  ထုတ်ဖော်ပြသခဲ့ကြ၏။ မူလက မြင့်နေခဲ့သည့် သဘောကျမှုပမာဏသည်ပင် မူလ တန်ဖိုးသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်ရာ အချိန်မရွေး  အနှုတ်လက္ခဏာ ပြသွားနိုင်သည့် အခြေနေပင်။

ရှီပိုင်ချန်ကတော့ သူတို့ရဲ့ မကျေမနပ်ချက်တွေ၊

ညည်းညူပြောဆိုမှုတို့ကို မျက်ကွယ်ပြုထား၏။  သူအင်မတန်ကို ပျင်းရိနေပြီး သူ့ဖုန်းရဲ့ နောက်ဆုံး အခြေနေကို စစ်ဆေးနေလေသည်။ ရှီကျစ်နျော့ သူ့သူငယ်ချင်း အသိုင်းအဝိုင်းဆီ မက်ဆေ့ခ်ျပို့ထားသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း ဖုန်းလှမ်းဆက်လိုက်၏

“ရှီကျစ်နျော့၊ မင်း ဒီနေ့ တရုတ်ကို ပြန်ရောက်တာလား”

[ ဟုတ်ကဲ့၊  ကျွန်တော် အခုလေးတင်ပဲအိမ်ကို ပြန်ရောက်ပါတယ်၊ အစ်ကို ပိုင်ချန်ဆီမှာ ဘာညွှန်ကြားစရာများ ရှိလို့ပါလဲ]  ရှီကျစ်နျော့၏ လေသံက မြှောက်ပင့်နေဟန်ဖြင့်။

“ ငါ အိမ်ကို လာခဲ့၊ တမင်း အတူတူ စားမယ်”

[ အတူတူ စားမယ်!?] ရှီကျစ်နျော့ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။

“ ပြဿနာရှိလို့လား”

[ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာပြဿနာမှမရှိဘူး၊ ကျွန်တော် လာခဲ့မယ်!]

ဖုန်းချလိုက်ပြီးနောက် ရှီပိုင်ချန်သည်  သူ့ဘေးနားက အတုံးဆက်တိုင်းဆော့နေကြသည့်  ကလေးနှစ်ယောက်ကို ကြည့်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်ကာ ပိုင်ဝေ့ဥယျာဉ်၌ ကြိုတင်မှာထားလိုက်သည်။

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now