အခန်း ၅၃။ နာမည်ပျက်စာရင်းသွင်းခံရသည့်လူအိုကြီးပိုင်

48 6 0
                                    

Unicode

အခန်း ၅၃။ နာမည်ပျက်စာရင်း သွင်းခံရသည့် လူအိုကြီးပိုင်

ဆေးစစ်ချက်အရ ရှောင်ပိုင်၏ ကိုယ်ဝန်မှာ ဆယ်ရက်ပင် မရှိသေး။

တိရစ္ဆာန်ဆရာဝန်သည် ရှောင်ပိုင်နှင့် ဓာတ်ပုံ အနည်းငယ်တွဲရိုက်ခဲ့ပြီး မပေါက်ကြားစေရကြောင်း အာမခံခဲ့သည်။ ရှောင်ပိုင်သည် နာမည်ကျော်ကြောင်တစ်ကောင် ဖြစ်၍ တခြားသူများသည် သူ့ရဲ့ ပုံတွေကို ကြော်ငြာ အနေနဲ့ သုံးချင်တိုင်း သုံးလို့မရပေ။

အိမ်ပြန်ရောက်သည်နှင် မီလိ ရှီပိုင်ချန်ကို စစ်မေးတော့သည်။

“ ရှောင်ပိုင် ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရသွားတာလဲ”

ရှီပိုင်ချန် ခဏ စဉ်းစား ကြည့်ပြီးနောက် “ အချိန်ကို တွက်ကြည့်ရရင် ကိုယ်  နောက်ဆုံးတစ်ခေါက် ချင်မင်းရွာကို ပြန်တုန်းက ဖြစ်မယ်”

“ချင်မင်းရွာ”

“ ဟုတ်တယ်၊ ရွာလူကြီးက ကိုယ့်ကို မေးစရာ ရှိတယ်ဆိုလို့ ရှောင်ပိုင်ကိုပါ အတူ ခေါ်သွားလိုက်တာ. နောက်တော့…” ရှီပိုင်ချန် ရှောင်ပိုင်ကို ကြည့်လိုက်၏ ။ ထို့နောက် မီလိကို ကြည့်ကာ ချီတုံချတုံဖြင့် “ ရှောင်ပိုင်နဲ့ ရွာလူကြီးရဲ့ ‘ကျားဘုရင်’ က  ဆက်ဆံရေး ကောင်တဲ့ပုံပဲ”

“ ကျားဘုရင်”

“ မြွေနဲ့တိုက်ခဲ့တဲ့ မီးခိုးရောင်ကြောင်လေ”

“ သူလား” သူ သူမကို မြွေ ပေးမလို့ လုပ်ခဲ့တာ မှတ်မိသေးသည်။  လူဆိုးဂိုဏ်းက ဘော့စ်တစ်ကောင်လိုလိုနဲ့ ရှောင်ပိုင်နဲ့ တိတ်တိတ်လေး ငြိနေခဲ့လိမ့်မယ်လို့ မီလိ မထင်ထားခဲ့။ ကိုယ်ဝန်တာင်ရသွားသေးတယ်!!

မီလိက အံ့ကြိတ်လျက် ရှောင်ပိုင်၏ ခေါင်းကို ဖွဖွလေး ပုတ်လိုက်ကာ “ဘာပဲဖြစ်ဖြစ်၊ နင်က ယွမ် ဆယ်သန်းလောက်တန်တဲ့ နာမည်ကြီးကြောင်တစ်ကောင်၊ ဘာကိစ္စ အရိုင်းအစိုင်း ရွာကကြောင်တစ်ကောင်ကို ဆွဲဆောင် လိုက်ရတာလဲ”

ရှီပိုင်ချန် “....” ဒါ ခွဲခြား ဆက်ဆံတာပဲ!

“ ရှင် ဘာလို့ ရှောင်ပိုင်ကို မျက်စိဒေါက်ထောက် ကြည့်မနေခဲ့တာလဲ” မီလိ၏မြားဦးမှာ  ဒီတစ်ခါ ရှီပိုင်ချန်ဆီ လှည့်လာ၏။

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now