အခန်း ၆၀(ဇာတ်သိမ်းပိုင်း)။ ငါးဆယ်နယ် နှစ်ကောင်

92 9 0
                                    

Unicode

အခန်း ၆၀(ဇာတ်သိမ်းပိုင်း)။ ငါးဆယ်နယ် နှစ်ကောင်

မီလိနှင့် ရှီပိုင်ချန်တို့ရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် ဖောက်လုပ်ခဲ့သော လမ်းသည်လည်း ပြီးစီးသွားခဲ့လေပြီဖြစ်ရာ နှစ်ဦးသား ချင်မင်းရွာကို သွားပြီး ကြည့်ကြည့်ဖို့နှင့် အပန်းဖြေခရီး ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ နှစ်ယောက် ဖဲကြိုးဖြတ် ဖွင်လှစ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲ၌ ဒေသခံအကြီးအကဲများ၊ ရွာသူရွာသားများ အားလုံး ပါဝင်ခဲ့ကြသည် ။ လူတိုင်း ပီတဖြာလို့နေ၏။ ရှီပိုင်ချန်သည်လည်း ရွာထဲ၌ နာမည်ကောင်းတစ်ခု ရသွားခဲ့ကာ၊ သူသာ အနာဂတ်မှာ ‌ဒေသတွင်း ရင်းနှီးမြှုပ်နှံလိုသည် ဆိုပါက မီးစိမ်းပြမည့်သူတွေချည်ပင် ။

သို့သော် ရှီပိုင်ချန်အတွက်ကတော့ ဒါမျိုးကို အသားကျနေပြီဖြစ်ပြီး သူမှာအခု ဇနီးတစ်ယောက်ရှိနေ၍ ကျေနပ်နေသည်။ အစကတည်းက သူဟာ ငွေဖြုန်းတီးပစ်ရတာ မကြိုက်ဘဲ  ရွာ၏ ရင်းနှီးမှုတချို့၌ အကူညီပေးခဲ့ရုံသာ။

နှစ်‌ဦးသားက အိမ်ဟောင်းကို သန့်ရှင်းရေး လုပ်ပြီးနောက်  ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

အခုချိန်၌ အိမ်ဟောင်းသည် လွန်ခဲ့တဲ့လအနည်းငယ်လောက်ကလို  ခြောက်ကပ်ပျင်းရိဖွယ်ကောင်းသည့် အိမ်တစ်အိမ်လိုမဟုတ်တော့။ ခြံရှေ့၌ စိုက်ထားသည့် ညောင်ပင်ကြီးက အရွက်အကိုင်းများ စိမ်းစိမ်းစိုစိုနှင့် ထီးတစ်လက်သဖွယ် ငွားငွားစွင့်စွင့်။ ခြံဝန်းဘက်ကို မျက်နှာမူကာ အိမ်ရဲ့နံရံတစ်လျှောက် တွယ်တက်နေသည့် တွားသွားနွယ်ပင်များဟာလည်း စိမ်းစိမ်းစိုစို။ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လန်းနေကြသည့် နှင်းဆီပန်း များ၏ ရနံ့ဟာလည်း မွေးပျံ့လျက်။ အိမ်

နောက်ဘက် ‌ခြံဝန်းတွင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပင်များစွာနှင့် သစ်သီးဝလံပင်များ၏ ကြီးထွားမှုနှုန်းမှာလည်း အားရစရာ။

အိမ်တွင် လူမရှိစဉ်က ဦးလေးနျိုက စောင့်ကြပ်ပေးထားခဲ့ပြီး စွန့်ပစ်နေရာဟု မထင်ရစေရန်အတွက် သူက သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အမြဲတမ်း ခူးဆွတ် ရိတ်သိမ်းထားပေးခဲ့သည်။

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now