အခန်း ၁၂။ ပျောက်ဆုံးနေသော ကလေးနှစ်ယောက်

58 10 0
                                    

Unicode

အခန်း ၁၂။ ပျောက်ဆုံးနေသော ကလေးနှစ်ယောက်

“ရှောင်မီ နေ့လည်စာ သွားကြစားစို့ ငါဝယ်ကျွေးမယ်”  ကျုံးချင်က ရွှင်ပျစွာ ဖိတ်လိုက်၏။

“ ကောင်းတာတစ်ခုခု ဖြစ်ထားလို့လား” မီလိက အပ်ချည်၊ ပိတ်စတွေကို သုံးပြီး အဝတ်ရုပ်တစ်ခုပြုလုပ်နေရင်းကနေ Bluetooth နားကြပ်ကတဆင့် ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။

“ ငါ ဒီနေ့ လုပ်အားခရတယ်၊ ငါ နင့်ကို steakလိုက်ဝယ်ကျွေးမယ်”

“ဟားဟား၊ ဒါက တကယ်ကို ဂုဏ်ပြုရမယ့် ကိစ္စပဲ ဘယ်သွားကြမလဲ”

“ ချန်းဟုန် လမ်းထဲမှာ ရှိတဲ့ ကောယာ့ဆိုင်၊

ကောင်းကောင်းလေး ဝတ်စားလာခဲ့နော်၊ ငါ့ကို အရှက်မခွဲနဲ့”

“ဟုတ်ပါပြီ၊ ငါ အဲဒီကို ၁၂ နာရီ အရောက်လာခဲ့မယ်” ဖုန်းချလိုက်ပြီးနောက် မီလိလည်း သူမရဲ့ အလုပ်တွေကို လက်စ သပ်ကာ ရေမိုးချိုးဖို့ အတွက် ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ သူမသည် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ခေတ်ဆန်လှပသော လိပ်ပြာပုံ လည်ဆွဲကို ဆင်ယင်ထားသည်။ လက်ကိုင်အိတ် အသေးလေး တစ်လုံးကို ကိုင်ထားရင်း ကြော့ရှင်းလှသည့် ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသော သူမဟာ နုပျို သိမ်မွေ့သော အမျိုးသမီးတစ်ဦးနှယ်။ 

မီလိ၏ မိတ်ဆွေ သူငယ်ချင်းများမှာ  အားကစားသမားများ၊ ဖက်ရှင်ကျသူများ၊  ကျန်မားရေး ကျွမ်းကျင်ပညာရှင်များ အစားတစ်လိုင်းများ အစရှိသဖြင့် နယ်ပယ် ပေါင်းစုံကပင်။ ကျုံးချင်ကတော့ တန်ဖိုးကြီးထုတ်ကုန် ပစ္စည်းများကို သဘောကျတတ်သည့် ဖက်ရှင်ကျသူတစ်ယောက်ဖြစ်ပေမဲ့ သူမ

တွင် ကိုယ်ပိုင် စတိုင်မျိုး ရှိတဲ့ အတွက် မျက်စိစုံမှိတ်ကာ တွေ့ကရာဝယ်ပြီး ငွေဖြုန်းတတ်သူမဟုတ်ပေ။

ချိန်းဆိုထားသည့် နေရာကို ရောက်တော့ မီလိ တစ်ချက် ကြည့်လိုက်သည်နှင့်  ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့်  ကျုံးချင်ကို တွေ့လိုက်ရသည်။ သူမ နှုတ်ဆက်တဲ့ အနေနဲ့ လက်ယမ်းပြလိုက်ပြီးနောက် သူမ ရှိရာ လျှောက်သွားလိုက်ရာ ကျုံးချင် ဘေးနားတွင် ထိုင်နေသည့် မျက်နှာစိမ်း အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရ၏။

✅️ငါ့ဝိညာဥ် ခန္ဓာကိုယ်ကထွက်သွားပြန်ပြီ!【Completed】Where stories live. Discover now