Bar ရှိလေထုသည် ရယ်မောသံများ၊ဂီတသံများဖြင့် ရံဖန်ရံခါ ဖန်ခွက်အချင်းချင်းတိုက်သံများဖြင့်ဆူညံနေသည်။ Ethan West သည်ပုံမှန်အားဖြင့် ထက်မြက်ပီး smart ကျသောပုံစံမှအနည်းငယ်လျော့ရဲကာ သူငယ်ချင်းများဝန်းရံလျက်စကားဝိုင်းလျက်ရှိသည်။ ဆေးလိပ်ထွက်သောက်ရန် ထိုင်နေရာမှ မတ်တပ်ရပ်အညောင်းဆန့်ရင်း ဘားကောင်တာတွေ မှုန်ကုပ်ကုပ်မျက်နှာဖြင့်ထိုင်နေသော အသက် ၁၉ ၂၀ အရွယ်ကောင်မလေးတစ်ဦးကို သတိထားမိသည်။ သူမသည်တစ်ဦးတည်းထိုင်ကာ shot များစွာကိုတောင်ပုံရာပုံသောက်ထားကာ လက်ထဲတွင်လည်း နောက်ထပ် shotတစ်ခွက် အားတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
သူငယ်ချင်းဖြစ်သူ Adamမှ
"Ethan ဘယ်သူ့ကိုကြည့်နေတာလဲ"
"....."
"Aww...ဘားမှာ မှုန်ကုပ်ကုပ်နဲ့ထိုင်နေတဲ့တစ်ယောက်လား...ငယ်အုံးမယ့်ပုံပဲကွ..မင်းစာသင်နေတဲ့ကျောင်းသားတွေအရွယ်လောက်ပဲရှိအုံးမယ်.....ဘာလဲ စိတ်ဝင်စားလို့လား"
"ဒီအတိုင်းပဲ...."
"အသည်းကွဲနေတာလားပဲ.....ငါခနက shot ထပ်သွားမှာတာ သူ့ကိုကြည့်မိတော့ ငိုထားတာ မျက်လုံးတွေရဲပီး မျက်နှာတွေအစ်နေတာ.."
"Aww"
"စိတ်ဝင်စားရင်စကားသွားပြောကြည့်လေ...သူတစ်ယောက်တည်းဖြစ်နေတဲ့ပုံပဲ"
"အေး"
Ethan အားတစ်ခုခုကဆွဲငင်လိုက်သလို ခံစားလိုက်ရကာ သတိမထားမိခင်မှာပင် သူ၏ခြေလှမ်းများက သူမနံဘေးကဘားခုံဆီသို့ဦးတည်သွားသည်။ အနားသို့ရောက်ေသာအခါ သူမမှာ ဆံပင်များရှုပ်ပွနေပီး Adam ပြောသလိုအတော်လေးငိုထားပုံရကာ မသိမသာမျက်မှောင်ကြုတ်နေလျက် Ethan အားသတိမထားမိပဲ အတွေးထဲနစ်မြောနေပုံရလေသည်။ Ethan က နံဘေးတွင်ဝင်ထိုင်လိုက်သောအခါ မျက်နှာဝိုင်းဝိုင်းပါးဖောင်းဖောင်းဖြင့် မျက်ရည်အိုင်ထွန်းနေသော မျက်ဝန်းအစုံဖြင့်သူမအားတွေ့လိုက်ရသည်။ သူမသည် Ethan အားဘုကြည့်ကြည့်ကာ စိတ်အနှောင့်ယှက်ဖြစ်သွားသည့်အမူအရာပြလေသည်။ သို့သော် shotအပြင်းစားများကိုပါ သောက်ထားပုံရကာ သတိသိပ်မကပ်သလိုဖြစ်နေသည်။
"မင်း အပြင်းစားတွေရောသောက်ထားတာပဲ....."
သူမ လက်ထဲမှ shot ခွက်အား Ethan ယူသောက်လိုက်သည်။
"တော်သင့်ပီ...မင်းအဲလောက်ထိပလပ်မကျွတ်သင့်ပူးး"
"နားပူတယ်...ရှင်က ကျွန်မအဖေလား."
သူမပြန်ပြောစကားကြောင့် Ethan အနည်းငယ်တင်းသွားသည်။
"မင်းက ငါ့ကျောင်းသားတွေအရွယ်လောက်ပဲရှိလို့...စေတနာနဲ့လာပြောတာကွ"
"စေတနာကောင်းတဲ့ ဆရာပေါ့.....ဟားဟားး..."
သူမ အငိုမျက်လုံးဖြင့် ဟက်ဟက်ပက်ပက်ထရီလေသည်။ ထို့နောက်ထိုင်နေရာမှထရပ်လိုက်သော်လည်း ခန္ဓာကိုယ်ဟန်ချက်မညီဖြစ်ကာ မလဲကျခင် Ethan သူမလက်မောင်းအားဖမ်းဆွဲလိုက်လေသည်။
"ကျေးဇူးပဲ"
သူမပိုက်ဆံရှင်းရန် မူးမူးဖြင့်လွယ်အိတ်ထဲမှပိုက်ဆံအိတ်ယူထုတ်သော်လည်းရှာတွေ့ပုံမရသောကြောင့် လွယ်အိတ်တစ်ခုလုံးအား ဘားကောင်တာပေါ်သို့မှောက်ချလိုက်လေသည်။ ပိုက်ဆံအိတ်အပြင် ဖုန်း စုတ်ဖြဲထားသောဓာတ်ပုံအစအနများ လုံးချေထာသောရထားလက်မှတ် ဖတ်လက်စစာအုပ် နားကြပ် ချည်ထိုးထားသော ဝက်ဝံရုပ်လေးတရုပ် စသည့် ပစ္စည်းများထွက်ကျလာလေသည်။ လက်ကိုင်အိတ်အားယူကာ
"ဘယ်လောက်ကျလဲရှင့်"
သူမ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပါ။ ဘားကောင်တာအားမှီထားရလေသည်။
ဘားကောင်တာမှ Bartender က
"အဆင်ပြေရဲ့လား ညီမလေး...အခြေအနေမဟန်သလိုပဲ..ဖုန်းဆက်ပေးရမလား"
"Everything is ok...ရတယ် ရတယ်.."
အခြေအနေအစအဆုံးအား Ethan ကြည့်နေမိကာ ဘားကောင်တာမှသူမ၏ပစ္စည်းများကိုလည်းသတိထားမိသည်။ ပိုက်ဆံရှင်းပီးနောက် ကောင်တာပေါ်မှပစ္စည်းများအားလွယ်အိတ်ထဲပြန်ထည့်ကာထိုနေရာမှ လဲကျမတတ်ေခြလှမ်းများဖြင့် အပြင်သို့တလှမ်းချင်းထွက်ခွာသွားလေသည်။အခြေနေအစအဆုံးကိုကြည့်နေသော Ethan အား သူငယ်ချင်းအုပ်စုထဲမှ shot ထပ်မှာရန်ထလာသော Sophia က
"Ethan အဲကောင်မလေးအခြေနေကောင်းပုံမရပူး အဲလောက်ကြီးဖြစ်နေရင်....."
သူမ သက်ပြင်းအရှည်ကြီးတစ်ခုချကာ
"အင်း.....နင်သိပါတယ်..မြို့ကြီးတွေရဲ့ night life ကို"
Ethan Sophia အားတစ်ချက်ကြည့်ကာ သူမအနောက်သို့လိုက်သွားလေသည်။
"Sophia.... Ethan ရော"
"ဟိုကောင်မလေးနောက်လိုက်သွားတယ်....Adam"
အဓိပ္ပါယ်ပါပါအပြုံးတစ်ခုကို Adam အားပြုံးပြကာ
"Ethan ဘဝကြီး မကြာခင်စိုပြေလာတော့မယ်ထင်တယ်"
Sophia နှင့် Adam နှစ်ယောက်သားအဓိပ္ပာယ်ကိုယ်စီရှီသော အပြုံးများဖြင့် ဖန်ခွက်ချင်းတိုက်လိုက်သည်။
" Cheer..."
......................
"ဟေ့....နေအုံး"
ယိုင်တိုင်တိုင်ဖြင့်လမ်းလျှောက်နေသော သူမ၏လက်မောင်းအား Ethan လှမ်းဆွဲလိုက်လေသည်။ဆွဲဆောင့်လိုက်သလိုဖြစ်သွားသည်မို့ ခန္ဓာကိုယ်ဟန်ချက်မညီဖြစ်ကာ သူမဖင်ထိုင်လဲလေသည်။
"Sorry....မရည်ရွယ်လိုက်ပူး"
သူမ အားလှမ်းဆွဲသော ထိုယောက်ကျားအား သူမမော့ကြည့်မိသည်။အရပ်ရှည်ကာ သူ၏အရိပ်ကသူမအားအုပ်မိုးထားသလိုဖြစ်ေနသည်။မျက်နှာက ဝါးနေသည်။ဩဇာရှိသောအသံမျိုးဖြစ်သော်လည်း စကားပြောပုံမှာနူးညံသည်။
"အဆင်ပြေရဲ့လား"
"နတ်သားလား...ဒါမှမဟုတ် ငါ့ကိုယ်စောင့်နတ်လား....အကူညီမဲ့နေတဲ့ငါ့ကိုလာကယ်တာလား"
သူမအပြောကြောင့် Ethan ရီချင်သွားသည်။
"မင်း..ရပ်နိုင်သေးရဲ့လား"
သူမ Ethan ခြေသလုံးအားကိုင်ထားလေသည်။
"အရှင်နတ်သား.....တပည့်တော်မအခုလိုမခံစားချင်တော့ပူး..တပည့်ေတာ်မနှလံုးသာူကိုဆုပ်ညစ်ထားသလိုခံစားေနရတာမို့ အရမ်းမွန်းကြပ်တယ်...ကူညီပါ..တပည့်တော််မကို..."
ထို့နောက် သူမချုံးပွဲချငိုလေသည်။ သူမအပြောကြောင့် ရီချင်သော်လည်း အကူညီမဲ့ကာ ခလေးတစ်ယောက်လို နှပ်တွေထွက်ငိုယိုနေသောသူမအားသနားမိသည်။
"တပည့်တော်မကိုကူညီမှာမို့...လောလောဆယ်အရင်ထအုံး...မတ်တပ်ရပ်နိုင်ရဲ့လား"
သူမအားဆွဲထူကာ မတ်တပ်ရပ်စေသည်။ တရှုံ့ရှုံ့ငိုနေသော သူမအားကြည့်ရင်းသနားမိသလို ရီလည်းရီချင်လာသည်။ သူမမှာအလွန်ဆုံးရှိလျှင် ၂၂ ၂၃ အရွယ်မျှသာရှိအုံးမည်။ တစ်ဆယ်ကျော် နှစ်ဆယ်ပတ်လည်အရွယ်တွေက စိတ်ခံစားရလွယ်သည်မဟုတ်လား။
"ကိုယ် အိမ်လိုက်ပို့ပေးမယ်..ဘယ်မှာနေတာလဲ..."
သူမဆက်ငိုနေသောကြောင့်
"ဟေးး...တိတ်တော့ ဆက်ငိုနေရင် မင်းအရမ်းသောက်ထားတာကော ငိုတဲ့အရှိန်နဲ့ပါ နေမကောင်းဖြစ်မယ်"
သူမငိုနေသောကြောင့် ပလက်ဖောင်းပေါ်ကလူအချို့က စူးစမ်းသလိုအကြည့်မျိုးဖြင့် ကြည့်ကြကာ ဖြတ်လျှောက်သွားကျသည်။ Ethan လည်းအနည်းငယ်ရှက်လာသလိုခံစားရသောကြောင့် သူမအားဘားနံဘေးရှိ မှောင်ရိပ်ကျနေသော လမ်းကြားထဲသို့ဆွဲခေါ်လာမိသည်။ထိုအရာကအမှားကြီးဖြစ်သွားလိမ့်မယ်လို့ သူလည်းမတွေးမိခဲ့ပါ။
လမ်းကြားထဲသို့ရောက်သော် သူမမှာဆွဲခေါ်ခံလာရသောကြောင့်ခလုတ်တိုက်မိကာ မလဲကျခင် Ethan မှ သူမခန္ဓာကိုယ်အားအနီးသို့ဆွဲယူလိုက်မှုကြောင့် Ethan ရင်ခွင်ထဲသို့ရောက်သွားသည်။ Ethan မှာ ဖင်ထိုင်မလဲခင် သူ၏ခန္ဓာကိုယ်အားနံရံတွင်မှီလိုက်လေသည်။တကယ်ကို ဝရုန်းသုန်းကားအခြေနေပင်။ Ethan မှာနံရံတွင်ကျောမှီလျက် ရင်ခွင်ထဲသို့ရောက်လာသောသူမအားငုံ့ကြည့်မိသည်။သူ့ရင်ဘတ်တွင်မျက်နှာအပ်လျက်ဆက်ငိုနေသောသူမအား ငုံ့ကြည့်ရင်း ဝရုန်းသုန်းကားအခြေနေတွင်အငိုမပျက်ဆက်ငိုနေနိုင်ပီး သူ့အကျီမှာပါနှပ်ပေအောင်ငိုနေသောသူမအား စေနာက်ချင်လာသည်။
"ဟေးးး မင်းအငိုမတိတ်သေးရင်..ငါနမ်းမှာနော်...ငါ့အကျီမှာပါပေကုန်ပီ"
"တပည့်တော်မလား"
Ethan ရီချင်စိတ်ကိုထိန်းထားရသည်။
"အေး...တပည့်တော်မ...တိတ်တော့"
သူမ မျက်ရည်အပြည့်မျက်လုံးများဖြင့် သူ့အားရင်ခွင်ထဲမှမော့ကြည့်လေသည်။ လမ်းကြားတစ်ခုလုံးကလည်းတိတ်ဆိတ်လွန်းလှသည်။ လမ်းမကြီးတွင်ဖြတ်သန်းသွားလာနေသောယာဉ်အချို့မှလွဲ၍ဆိတ်ငြိမ်လွန်းလှသည်။ ဒါမှမဟုတ် သူစိတ်ထင်နေ၍လားမပြောတတ်တော့ပါ။ သူ့နှလုံးခုန်နှုန်း ကြိမ်နှုန်းတက်နေတာလား သွေးတိုးနေတာလား သူ့နားထဲမှာ တဒိတ်ဒိတ်တိုးေနေသာကြိမ်နှုန်းအသံတွေကိုသာထင်ထင်ရှားရှားကြားနေရသည်။ ထို့နောက် သူမနှာခေါင်းမှထွက်သက်ဝင်သက် အသက်ရှူနေတဲ့ လေပူပူတွေက သူ့ရင်ဘတ်ကိုထိနေလေသည်။ သူမမျက်နှာဝိုင်းဝိုင်းလေးမှ နှုတ်ခမ်းဖူးဖူးသေးသေးလေးကိုသတိထားမိသည်။ ငိုထားသောကြောင့် သူမနှုတ်ခမ်းတို့တုန်ရီနေသည်။ စသတိထားမိကတည်းက တခုခုကဆွဲငင်သလိုခံစားခဲ့ရသည်။အခုလည်း တစ်ခုခုကိုလုပ်ဖို့အခြေနေအချို့ကတွန်းအားပေးနေသလိုပင်။
"ဟေးး...တိတ်တော့ မဟုတ်ရင် ဒီနှုတ်ခမ်းတွေကို...နမ်းရလိမ့်မယ်"
သူမရဲ့ အောက်နှုတ်ခမ်းကို လက်မဖြင့်ပွတ်မိသည်။ သူမသည်လည်း အပြင်စား shot တွေကြောင့်သတိမကပ်နေတာလား။ ဆွံအနေတာလား မသဲကွဲပါ။ သူမမျက်လုံးထောင့်များမှမျက်ရည်ကြောင်းများမှာစီးဆင်းနေတုန်းပင်။
"မင်း....တော်တော်အငိုသန်တာပဲ"
လည်ပင်းနောက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပီး သူ့ကိုယ်သူမတားနိုင်ခင်မှာပင် နမ်းလိုက်မိသည်။နူးညံ့သိမ်မွေ့မှုနဲ့အတူ သူစိတ်ထဲကတစ်စုံတစ်ခုကလွတ်သွားသလိုခံစားလိုက်ရပီး ဆာလောင်မွတ်သိပ်မှုဖြင့် သူမနှုတ်ခမ်းတို့အားပိုင်စိုးပိုင်နက် စုပ်ယူနမ်းရှိုက်မိသည်။ကျန်လက်တစ်ဖက်မှာမူ သူမ၏ခါးကိုတင်းကြပ်စွာဆုပ်ကိုင်မိရင်း ခန္ဓာကိုယ်ချင်းဖိကပ်ထားေစသည်။ပတ်ဝန်းကျင်ဆူညံသံများကပျောက်ကွယ်သွားပုံရပီး သူတို့နှစ်ဦး၏အသက်ရှူသံခပ်ပြင်းပြင်းနှင့် ကြိမ်နှုန်းဆက်တိုက်တိုးနေသော နှလုံးခုန်သံတွေကိုသာကြားနေရလေသည်။ သူမအသက်ရှူရခက်လာပုံရသောကြောင့် နှုတ်ခမ်းချင်းပြန်ခွာလိုက်သည်။ သူကိုယ်တိုင်ပင်မောဟိုက်နေမိသည်။ သူမအားဆုပ်ကိုင်ထားမိသောလက်မှာ အနည်းငယ်ပြေလျော့သွားပီး သူမကိုယ်တိုင်လည်းခြေမခိုင်တော့သကဲ့သို့ ခွေကျလေသည်။ ထိတ်လန့်နေသလိုရှိကာ ရှုပ်ထွေးနေပုံလည်းရသည်။ ထိုအခါမှEthan လည်းအသိစိတ်ပြန်ကပ်လာကာ
"အမ်....ကိုယ်...တောင်းပန်...ပါတယ်...ရရဲ့လား"
သူမအားဆွဲထူကာ သူ့ရဲ့အသိစိတ်ခနလွတ်သွားမိတဲ့အတွက်လည်းအကြီးအကျယ်နောင်တရမိသည်။
ဘယ်လိူတောင်လုပ်လိုက်မိတာလဲ။"ငါဘာလုပ်မိလိုက်တာလဲ" စိတ်ထဲတွင်ထိုစကားတစ်ခွန်းတည်းပဲ့တင်ထပ်နေမိသည်။
"ဟေး...အဆင်ပြေရဲ့လား"
"အိပ်.....ချင်တယိ"
"အိုကေ.....ကိုယ်ပြန်လိုက်ပို့ပေးမယ်"
ခနအကြာတွင် ဘားထဲ ကသုတ်ကရိုက်ဝင်လာသော Ethan အားသူငယ်ချင်းများတွေ့လိုက်လေသည်။
"Ethan...ကြာထဲကွာ"
"ကားသော့နဲ့ လက်ကိုင်အိတ်ပြန်လာယူတာ...နောက်မှပြန်ပေးမယ် ရှင်းထားပေး... ငါ့ကုတ်အကျီရော"
ယခုကဲ့သို့ ကပျာကယာဖြစ်နေသော Ethan အား သူတို့မတွေ့ဖူးသည်မှာကြာပီဖြစ်သည်။ ပုံမှန်အားဖြင့် Ethan မှာ Smart ကျပီး တည်ငြိမ်သောလူတစ်ယောက်ဖြစ်ကာ Ethan ၏မတည်ငြိမ်နေတဲ့အခြေနေကိုမြင်ရသောကြောင့် သူတို့အားလုံးနားမလည်သလိုဖြစ်နေကျသည်။ ထို့အပြင် Ethan မှာတည်ငြိမ်နေဖို့အတင်းကြိုးစားနေသော်လည်း မျက်နှာနီးမြန်းနေသည်။ Ethan နဲ့ရင်းနှီးနေတာကြာပီဖြစ်သည်. Adam နှင့် Sophia က Ethan အနောက်သို့ထွက်လိုက်လာသည်။
"ဟေ့ကောင် Ethan ဘာဖြစ်တာလဲ"
"ဘာမှ.....မဖြစ်...ပူး"
ဘားနံဘေးရှိ လမ်းကြားထဲ သူတို့ဝင်လာသောအခါ အိပ်ပျော်နေသော ထိုကောင်မလေးအားတွေ့ရလေသည်။
သစ်သားသေတ္တာအလွတ်တစ်ခုပေါ်တင်ထိုင်ကာနံရံမှီ၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုတွေ့ရသည်။
"ဘာတွေဘယ်လိုဖြစ်ကုန်တာလ"
Sophia က သူမအားနှိုးရင်ကြိုးစားသောအခါ Ethan က ဝင်တားလေသည်။
"မနှိုးနဲ့ Sophia ..ငါလိုက်ပို့ပေးလိုက်မယ်.."
"Ethan...မင်းဘာဖြစိနေတာလဲ..ဒီလောက်ထိပျာယာခတ်နေတဲ့မင်းကိုငါမတွေ့ရတော့တာကြာပီ"
"Ethan နင်တို့ကြား ဘာဖြစ်တာလဲ.."
Ethan မှာပြန်မဖြေပဲ သူမအားပွေ့ချီလိုက်သည်။
"ငါ့ကို သူ့လွယ်အိတ်ယူလာပေးလိူ့ရမလား"
Sophia မှာ သူမအားသေချာကြည့်မိသောအခါ တစ်ခုခုကိုသဘောပေါက်လိုက်သည်။ သူမနှုတ်ခမ်းမှာသွေးစအနည်းငယ်စွန်းနေသည်။
သူမထိတ်လန့်စွာဖြင့် "Ethan....နင်ကောင်မလေးကိုဘာအမြတ်ထုတ်ထားတာလဲ"
Ethan တစ်ကိုယ်လုံးအကြောတွေတောင့်တင်းသွားသလိုခံစားလိုက်ရသည်။
"ဟျော့င် မင်းး....."
"မဟုတ်....ပါ....ပူး.....ငါ သူ့ကို...နမ်းမိခဲ့ရုံပါ...."
Ethan မတည်မငြိမ်ဖြစ်နေပုံနှင့် တုန်ရီစွာပြန်ဖြေပုံကိုကြည့်ရင်း သူတို့နှစ်ယောက်သနားစိတ်ဝင်မိသည်။ အပြစ်လုပ်မိသဖြင့် လူကြီးရှေ့အပြစ်ဝန်ခံနေရသော ခလေးကြီးနဲ့တူနေသည်။
"ငါ....မထင်မှတ်ပဲ.....နမ်းမိသွားးတာ..."
Adam နှင့် Sophia နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းချရင်း
"မင်းကတော့လေ....နောက်နှစ်ဆို ၂၉နှစ် ပြည့်တော့မှာကို....အခုကျ ချာတိတ်လေးကျနေတာပဲ ပျာယာတွေခတ်လို့"
"Ethan.... Ethan..."
Sophia ကပြောရင်း ခေါင်းခါလေသည်။
"ငါ သူ့ကိုပြန်ပို့အုံးမယ်...."
"ငါတို့လိုက်ပေးရအုံးမလား"
"ရတယ်..ငါပီးရင်အိမ်တခါတည်းပြန်လိုက်မယ်...အခြားသူတွေကိုကြည့်ကြပ်ပြောလိုက်နော်"
"အိုကေ...အိုကေ...ဘာပဲဖြစ်ဖြစ် အလုပ်အသစ်အတွက် Congratulations ပါကွာ"
Ethan ခေါင်းတစ်ချက်ငြိမ့်ပြရင်း သူမအားပွေ့ချီကာ သူ့၏ကားဆီသို့ခေါ်လာလေသည်။
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...