ဒီနေ့ မနက်ခင်းဂျူတီရှိသောကြောင့် Ethan တစ်ယောက်ကျောင်းသို့အစောကြီးရောက်လာသည်။ စာသင်နေသည်မှာ နှစ်လနီးပါးရှိနေပီဖြစ်သောကြောင့် ထိုကျောင်းတွင်နေသားကျနေပီဟု ဆိုရပေမည်။ သို့သော် မနက်ခင်းဂျူတီကျသည်မှာမူ ပထမဆုံးဖြစ်သည်။ ထွေထွေထူးထူးတော့မဟုတ်။ ကျောင်းဂိတ်တွင် PE ဆရာနဲ့တကွ အခြားဆရာတစ်ယောက်နဲ့အတူ ကျောင်းသား/သူ များကျောင်းအဝင်ကိုစောင့်ကြပ်ရခြင်းသာဖြစ်သည်။
ကုန်သည်ကြီးများအသင်းကဖွင့်ထားသော Private University ဖြစ်သော်လည်း အချို့ကိစ္စများတွင် High School နဲ့အနည်းငယ်တူသည်။public university များကဲ့သို့ စာသင်နှစ်လေးနှစ်ရှိပီး all subject မှာ ၆ ဘာသာရှိကာ ပထမနှစ် နဲ့ ဒုတိယနှစ်များက all subjects သင်ရပီး တတိယနှစ်မှစကာ subject သုံးသာသာနဲ့တကွ Carrerအတွက် စိတ်ကြိုက်အထူးပြုတစ်ဘာသာရွေးချယ်ခွင့်ပေးကာ တတိယနှစ်နှင့် final နှစ်များတွင် four subjects သာသင်ရသည်။ ကျောင်းသား/သူဦးရေမှာအကန့်အသတ်ဖြင့်သာလက်ခံသည်။ စနစ်ကျပီး နာမည်ကြီးဖြစ်ကာ ထိုUniversity မှဘွဲ့ရသောကျောင်းသား/သူသည် အနာဂတ်တွေအလုပ်ခွင်ဝင်ရန်လွယ်ကူသည့်ထောက်ခံမှုမျိုးရှိသည်။ ကျောင်းတက်ခေါင်းလောင်းရှိပီး ခေါင်းလောင်းထိုးလျှင် ဂိတ်တံခါးအားပိတ်သည်။ ကျောင်းနောက်ကျသော ကျောင်းသားများအတွက်အပြစ်ဒဏ်ရှိလေသည်။အရမ်းကြီးလေးသည့်အပြစ်ဒဏ်မျိုးမဟုတ်သော်လည်း ခန္ဓာကိုယ်အားစိုက်ထုတ်ရသောကြောင့် ကျောင်းသား/သူများမကြိုက်ကျ။
Ethan မှာ ကျောင်းသို့အစောကြီးရောက်နှင့်နေသည်။ Car parking တွင်ကားကိုရပ်ကာ သားရေလက်ဆွဲအိတ်ကိုယူရင်း ကားထဲမှထွက်ကာ ကားတံခါးကိုပိတ်လိုက်သည်။ ထိုအချိန်တွင် အနောက်မှနှုတ်ဆက်သံကိုကြားလိုက်ရကာ နှုတ်ဆက်သူမှာ Prof. Thompson ဖြစ်သည်။" Morning ပါ ဆရာ Ethan"
" Morning..Prof"
"ဆရာ အစောကြီးရောက်တာပဲ...ဆရာ့apartment က ဒီကနေဆိုဝေးတယ်မလား"
"ဟုတ်တယ်ဗျ...နည်းနည်းစောစောထွက်လာလိုက်တာ"
"ကောင်းဝာာပေါ့...မနေ့ညက မိုးတွေရွာထားတော့ ရာသီဥတုကစိုထိုင်းထိုင်းနဲ့အေးစက်စက်ကြီး...ကျနော်ဆိုအိပ်ယာကတောင်မထချင်"
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...