"ဆရာ Ethan West ရောက်နေပီလားဗျ"
"ဟုတ်ကဲ့"
"ကျွန်တော်က Daniel Foster ပါ။ Psychology ဘာသာရပ်ကိုကိုင်နေပါတယ်..တွေ့ရတာဝမ်းသာပါတယ်ဗျ"
"ကျွန်တော်လည်းအတူတူပါပဲ.."
"ဆရာ့ အကြောင်းကို Director ဆီကကြားထားတယ်....ဆရာဘာသာအတွက် အရည်အချင်းမှတ်တမ်းေတွကိုတောင်းထားတယ်လို့ပြောတယ်..ဒီမှာပါ...ဆရာ"
Mr Daniel သည် လက်ထဲမှဖိုင်တွဲများအားကမ်းပေးလျက်
"အရင်ဆရာက အရေးပေါ်ရွေ့ပြောင်းသွားရလို့ စာရွက်စာတမ်းတွေကိုကျွန်တော့်ဆီအပ်ထားခဲ့တာ..လိုအပ်တာရှိရင်ပြောပါ ဆရာ"
စာဖိုင်များကိုကြည့်ရန် မျက်မှန်တပ်ရင်း Mr Daniel အားတစ်ချက်ကြည့်လိုက်မိသည်။ Mr Daniel သည် မိမိထက်စာသင်နှစ်များသည့်စီနီယာ Professor တစ်ဦးဖြစ်သည်။ အသက် ၄၀ ကျော် ၅၀ နီးပါးရှိမည်ဖြစ်ကာ မျက်နှာချိုသူတစ်ဦးဖြစ်သည်။ စကားပြောရာတွင်လည်းပြေပြစ်သည်။
Ethan စာဖိုင်များလှန်ဖတ်နေသည်ကို စောင့်ရင်း စာသင်ရန် Lesson plan များရေးနေသည်။ တစ်စုံတစ်ခုလိုအပ်ပါက အဆင်သင့်ရှင်းပြနိုင်ရန်ဖြစ်သည်။ Ethan ကအရည်အချင်းစစ်စာဖိုင်များကိုလှန်ကြည့်ရင်း ကျောင်းသား/သူများ၏ အခြေနေကိုအကဲခတ်နေသည်။ အနောက်တိုင်းဘာသာတွင်အတော်ညံ့သော ကျောင်းသူတစ်ဦးအားတွေ့လိုက်ရကာ ထိုကျောင်းသူအမည်မှာ Mia Carter ဖြစ်သည်။
"Mia Carter က ကျွန်တော့်ဘာသာညံ့တာပဲ ကျန်တဲ့ဘာသာတွေကျ..အိုကေရဲ့သားနဲ့ ....ဆရာ့ ဘာသာမှာလည်းအမှတ်ကောင်းသား"
"Mia...က ဟုတ်တယ်...အနောက်တိုင်းစာပေမှာညံ့တယ်ဆရာ...သူတို့အဖွဲ့ထဲသူအမှတ်အနည်းပဲ"
"သူတို့အဖွဲ့..."
"ဟုတ်တယ်...Mia ကနေစပီး နောက်ထပ်လေးယောက်က ဆက်တိုက်ပဲ.... Oliver Blake ကတော့ ဆရာ့ဘာသာမှာထူးချွန်တယ် အမှတ်များတဲ့သူထဲပါတယ်..သူ့နောက်ကတော့ Lucas Bennett ပီးမှ Emma Hayes နှင့် Jake Rivers.....Mia ကတော့ မရှုံးရုံတမယ်ပဲ"
Mr Daniel ပြောနေသည်ကို Ethan နားထောင်ရင်း"Oliver Blake က ယောက်ကျားလေးလား"
"မိန်းခလေး ဆရာ....ကျွန်တော်လည်းသူ့နာမည်ကြောင့် အစကယောက်ကျားလေးထင်တာ.." Mr Daniel ကရယ်လျက်ဆက်ေပြာသည်။
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...