Chapter (6).𖥔 ݁ ˖✧˖°₊ ⊹

563 19 4
                                    

Ethan တစ်ယောက် ခြေကုန်လက်ပန်းကျလျက် မိမိ Apartment သို့သွားရန် ဓာတ်လှေကားထဲဝင်လာသည်။ ခြေလှမ်းများက ခဲဆွဲထားသလိုလေးလံလျက် ‌ရောက်သည့်နေရာတွင် လှဲအိပ်ချပစ်ချင်စိတ်များတဖွားဖွားပေါ်နေသည်။ ဓာတ်လှေကားထဲတွင်လူသူတစ်ယောက်မှမရှိသလို apartment သို့သွားသည့်လမ်းတစ်လျှောက်တွင်လည်း လူသူမရှိကင်းမဲ့ကာ တိတ်ဆိတ်လွန်းလှသည်။ Code နံပတ်နှိပ်ပီးနောက် အခန်းတံခါးပွင့်သွားရာ လေးပင့်နေသော ခြေလှမ်းများဖြင့်ပင် အတွင်းသို့ဝင်လာသည်။

"ပင်ပန်းလိုက်တာ..."

အခန်းမှာ မှောင်မဲလျက်တိတ်ဆိတ်နေသည်။ စာအုပ်ပုံ စာရွက်ပုံများလည်းနေရာအနှံ့ဖြစ်ကာ အခန်းတစ်ခုလုံးရှုပ်ပွနေသည်။

အခန်းဝတွင်ပင် ပက်လက်လှန်လဲချလိုက်ကာ မျကိနှာကျက်အားကြည့်နေရင်း ဒီကမ္ဘာကြီးထဲတွင် တစ်ယောက်တည်းအသက်ရှင်နေသလိုခံစားရသည်။

စားပွဲပေါ်သိူ့ကြည့်လိုက်သောအခါ စာစစ်စရာများန‌ှင့်တကွ စက္ကူပုံးတပုံကိုတွေ့ရကာ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်မိသည်။ ဖိနပ်ချွတ်ပီး‌ေနာက် မျက်မှန်ကိုချွတ်ရင်း အတင်းကုန်းရုန်းထကာ မီးဖွင့်လိုက်သည်။ အခန်းမှာမီးရောင်ကြောင့် မှောင်မဲနေရာမှလင်းရှင်းသွားကာ ကျန်သည့်မီးခလုတ်များကိုပါ ဖွင့်လိုက်သည်။ 

Apartment ဖွဲ့စည်းပုံမှာရိုးရိုးရှင်းရှင်းပင်။ တံခါးပေါက်ကဝင်ဝင်ချင်း ဆိုဖာခုံ တစ်စုံပါ၍ နံရံကပ်TV တစ်လုံးပါသည်။ ထိုနေရာသည် Ethan ၏စာကြည့်သည့်‌ေနရာဖြစ်ကာ အိပ်ခန်းထဲသို့မသွားဘဲ ထို‌ေနရာတွင်ပင် စာကြည့် စာစစ်ရင်း ညပေါင်းများစွာ အိပ်‌ေလ့ရှိသည်။ ထမင်းစားနေရာ မုန့်စားရာနေရာလည်းဖြစ်စည်။ အိပ်ခန်းတစ်ခန်းပါ‌ေသာ်လည်း အဝတ်လဲရုံသာ သုံး‌ေလ့ရှိကာ အိပ်ခန်းထဲသိပ်မအိပ်ဖြစ်‌ေပ။ ချက်စား‌ေလ့မရှိဘဲ အသင့်စား စားစရာများသာ Microwave ဖြင့် နွေးပီးစားလေ့ရှိသောကြောင့် မီးဖိုး‌‌ေချာင်မှာ လုံးဝသစ်လွင်‌ေနသည်။ ပရိဘောဂများလည်း ထွေထွေထူးထူးမရှိပဲ စာအုပ်ပုံ စာအုပ်အပြည့် စာအုပ်စင်သာရှိသည်။
မြင်ကွင်း‌ေကာင်း‌ေသာ ခပ်ကျယ်ကျယ်ဝရံတာတစ်ခုပါ၍ ထိုဝရံတာတွင် လေညင်းခံ စာအုပ်ဖတ်ရင်း ဘီယာသောက်လိုက်  ဆေးလိပ်သောက်လိုက် လုပ်ရသည်မှာ အကောင်းဆ‌ံုးဘဝနေထိုင်မှုတစ်ခုဖြစ်သည်။ လက်ဆွဲအိတ်ကိုဆိုဖာပေါ်ပစ်ချရင်း ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးပစ်လိုက်သည်။ လန်းဆန်းသွား‌ေအာင် ရေတဝချိုးပီးနောက် အပေါ်ပိုင်းဗလာဖြင့် အောက်ဘက်တွေသဘက်တထည်ပတ်ကာ ရေချိုးခန်းထဲမှထွက်ခဲ့သည်။ အိပ်ခန်းထဲသိူ့ဝင်ကာ အိပ်ခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ရှေ့တ‌ွင် ခေတ္တမျှရပ်ကြည့်မိသည်။ အနည်းငယ်ပိန်သွား၍ မုတ်ဆိတ်များလည်းအနည်းငယ်ထူလာက ရုပ်ကညင်းသိုးသိုးဖြစ်‌လျက် လူအိုကြီးကဲ့သို့ဖြစ်နေ‌ေသာ မိမိကိုယ်ကို တွေ့ရသည်။ ခပ်ပွပွခေါင်းစွပ်လက်ရှည်တီရှပ် နှင့် သက်တောင့်သက်ရှိ‌ေသာဘောင်းဘီအရှည်ကိုလဲပီး‌ေနက် အိပ်ခန်းထဲမှပြန်ထွက်ခဲ့ကာ မီးဖိုချောင်တွင် ညစာစားရန်တစ်ခုခုပြင်ဆင်သည်။ ပြင်ဆင်ပီးနောက် ပန်းကန်ကိုယူလျက် ပြန်ထွက်လာကာ ဆိုဖာခုံရှိ စားပွဲ‌ပေါ်တင်လိုက်သည်။ TV channel တစ်ခုအား Random ဖွင့်ထား၍ မိမိပတ်ဝန်းကျင်က တိတ်ဆိတ်မှုကိုဖြိုခွင်းထားသည်။ ထို့နောက် ယနေ့နောက်ဆုံးအဖြစ်ရလာသော စာအိတ်အကုန်လုံးအား စားပွဲပေါ်ရှိ စက္ကူဗူးထဲသို့ထည့်ချလိုက်သည်။  စာစစ်စရာ Assignment များလည်းရှိနေသေးသောကြောင့် ညစာစားရင်း စာစစ်နေသည်။

Fragments of UsWhere stories live. Discover now