Mr West၏ Love Letter စိန်ခေါ်မှုက တောမီးကဲ့သို့ ကျောင်းသား/သူများကြားလျင်မြန်စွာပျံ့နှံ့သွားလေသည်။ University Gp ထဲတွင်လည်း ထို Challenge အကြောင်းများဖြင့်သာပြည့်နေကာ စိတ်ဝင်စားသည့်သူတော်များနေသည်။ Mr West က ကျောင်းသား/သူများကြားေပါ်ပြူလာဖြစ်သည့်အေလျာက်က် Challenge Join သူများလည်းအများအပြားရှိကာ အထူးသဖြင့်နှစ်ကြီးအတန်းများက များလေသည်။ ပထမနှစ်နဲ့ ဒုတိယနှစ်များကမူ အနောက်တိုင်းဘာသာစကားမကျွမ်းတကျွမ်းအေခြေနဖြစ်ေနတာက တစ်ကြောင်း Mr West Challenge စတင်ခဲ့ရခြင်းကလည်း ဒုတိယနှစ်အတန်းမှစခဲ့သည်ကတကြောင်း စသည် စသည် အကြောင်းပြချက်များစွာကြောင့် join မည့်သူနည်းလေသည်။
Challenge စပီးနောက်တစ်ရက် အားလပ်ချိန်တွင် Oliver တို့ဆီသို့ တတိယနှစ်မှ မိန်းခလေး Ecဖြစ်သော Lyla တစ်ေယာက် ပေါက်ချလာသည်။ Mia, Jake နှင့် Lucas က တီဗီစီးရီးတစ်ခုအကြောင်း အကြိတ်အနယ်ဆွေးနွေးနေပီး Oliver နှင့် Emma ကမူ Fashion Magazine တစ်အုပ်ကိုအတူတူဖတ်နေသည်။
"Yo.... Night Legends တွေ"
(သူတို့ငါးယောက်၏ Chat Gp name ဖြစ်သည်")"ဟေးး..အမ Lyla ဘာကိစ္စတုန်း...ထူးထူးဆန်းဆန်း"
"နင်တို့ Challenge Join ကြလား...သိချင်လို့လာစပ်စုတာ"
Lyla က အနီးရှိခုံတစ်လုံးကိုဆွဲယူကာ သူတို့ငါးယောက်ကြား အလယ်ခပ်ကျကျနေရာတွင်ထိုင်လိုက်သည်။
Jake က Mia လက်ထဲရှိမုန့်ထုပ်ထဲမှ အာလူးကြော်တစ်ချပ်ကိုနှိုက်စားရင်း
"မသိသေးပူး အမ...ကျွန်တော်တို့လည်း အဲဒါတိုင်ပင်တုန်း...."
"နှစ်ကြီးတွေမှာ Join တဲ့သူများတယ်ဆို...."
"အေးး ဟုတ်တယ်...ဒီနေ့တောင်မှ Mr West စာအချို့သိမ်းသွားတာတွေ့လိုက်တယ်..."
"အင်းးး Mr West က တကယ်အတည်ေပါက်ကြီး..."
"နည်းနည်းလေးတောင်ပျော်ဖို့မကောင်း..."
ထိုစကားအား အကုန်လက်ခံသဘောတူကြသည်။
"အမရော ....join မှာလား..."
" May Be...."
"အမယ်.... အမ Lyla က Mr West ရဲ့fan ထဲကပဲပေါ့"
"အဲလိုတော့လည်း မဟုတ်ပါပူး.. Mr West ပုံစံကိုသဘောကျတယ်..အဲလောက်ပါပဲ...အခု joinတာကလည်း ဒီအတိုင်းစာရေးကြည့်ချင်ရုံ.."
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...