"Olli ...သမီးရေ အန်တီကို ပေါင်မုန့်တွေယူခဲ့ပေးပါအုံး"
"ဟုတ်ကဲ့ အန်တီ...."
ပိတ်ရက်ဖြစ်သောကြောင့် Oliver အလုပ်လုပ်နေသော"The Flour Garden" Bakery လေးမှာ ဧည့်သည်များစည်းကားလျက်ရှိပီး Oliver တစ်ယောက်ပျာယာခတ်ကာ လက်မလည်ဖြစ်နေရလေသည်။ "The Floor Garden" Bakery မှာ အငြိမ်းစားယူထားသော စားဖိုမှူးဇနီးမောင်နံနှစ်ဦး၏ ဆိုင်လေးဖြစ်ကာ ပူနွေးနွေးလတ်ဆတ်ေသာပေါင်မုန့်များ နူးညံ့ပီးအရသာရှိသောကိတ်မုန့်များဖြင့် စီတန်းထားသော သစ်သားစင်များရှိကာ ချစ်စရာကောင်းပီးဇိမ်ရှိသောမုန့်ဖုတ်ဆိုင်ဖြစ်သည်။ အတွင်းခန်းသည်လည်း နွေးထွေးပီးဆွဲဆောင်မှုရှိေသာအပြင်အဆင်များဖြင့် အလင်းရောင်နုနုလေးများဖြာကျကာ ဖုတ်ထားသော မုန့်များ၏အနံ့များ မွှေးကြိုင်လှသောကော်ဖီရနံ့သင်းသင်းများသည်လည်းလေထုထဲပျံလွင့်နေသည်။ ထိုဆိုင်လေးသည် လက်လုပ်မုန့်များနင့်လတ်ဆတ်သော ဒေသထွက်ကုန်ကြမ်းများဖြင့်ပြုလုပ်ထားသည့် ရာသီအလိုက်မုန့်များကြောင့်လူသိများသည်။
Oliver ထိုဆိုင်လေးတွင်အလုပ်လုပ်နေသည်မှာ ၈လခန့်ရှိပီဖြစ်သည်။ နွေကျောင်းပိတ်ရက်များတွင်လည်း အိမ်မပြန်တော့ပဲ full time လုပ်ကာ ဝင်ငွေရှာခဲ့သည်။ Bakery အနောက်တွင် ပိုင်ရှင်ဇနီးမောင်နှံနေသော လုံးချင်းအိမ်လေးတစ်လုံးရှိကာ ထိုအိမ်၏ခေါင်းမိုးအထပ်တွင် Oliver အားအခေကြးေငွမယူပဲနေစေေသာေကြာင့် နွေရာသီအတွင်းနေထိုင်စရိတ်သက်သာခဲ့သည်။ အခန်းမှာသေချာပြင်ဆင်ထားပုံရကာ ရေချိုးခန်းအိမ်သာလည်းပါသောကြောင့် Oliver အတွက်အတော်အဆင်ပြေကာ သက်တောင့်သက်သာရှိခဲ့သည်။ နွေရာသီပီး၍ စာသင်နှစ်အသစ်စချိန်တွင် အခြားနေရာသို့မပြောင်းစေတော့ပဲ ထိုအခန်းထဲမှာပင် နေထိုင်ခွင့်ပြုခဲ့သည်။ ပိုင်ရှင်ဇနီးမောင်နှံမှာ သားသမီးမရှိပေ။ Oliver အား ကိုယ့်ခလေးအရင်းသဖွယ် ဂရုစိုက်ချစ်ခင်ကာ Oliver အတွက်မွေးစားမိဘများသဖွယ်ဖြစ်လေသည်။ ယောက်ကျားဖြစ်သူ Mr Brooks မှာ စကားအရမ်းနည်းကာ အေးဆေးနေတတ်သူဖြစ်သော်လည်း ဇနီးဖြစ်သူ Mrs Brooks မှာတက်ကြွကာ စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးစလုံးမှာ Oliver အပေါ်နွေးထွေးကြင်နာကြကာ သူတို့၏လက်ရာများမှာ Oliver ၏ဝမ်းဗိုက်ကိုနွေးစေသည်။
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...