သောကြာနေ့မနက်ခင်းတစ်ခု။ ထိုပုဂ္ဂလိကတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသား/သူအချို့သာရှိနေကာ နေလုံးကြီးမှာလည်းအရှေ့အရပ်မှထွက်ရုံမျှသာရှိသေးသည်။ Oliver နှင့် သူမ၏သူငယ်ချင်းများဖြစ်သည့် Lucas, Mia, Jake နှင့် Emma တို့ ငါးယောက်သား ကျောင်းသားများနားနေဆောင်၏ တိတ်ဆိတ်သော ထောင့်တစ်နေရာတွင်စုထိုင်ကာ မနက်စာစားနေကြသည်။ အားလုံး စောရောက်သည့် နေ့မျိုးတွင် မနက်စာအတူစားကြကာ စကားစမြည်ပြောကြသည်မှာ သူတို့အတွက်ပုံမှန်ပင်ဖြစ်သည်။
Oliver က The Flour Garden Bakery မှ ဖုတ်ထားသော လတ်လတ်ဆတ်ဆတ်ပေါ်မုန့်များ သရေစာများကိုအမြဲယူလာတတ်ကာ Emma ကမူ ကော်ဖီများ လက်ဖက်ရည်များသေချာပြင်ဆင်လာတတ်သည်။ မုန့်များစုံလင်လှသောကြောင့် မီနီကဖေး ကဲ့သို့ပင်ဖြစ်နေသည်။
Mr Westတစ်ယောက် စာအုပ်များကိုလက်နှစ်ဖက်အပြည့်သယ်လာကာ စာသင်ခန်းဆီသို့လျှောက်လာသည်။ ကျောင်းသားနားနေခန်းကိုဖြတ်ရသောအခါ ထောင့်တစ်နေရာ၌ မီနီကဖေးလို ကော်ဖီဆိုင်လို မုန့်စုံလင်စွာဖြင့် ကော်ဖီသောက်ရင်း စကားစမြည်ပြောနေသည့် သူတို့အုပ်စုအားတွေ့လိုက်ရသည်။ တစ်ချက်မျှသာ ကြည့်ပီး ကျော်သွားမည်အပြုတွင် ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော Jake နှင့် Lucas က အနောက်မှ နေ၍
"Good morning ဆရာ.." ဟု အသံကျယ်ဖြင့်ပြိုင်တူနှုတ်ဆက်လိုက်ရာ Mr Westတစ်ေယာက် လန့်သွားပီး သူတို့နှစ်ယောက်အား ဘုကြည့်ကြည့်လိုက်သည်။ Mr West ၏ အကြည့်မှာ 'မအေဘေးးလေးတွေ' ဟု သူတို့နှစ်ယောက်အားဆဲလိုက်သလိုပင်။ကျန်ခဲ့သည့်မိန်းခလေးသုံးယောက်ကလည်း ခေါင်းများပြူတစ်ပြူတစ်လုပ်ကာ အခြေနေကိုရှိုးနေကြသည်။ Jake နှင့် Lucas က စပ်ဖြဲဖြဲမျက်နှာထားဖြင့် Mr West လက်ထဲမှ စာအုပ်များကို လက်လွှဲယူလိုက်သည်။
"ဆရာ ကျွန်တော်တို့ကိုတွေ့ရဲ့သားနဲ့....ကျော်သွားတယ်မလား"
Jake က မကြောက်မလန့် စကားနာထိုးသလိုပြောလေသည်။
Mr West က အခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်ကာ
"......ထောင့်မှာကဖေးဖွင့်ထားတာ ငါလည်းမသိရပါလား..." ဟု ပြန်ဖြေလိုက်သည်။
YOU ARE READING
Fragments of Us
Romanceမထင်မှတ်ပဲ အမူးလွန်နေတဲ့ကောင်မလေးတစ်ယောက်ကို မတော်တဆနမ်းမိခဲ့ရာမှ ထိုကောင်မလေးက တစ်နှစ်ပတ်လုံး မိမိတာဝန်ယူ စာသင်ရမယ့်အတန်းက ကျောင်းသူဖြစ်ေနသောအခါ.... အေးတိအေးစက်ခပ်မိုက်မိုက် ဆရာ နှင့် သူ့ကိုလေးစားအားကျတဲ့ ကျောင်းသူကြား မတော်တဆအနမ်းကြောင့် သတိထာ...