နှိုင်းအတွေးထဲ သက္ကရာဇ် ဝင်လာပြန်ပြီ သူ့အကြည့် သူ့အပြုံး အဲ့တာက ဘာအဓိပ္ပါယ်လဲ သူက ငါ့ကို ဘာကိစ္စ ဖက်တာလဲ သူမ တစ်ကယ်ကို ခေါင်းစားရပါတယ် သူမ အတွေးကို နှောင့်ယှက်လိုက်တာက သူမ ဆိုင်ရှေ့က ဆူညံသံတွေပါ
"ရှင်တို့ ဒီကိစ္စကို ဘယ်လိုရှင်းပေးမလဲ"
အေးအေးဆေးဆေးနဲ့စကားပြောနေတဲ့အမျိုးသမီး သူမ ဝန်ထမ်းကောင်မလေးတစ်ယောက်ကတော့
"တောင်းပန်ပါတယ် ညမ တို့ အမှားပါ"
"ငါက တောင်းပန်တာကို မလိုချင်ဘူး ဘယ်လိုတာဝန်ယူမှာကိုပဲ လိုချင်တာ"
ဘေးက စျေးဝယ်သူတွေပါစုလာတယ် နှိုင်း အထင် ပြဿနာက ပိုကြီးလာတာပဲ နှိုင်း ကိုယ်တိုင် ဝင်မပါလို့ မဖြစ်တော့ဘူး
"အမ တို့ ဘာပြဿနာတက်လို့လဲမသိဘူး"
နှိုင်း ထိုသို့ ရိုကျိူးစွာပြောရင်း ဖောက်သည်ကိုကြည့်လိုက်တော့
"နှင်းသက်လွှာ"
နှင်းသက်လွှာကတော့ အံ့ဩပုံမပေါ် နှိုင်း သူမ ဘေးကိုကြည့်လိုက်တော့ သူမ ရင်းနှီးနေတဲ့လူတစ်ယောက်
"သက္ကရာဇ်"
သူတို့နှစ်ယောက်က ဘာတွေလဲ ဟိုတစ်ယောက်ပြောတော့ စိတ်မဝင်စားဘူးဆို သူမ တကယ်ကို ကြောင်သွားတယ် သူမ အခုကိစ္စက အရေးကြီးတာမို့ သူမ ခေါင်းကိုခါပြီး အတွေးရှင်းလိုက်တယ်
"အခု ဘာပြဿနာ တက်လို့လဲ မသိဘူးရှင့်"
နှင်းသက်လွှာကတော့ အေးဆေးပဲ ပြန်ဖြေလိုက်တယ်
"နင့်ဝန်ထမ်းကို မေးကြည့်"
သူမ ဝန်ထမ်းကောင်မလေးကိုကြည့်တော့မျက်နှာငယ်လေးနဲ့ သူမ ဝန်ထမ်းကောင်မလေးကိုခပ်တိုးတိုးမေးလိုက်တယ်
"ဘာဖြစ်တာလဲ"
"ဟို.အမ က ညမ တို့ဆိုင်ကနေ နိုင်ငံခြား brandရင်ထိုး တစ်ခုဝယ်သွားတယ် ဒါပေမဲ့ အဲ့ရင်ထိုးက အတုဖြစ်နေတယ်"
"ဘာပြောတယ်"
"ဟုပါတယ် အမ"
"ဘယ်သူရောင်းလိုက်တာလဲ"
"ဂျာကြီးပါ မမ"
နှိုင်း သိလိုက်ပါပြီ မန်နေဂျာ မလှိမ့်တပတ်လုပ်သွားတယ်ဆိုတာ
"သူအခု ဘယ်မှာလဲ"
"ဟို ဆိုင်ခွဲတွေဆီသွားပါတယ်"
ထိုအချိန် နှင်းသက်လွှာက ဖြတ်ပြောလိုက်တယ်
"နင့် ပြဿနာ နောက်မှ ရှင်းပါ အခုဘယ်လိုလုပ်ပေးမှာလဲ"
သူမ သက်ပြင်းတစ်ချက် ချလိုက်တယ် လူတွေကလဲ အုံလာပြီ ကြာလာရင် ဆိုင်ပုံရိပ် ထိခိုက်တော့မယ်
"ကျမ တို့ဘက်ကမှားသွားတဲ့အတွက် အနူးအညွှတ်တောင်းပန်ပါတယ်"
သူမ ရိုကျိုးစွာ ပြောလိုက်တယ်
"အခုလို ကျမ တို့ဘက်က လိုအပ်သွားတဲ့အတွက် ဖောက်သည် ကျေနပ်အောင်brand တစ်ခုကို လက်ဆောင် အနေနဲ့ပေးပါ့မယ် အခုဖောက်သည်ဝယ်သွားတဲ့ ပစ္စည်းကိုလည်း အဲ့ထက် ကောင်းတဲ့ပစ္စည်းနဲ့ လဲပေးပါ့မယ်"
သူမ အများကြီး ရင်းလိုက်ရတယ် ဆိုပေမဲ့ သူမ တို့ ဆိုင် ပုံရိပ်မကျဖို့ ပိုအရေးကြီးပါတယ်
"ကောင်းပြီလေ"
"အဲ့ဆို ဖောက်သည် ဒီဘက်ကိုကြွပါ"
နှင်းသက်လွှာလဲ ဆိုင်ထဲကို ဝင်သွားလိုက်တယ်
ဝိုင်းလာတဲ့လူစုကလည်း နည်းသွားတယ် တစ်ချို့က သူမ ဆိုင်ထဲဝင်ပြီး စပ်စုကြတယ်
နှိုင်း နည်းနည်းသွက်တဲ့ ဝန်ထမ်းကောင်မလေးကိုခေါ်ပြီး
"သေချာပြပေးလိုက်နော် အဆင်ပြေရင် ဘောနပ်စ်"
သူမ စကားလဲ ပြီးကော အဓိပ္ပါယ်ပါတဲ့အကြည့်နဲ့ပြုံးပြလိုက်တယ် ထိုကောင်မလေးကလဲ အားရဝမ်းသာစွာနဲ့
"yes boss"
"သွားတော့"
ထိုကောင်မလေး နှင်းသက်လွှာ နောက်ကို လိုက်သွားတယ် သူမ မန်နေဂျာကို မကျေနပ်သေးပါ သူမ. အလုပ်ကောင်တာကိုသွားမယ် အလုပ် သူမ လက်တစ်ဖက်ကို တစ်ယောက်ယောက်က လာဆွဲလိုက်တယ်
"သက္ကရာဇ်"
"ခင်ဗျား ဆိုင်လား"
"ဟုတယ်"
"ကျနော် မသိခဲ့ဘူးပဲ"
"အော် အဲ့ဆို ငါအလုပ်ရှုပ်နေသေးလို့ နောက်မှဧည့်ခံမယ်နော်"
သူမ သက္ကရာဇ်လက်ကို ဖြုတ်ချလိုက်တယ် သူမ မြန်မြန်ပင်ထွက်သွားတယ် သက္ကရာဇ်တစ်ချက်ပြုံးပြီး
"ဒါနဲ့ဆို နှစ်ခါရှိပြီ"
သက္ကရာဇ် ဆိုင်ထဲ ကိုလိုက်ဝင်လာတယ် နှင်းသက်လွှာ သက္ကရာဇ် ကို ပစ္စည်းရွေးရင်း အကဲခတ်နေတယ် ဘယ်အချိန် သူမ ဆီလိုက်လာမလဲပေါ့ သူမမှာ သိက္ခာ အကျခံပြီး သူ့ကို မရမက ခေါ်လာခဲ့တာပါ အခုတော့ ထိုကောင်လေးက သူမနားမလာပဲ နှိုင်းနဲ့ စကားပြောနေတယ် နည်းနည်းတော့ ခံရခက်တာပေါ့ ကိုယ့်လောက် ဆွဲဆောင်မှုမရှိ တဲ့သူဆီမှာရှုံးရတယ်လို့ တကယ်တော့ သူမ နှိုင်း ဆိုင်မို့ တမင်သပ်သပ် ခေါ်လာတာပါ နှိုင်းလင်္ကါ ကို သိစေချင်တယ် သူမ ကိုသက္ကရာဇ် စိတ်ဝင်စားတယ်ဆိုတာ
သူမ ဘဝမှာ ပထမဆုံးအကြိမ် လူတစ်ယောက်ကို လိုက်ပြိုင်ဖူးတာပါ စောနက နှိုင်း က သက္ကရာဇ် လက်ကိုဖြုတ်ချလိုက်တယ် ဒါက ငါနဲ့နှိုင်းကြားမှာရှိတဲ့ကွာခြားချက်ပဲ
နှိုင်း ဆိုင်ခွဲကို ဖုန်းခေါ်လိုက်တယ်
ဟိုဘက်က အသံချိုချိုလေး ထွက်လာတယ်
"ဟယ်လို"
"မန်နေဂျာ ရှိလား"
"ရှိပါတယ် မမ"
"ပြန်လာခိုင်းလိုက်"
"မမ ဒါပေမဲ့"
"ငါပြောနေတယ်"
သူမ အသံမာလိုက်တယ်
"ဟုကဲ့ မမ"
သူမ ဖုန်းကိုချလိုက်တယ် သူမ တစ်ဖက်ကို လှည့်လိုက်တော့
"အမယ်လေး"
သူမ ရုတ်တရက် ဆိုတော့ လန့်သွားတယ်
"ကျုပ်ရုပ်က သရဲနဲ့တူလို့လား"
"နင့်ကိုယ်နင်သိပေါ့"
သူမ စာရင်းစာအုပ်ယူပြီး အဝတ်အစား တန်းဘက်ကို ထွက်လာလိုက်တယ် သူမ အဝတ်အစား တွေကို သေချာ စစ်နေတယ် သူမ ရတဲ့အမြတ်နဲ့ ကုန့်စ္စည်းက မကိုက်ဖြစ်နေတယ် ဒီကြားထဲ ပြဿနာတွေတက်နေလို့ ဆိုင်ကို မကြည့်မိတာ မဟုရင် အရင်းပြုတ်တော့မလိုပင် သူမ မျက်မှောင်ကြုတ်လိုက််တယ်
"ဘာလို့လဲ"
သူမ ကိုယ့်အတွေးနဲ့ကိုယ်မို့ သက္ကရာဇ် လိုက်လာတာသတိမထားမိ
"နင် ဘာကိစ္စ ငါ့နောက်လိုက်လာတာလဲ"
"ဒီတိုင်း အဝတ်အစား လာကြည့်တာပါ"
သူမ မျက်လုံးအရောင်လက်သွားတယ်
"ဟုသားပဲ နင်က ဘောစိပဲ ဘောဒီကလဲ မိုက်တယ်"
သူမ ချိတ်ထားတဲ့ အဝတ်တန်းက အဝတ်တွေကို နည်းနည်းကြည့်ပြီး သူမ အနီရောင်ကုတ်အင်္ကျီ တစ်ထည်ယူလိုက်တယ်
"ရော့"
"ဘာလဲ"
"နင်ပဲ အဝတ်အစား လာကြည့်တာဆို"
"အင်းလေ"
"ဒါလေး ဝတ်ကြည့်"
"မကြိုက်ဘူး ရဲတောက်နေတာပဲ"
"ဟာ နင်ကလဲ နင်နဲ့လိုက်တယ်"
"မကြိုက်ဘူး"
"သက္ကရာဇ် ဝတ်ကြည့်စမ်းပါ တကယ်လိုက်တယ်"
"မဝတ်ချင်ဘူး"
"ကျစ်.."
နှိုင်း တကယ်ကို ဒီအင်္ကျီကြိုက်တာပါ တော်ရုံတန်ရုံလူနဲ့ မလိုက်တဲ့အင်္ကျီမို့ အခုမော်ဒယ် ရှိတုန်း ဝတ်ခိုင်းတာပါ သူမ က အဝတ်အစားနဲ့ပက်သက်ရင် တကယ်ကိုအရူးအမူးဖြစ်တာပါ လူတစ်ယောက်ကိုကြည့်ရင် အဝတ်အစား ကို အရင် စ ကြည့်တတ်ပြီး သူနဲ့ လိုက်မယ့်အဝတ်အစားကို စဥ်းစားနေမိပါတယ်
"သက္ကရာဇ် ရယ် ခနပဲ ဝတ်ကြည့်စမ်းပါ ငါပိုက်ဆံမယူပါဘူး"
"ဒီမှာ ဒေါ် နှိုင်းလင်္ကာ ကျုပ်က စျေးကြီးလို့ မဝတ်တာမဟုဘူး"
"ငါသိပါတယ် နင်က ကပ်စေးမနှဲဘူးဆိုတာလည်း သိတယ် ဒါပေမဲ့ ဒါလေး ဝတ်ကြည့်စမ်းပါ"
"မဝတ်ဘူး"
သက္ကရာဇ် အဲ့လိုပြောပြီး ထွက်သွားတယ်
"ဟာ သက္ကရာဇ်"
သူမ အဲ့အင်္ကျီ ကိုင်ပြီး သူ့နောက်လိုက်သွားတယ်
နှင်းသက်လွှာ ကတော့ အခြေအနေကို စောင့်ကြည့်နေတယ် ကိုယ့်နားကို လာစေချင်ပေမဲ့ ကိုယ့်ဘက်ကခေါ်ရမှာဆို မလိုလားပါ သူတို့ကို ကြည့်ရတာ အရင်က တည်းက ဆက်ဆံရေးကောင်းပုံပဲ သူမ ထင်တာ မွေးနေ့ပွဲမှာသူတို့စတွေ့တယ်ထင်နေတာ သူမလဲ သူမကြိုက်တာလေးတွေ ရွေးနေလိုက်တယ်
အခုလဲ သက္ကရာဇ်က ရှေ့ကမကြားချင်ယောင်ဆောင်သွားနေတာကို ဘေးကနေ အတင်းပြောနေတဲ့နှိုင်းလင်္ကါ
"သက္ကရာဇ်ရေ"
"ခင်ဗျား နားငြီးတယ်"
"ဝတ်ပေးပါဟာ ဒါက ဘယ်သူဝတ်တာမှ မမြင်ဖူးလို့ပါ"
"တခြားတစ်ယောက်ဝတ်ခိုင်းပါ့လား"
"မလိုက်လို့ပေါ့ နင်နဲ့တကယ်လိုက်မှာဟ"
ဒီမိန်းမ ဒီလိုကျတော့လဲ ကြည့်တတ်သားပဲ သက္ကရာဇ် လက်ခံချင်ပေမဲ့ ဒီတိုင်းလက်ခံရတယ်ဆိုရင် တစ်မျိုးပဲ အဲ့တာကြောင့် သူညစ်ကျယ်ကျယ်ပြုံးလိုက်တယ် သူ လမ်းလျှောက်တာ ရပ်လိုက်တယ် နှိုင်း ကိုကြည့်တော့ မျှော်လင့်ချက် မျက်ဝန်းလေးတွေနဲ့ သက္ကရာဇ် က အရပ်နည်းနည်းပိုရှည်တာမို့ ကိုယ်ကို ကိုင်းပြီး သူမ မျက်နှာနဲ့နီးကပ်ပြီး
"အပေးအယူရှိတယ်"
"ဘာလဲ"
သက္ကရာဇ် သူမ နား နားလေးကို ကပ်သွားပြီး
"အဲ့တာဝတ်စေချင်ရင် 'မောင်' လို့ခေါ်ရမယ်"
"ဘာပြောတယ်!"
ဒီဟာလေးတော့ အလျော့ပေးတာကို ရောင့်တက်လာတယ်
သက္ကရာဇ် ကတော့ မျက်ခုံးပင့်ပြတယ်
"အဲ့ဆို ခေါ်မှာလား"
"နင်...နင်."
"မခေါ်ဘူးလား"
"ခေါ်မယ်"
"ခေါ်"
".....မောင်...."(with 2x speed)
သက္ကရာဇ် ဘာမှ မကြားလိုက်ပါ သူမ အသံထွက်လိုက်တာ သေချာပါတယ် တော်တော်မြန်နေတယ်
"ဝတ်လေ"
"မဝတ်ဘူး"
သူမ သူ့ကို လူလည်ကျနေတာ သက္ကရာဇ် သိတာပေါ့
"အဲ့အသံ မဟုဘူး"
"ဟ နင် ခေါ်ဆိုလို့ခေါ်တာလေ"
"မောင် ဆိုပြီး ပီပီသသ ခေါ်ခိုင်းတာ ဖြည်းဖြည်းခေါ်"
"နင် နှစ်ခါတောင်"
"တော်ပြီ မဝတ်တော့ဘူး"
သူ သွားမယ်လုပ်တော့ သူမ သက္ကရာဇ် လက်မောင်းကို လှမ်းဆွဲလိုက်တယ်
"နေ..နေ.. ငါခေါ်မယ်"
သူမ ကိုခေါ်ဆိုတဲ့အမူအရာနဲ့ မျက်လုံး တစ်ဖက်ပင့်ပြတယ်
သူမ မျက်နှာကတော့ မအီမသာနဲ့ (😒)
"မောင်"
"ခင်ဗျား မျက်နှာက ဘာဖြစ်နေတာလဲ"
"အခုဝတ်ပြတော့"
သက္ကရာဇ် ကြားချင်တာ အဲ့လို မဟုပါ အခုတော့
"ကောင်းပြီ"
ထိုအချိန် ဝန်ထမ်းကောင်မလေးရောက်လာပြီး
"မမ ဂျာကြီး ရောက်လာပြီ"
ကြည်နေတဲ့ သူမ မျက်နှာက မိုးမှောင်ကျသွားတယ် မကြာခင် မုန်တိုင်း ထ တော့မယ် ပုံပဲ
"ခနနေအုံး ငါလာမှလဲ"
သူမ ဆိုင်ရှေ့ကို ထွက်လာတယ် သက္ကရာဇ် နောက်ကလိုက်လာတယ် မန်နေဂျာက အမကြီးက သူမနားလာပြီး
"မမ ဘာအလိုရှိလို့လဲ"
"ငါရှည်ရှည်ဝေးဝေး မပြောချင်ဘူး နင် ထွက်စာတင်မလား ငါထုတ်ပေးရမလား"
"ရှင်"
"ကျမ ဘာလုပ်မိ..."
သူမ သူ့ကို စကားဆုံးအောင်ပြောခွင့်မပေးပဲ စာရင်းစာအုပ်ကို ဆွဲယူပြီး စားပွဲပေါ် အသံမြည်အောင်ပစ်ချလိုက်တယ်
"အဲ့တာကိုရှင်း နင်ဘတ်ထားတဲ့ ပစ္စည်းတန်ဖိုး တွက်လိုက်"
ရုတ်တရက် မန်နေဂျာအမကြီးက ဒူးထောက်လိုက်ပြီး
"ဟို..အဲ့တာ ကျမ ကျမ ငွေလိုလို့ပါ"
"ဘာလဲ နင် ဖဲရိုက်ဖို့လား"
"အဲ့လို မဟုပါဘူးကျမ.."
"ငါဘာမှမကြားချင်ဘူး ငါအကြွေး သိန်း၁၀၀ ကိုနင်လျော်မလား နင်ထောင်ထမင်းစားချင်လား"
မန်နေဂျာအမကြီး ပျာယာသွားတယ်
"ကျမ တောင်းပန်ပါတယ် နောက်တစ်ခါ မလုပ်တော့ပါဘူး"
"ကောင်းပြီ နင် အလုပ်ထွက်တော့"
"ရှင် ကျမ အလုပ်မထွက်ပါရစေနဲ့"
"ငါနင့်ကို တရားမစွဲတာပဲ ကံကောင်းတယ်"
"ကျမမှာ ခလေးနှစ်ယောက်ရှိပါတယ်သူတို့ကိုပြုစုစောင့်ရှောက်ရမှာပါ ကျေးဇူးပြုပြီး ကျမကို အလုပ်မထုတ်ပါနဲ့"
"အဲ့တာ ငါ့ခလေးမဟုဘူး"
"ရှင်.."
"ငါပြောတာရှင်းတယ်နော် နင့်မျက်နှာ ငါမမြင်ချင်ဘူး ထွက်သွား"
"အဲ့လို မလုပ်ပါနဲ့"
"ထွက်သွားလို့ ငါပြောနေတယ်"
သူမ လုံခြုံရေးတွေကို မျက်စပစ်ပြလိုက်တယ် ချက်ချင်း လုံခြုံရေးတွေ မန်နေဂျာ အမကြီးကို ဆွဲခေါ်ထုတ်သွားတယ်
သူမ သက္ကရာဇ် ဘက်ကိုကြည့်လိုက်တယ်
"ပွဲကောင်းလား"
"မဆိုးပါဘူး"
"နင်လုပ်စရာရှိတာ ဆက်လုပ်"
"ခင်ဗျားက လာခိုင်းနေတာလား"
"ဟ နင်ခိုင်းတဲ့အတိုင်းငါခေါ်ပြီးပြီ အခု နင်တာဝန်ကျေရမယ်လေ"
"ခင်ဗျား"
"နင်ယောက်ျားမဟုဘူးလား ပေးထားတဲ့ကတိတည်ရမယ်လေ"
"ကျူပ်ယောက်ျား ဟုတ်မဟုတ်သိချင်ရင် သက်သေပြရမလာ"
ကိုယ်က စ လိုက်တာကို သူက လူကြားထဲမှာ ဒီစကားပြောတယ် ဘေးက ဝန်ထမ်းမလေးတွေ နည်းနည်းကြောင်နေတယ် သူက ဟိုတစ်ယောက်နဲ့လာတာကို ငါတို့ဘော့စ်နားပဲ ကပ်နေတယ် ဟိုတစ်ယောက်ကလည်း ခေါင်းတစ်စောင်းစောင်းနဲ့ကြည့်နေတာ မကြာခင် လည်ပင်း ရှည်တော့ ကြည့်ရတာ play boy ထင်တယ်
"ကဲ သွားလဲချည်း"
သက္ကရာဇ် အဝတ်လဲ ခန်းထဲ ဝင်သွားတယ် နှိုင်း ဆိုဖာပေါ်မှာ အရန်သင့်စောင့်နေတယ် ထိုအချိန် နှင်းသက်လွှာ ရောက်လာပြီး
"သူပြီးတော့မှာလား"
"အင်းနင်ပြီးပြီလား"
"ပြီးပြီ"
"အော် ခနတော့ စောင့်ပေးပါ့လား"
"ရပါတယ်"
သူမ တို့ အပြန်အလှန် ပြုံးပြလိုက်တယ် ခနကြာတော့ သက္ကရာဇ် ထွက်လာတယ် နှိုင်း မျက်လုံးတွေတောက်ပလာတယ် နှင်းသက်လွှာ သက္ကရာဇ် ကိုကြည့်တော့ ဝတ်စုံက သူနဲ့တစ်ကယ်လိုက်တာပဲ သူမမှာ ဖက်ရှင် အမြင်ရှိတာပဲဆိုပြီး ချီးကျူးမိလိုက်တယ်
သက္ကရာဇ် ကိုယ့်ကိုယ်ကို ကျေနပ်တယ် ဝတ်စုံက သူနဲ့မဆိုးဘူးပဲ ဒီမိန်းမ ပြောတာမှန်တာပဲ
"သက္ကရာဇ် အဲ့တိုင်းနေ"
သူမ အလျင်အမြန် နားနေခန်းထဲ ပြေးသွားလိုက်တယ် သူမ သွားလေရာ ယူနေကြ ကင်မရာကိုယူလာတယ်
"ဘာလုပ်မို့လဲ"
"ဓာတ်ပုံရိုက်မို့လေ"
"မရိုက်ဘူး"
"တစ်ပုံထဲပါဟာ နော်"
သူမ တောင်းဆိုတဲ့ပုံစံနဲ့ပြောလိုက်တယ်
"မြန်မြန်လုပ်"
သူမ တစ်ပုံတည်းသာပြောတာ အများရီး ရိုက်လိုက်ပါတယ်
"ကျေးဇူးပါ"
"မလိုပါဘူး"
ထိုအချိန် နှင်းသက်လွှာ က ဖြတ်ပြောလိုက်တယ်
"အဲ့ဆို ပြန်ရအောင်"
"သက္ကရာဇ် အဲ့အင်္ကျီ နင်ယူလိုက်တော့"
"ဘာလို့လဲ"
"ငါ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်တာပေါ့ဟာ"
သက္ကရာဇ် ဘာမှမပြောတော့ပေ သူအင်္ကျီပြန်ချွတ်လိုက်တယ် သူ နဂိုအင်္ကျီကို ပြန်လဲလိုက်တယ် သူ အဝတ်ခန်းက ထွက်လာချင်း နှင်းသက်လွှာ ကိုပြောလိုက်တယ်
"ခင်ဗျား ပြန်နှင့်တော့"
"မင်းကကော"
"ကျနော် လုပ်စရာကျန်သေးလို့"
နှင်းသက်လွှာ နည်းနည်းအောင့်သက်သက်ဖြစ်သွားပေမဲ့ လှပတဲ့ အပြုံးတစ်ခုကို ဖန်ဆင်းပြီး
"ကောင်းပြီလေ အဲ့ဆို ငါ ပြန်တော့မယ်"
နှိုင်း နှုတ်ခမ်း မဲ့လိုက်တယ် ငါ့ကျတော့ ကျုပ်တဲ့ သူ့ဟာမကျ ကျနော်တဲ့ ဟွန်း စိတ်မဝင်စားလို့သာပဲ စိတ်များ ဝင်စားရင် ခေါင်းပေါ်တင်ထားမဲ့ပုံပဲ
နှင်းသက်လွှာ ထွက်သွားတယ်
"ခင်ဗျား မျက်နှာ ဘာဖြစ်နေတာလဲ"
"ဘာမှဖြစ်ပါဘူး"
"နင်ကဘာလို့ ကျန်နေတာလဲ မိန်းခလေးတစ်ယောက်တည်း ပြန်လွှတ်လိုက်တာ အားနာစရာကြီး"
"ဘာအားနာ စရာရှိလို့လဲ"
"နင်အဲ့လိုသာ ဆက်လုပ်ရင် ဟိုက ပြစ်သွားလိမ့်မယ်"
သူတစ်ချက်အသံထွက်ပြီး နှုတ်ခမ်းမဲ့သွားတယ်
"နင်လေ တကယ်အပြစ်ခံရမယ်နော်"
"သူအပြစ်ခံရတာ ဘာမှမဖြစ်ဘူး"
သူ သူမ မျက်နှာနားကပ်ပြီး ဆက်ပြောလိုက်တယ်
"ခင်ဗျားသာပြစ်မသွားနဲ့"
သူမ သွေးတွေ ဆောင့်တက်သွားတယ် သူ ခန္ဓာကိုယ်အတွင်း အပူအချိန်မမှန်တော့သလို ခံစားရတယ် သူမအတွေးတွေ ယောက်ယက်ခက်ကုန်တယ် ချက်ချင်း သူမ ပါးက ရဲတွတ်လာတယ်
သက္ကရာဇ် ပြုံးလိုက်တယ်
"ခင်ဗျားကရှက်တတ်သားပဲ"
"ဟ မိန်းခလေးပဲ ရှက်တာပေါ့"
"အခု ခင်ဗျားပါးနီနေတယ်"
"နင်က အဲ့လိုကြီးပြောတော့ ရှက်တာပေါ့ဟ"
"အဲ့ဆို ကျနော် ဖက်တုန်းကကော ဘယ်လိုခံစားရလဲ"
သူမ ရူးတော့မှာပဲ
"ထားပါ ကျနော်သွားတော့မယ် လုပ်စရာရှိတယ်"
သက္ကရာဇ် သူမပေးလိုက်တဲ့ အင်္ကျီထုပ်ကို ယူပြီး ထွက်သွားတယ် သက္ကရာဇ် ကျောပြင်ကိုကြည့်ရင်း သူက ဘယ်လိုလူမျိုးလဲဆိုတာကိုပဲ မေးခွန်းထုတ်နေမိတယ်
သူမ ဆိုင်ထဲကို ပြန်ဝင်လိုက်တယ် ထိုအချိန် သူမ တို့ကို စောင့်ကြည့်နေတဲ့သူရှိတာကိုတော့ သတိမထားမိလိုက်ပါ
သက္ကရာဇ် mall အပြင်ကိုရောက်တာနဲ့ သူဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်တယ်
"ငါ့နောက်ကနေ ခြေရာခံတဲ့ကောင်ကို ဖမ်းလိုက်"
သူ အဲ့လို ပြောပြီး ဖုန်းချကာ ထွက်သွားတော့တယ် တကယ်တော့ သူနေချင်ပါသေးတယ် ကိုယ်ဆက်နေရင် ကိုယ်ပဲ ဒုက္ခများမှာ သူမကတော့ ကိုယ်တွေချင်တဲ့အချိန်လာတွေ့လိုက်လို့ရတာပဲ
"ဒေါ်နှိုင်းလင်္ကါ ကျုပ်သတိပေးခဲ့သားပဲ ကျုပ်နဲ့ထပ်မတွေ့အောင်နေပါလို့"
သူ သူမ ပေးတဲ့အင်္ကျီထုပ်ကို ကြည့်ပြီး ကြောက်စရာကောင်းအောင်ပြုံးလိုက်တယ်
"ခင်ဗျားက ကျုပ်အပိုင်ပဲ"
.........................................................................
တတ်နိုင်သလောက်မြန်မြန်ရေးပေးလိုက်ပါတယ်နော်
နှိုင်းတို့အတွဲကို သဘောကျမယ်လို့ ထင်ပါတယ်နော်
အရေးအသားမကောင်းရင်တောင်းပန်ပါတယ်
စာလုံးပေါင်းလေးဖြည့်ဖတ်ပေးပါနော်
YOU ARE READING
Don't run away
Romanceဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚