သက္ကရာဇ် ထိုသို့ရုတ်တရက်ပြောလိုက်တော့ သူမ ကြောင်သွားသည် သူမရင်ခုန်သံတွေ မြန်လာပြီး လူက ကြက်သီးမွှေးညှင်းတွေပင်ထလာသည် သူမ သက္ကရာဇ် နဲ့ မျက်လုံးချင်းမဆုံနိုင်တော့
"ဟက်...မွ"
သက္ကရာဇ် တစ်ချက်ရယ်ပြီး သူမ နှုတ်ခမ်းကို မနက်ကလို ဖွဖွလေးနမ်းလိုက်သည် သူမ မျက်လုံးပြူးသွားပြီး
"နင်သူများဆိုင်ရှေ့မှာဘာလုပ်တာတုန်း"
"နမ်းလိုက်တာလေ"
"ဟ နင်အဲ့လိုတွေ့ရာနေရာလုပ်လို့ရမလား"
"ကျုပ်စိတ်ပါရင် တွေ့ရာနေရာလုပ်မှာပဲ"
"နင်နော်.."
"ဘယ်လိုလဲ ရင်ခုန်သွားတယ်မလား"
"ခုန်စရာလား!"
သူမ သူ့ကိုအော်ပြီး ဆိုင်ထဲကို မြန်မြန်ဝင်သွားလိုက်သည်
"ဟက်...ပျော်စရာကောင်းသားပဲ"
သူလဲ ဆိုင်ထဲကိုလိုက်ဝင်လိုက်သည်
နှိုင်း မြန်မာဝတ်စုံကို စမ်းဝတ်ကြည့်နေသည် သူမ လဲနေချိန် သက္ကရာဇ် ကတော့ ဝတ်ပြီးသွားပြီ သူမ ထွက်လာတာကိုစောင့်နေသည် မြန်မာဝတ်စုံက ဝတ်လေ့မရှိတော့ နည်းနည်းနေရခက်သည် အသက်ရှူကြပ်သလိုပင်ခံစားရသည် သူ ဆိုဖာပေါ်မှာ ဟန်ပါပါထိုင်နေလိုက်သည် သူထိုင်နေတုန်း သူ့ဘေးက ဝန်ထမ်းမလေးတွေ ပြောသံကြားရသည်
"ဟဲ့ သတို့သားက ငယ်မဲ့ပုံပဲ"
"အေးဟယ် ငယ်ကလဲငယ် ချောကလဲချော အဲ့အမ ဘယ်လိုတောင်ရှာလာလဲမသိဘူး"
"ငါ့အထင်တော့လေ မိန်းခလေးဘက်က စ လိုက်တာထင်တယ်"
"ဟုလောက်တယ်ဟ ဒါပေမဲ့လဲ ဟိုအမကလဲ လှတာကို"
သက္ကရာဇ် သူတို့ပြောတာကြားပြီးနှုတ်ခမ်းတစ်ဖက်တွန့်ပြုံးမိတယ် တကယ်ဆို သူမ ငြင်းတဲ့ကြားကပင် အတင်းယူခဲ့တာလေ ဒေါ်နှိုင်းလင်္ကါ ကျုပ် မိန်းမတစ်ယောက်ကို ဒီလောက်ထိ မလိုချင် မတပ်မက်ဖူးဘူး
ထိုအချိန် နှိုင်းလင်္ကါထွက်လာသည် အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ ကပ်ရပ်နေတဲ့ သူမ ခန္ဓာကိုယ်ကို မြင်နေရသည်
"လှလား"
"အင်း"
"ဒါပဲလား"
"ခင်ဗျားက နဂိုကတည်းက လှပြီးသားပဲလေ"
"ဟမ်..."
"ခင်ဗျားသာမလှရင် ကျုပ်က ခင်ဗျားကိုရအောင်ယူပါ့မလား"
"ဒီဟာလေးတော့"
သူမ သူ့ကိုကြည့်လိုက်တော့ ရီချင်မိသွားသည် ဝတ်ထားတော့ မြန်မာဝတ်စုံ နေပုံထိုင်ပုံက ခပ်မိုက်မိုက် ကားယားပြီးထိုင်နေတာ
"ခင်ဗျား ဘာရီတာလဲ"
"ဘာမှမဟုဘူး"
"ဘာလဲ ကျုပ်နဲ့မလိုက်လို့လား"
"လိုက်ပါတယ်"
"နင်နေရမကြပ်ဘူးလား"
"မေးနေစရာကိုမလိုဘူး"
သူမ ရီလိုက်မိသည် သက္ကရာဇ် သူမ ဆီ လျှောက်လာလိုက်သည်
"ဘာတုန်း"
သူမ ကိုရုတ်ရက် ဆွဲဖက်လိုက်သည် ဘေးက ဝန်ထမ်းမလေးတွေရှိတော့ သူမ သူ့အပြုအမူတွေကိုလန့်နေသည် 'သူမနမ်းလောက်ပါဘူး'
သူမ အထင်နဲ့အမြင်လွဲမှားခဲ့လေသည် သက္ကရာဇ် ခေါင်းငုံ့လာတော့ သူမ အမြန်ပင်ခေါင်းစောင်းကာ ရှောင်လိုက်သည်
"ဘာလုပ်တာ"
"လူရှိတယ်"
"ရှိတော့ဘာဖြစ်လဲ"
တကယ်ကို ဘာမှဂရုမစိုက်ပေ ဘေးနားမှာရှိနေတဲ့ဝန်ထမ်းနှစ်ယောက်လဲ အပြင်ကိုအလိုက်တသိ ထွက်ပေးလိုက်သည်
စောနက အပြင်မှာရှိနေတဲ့ဝန်ထမ်းမလေးတွေက ထိုဝန်ထမ်းနှစ်ယောက်ဆီသွားပြီ
"ဟဲ့ အတွဲကော"
"အထဲမှာ"
"အဲ့တာကို ဘာလို့ထွက်လာတာလဲ သူတို့တစ်ခုခုလိုရင်ဘယ်လိုလုပ်မလဲ"
"နင်တို့ကို နှင်ထုတ်လိုက်လို့လား"
"နှင်မထုတ်ပါဘူး မနေနိုင်လို့ထွက်လာတာ"
"ဘာလို့တုန်း"
"နမ်းမလို့ဟေ့"
"အော်"
"ဟုတယ် အဲ့တာကြောင့်ထွက်လာတာ ငါပြောရအုံးမယ်အဲ့အတွဲမှာလေ ကောင်လေးက တော်တော်ချစ်ပုံပဲ"
"ဟုလား"
"ဟုပါတယ်ဆို"
"အဲ့ဆို ငါတို့ထင်တာမှားနေတာပဲ"
"ဘာမှားတာ"
"ငါတို့က မိန်းခလေးက လိုက်တယ်ထင်နေတာ"
"ဘယ်ကသာ အခုကြည့်ရတာ မိန်းခလေးကအလိုက်ခံရပုံပဲ ယောက်ျားလေးက မလွယ်ဘူးဟ ဘာကိုမှ ဂရုမစိုက်တဲ့ပုံ"
"ဟဲ့စကားများတာတော်တော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြ"
သူမ တို့လဲ ကိုယ်စီအလုပ်ခွင်ထဲ ဝင်သွားကြသည်
သက္ကရာဇ် က ဝန်ထမ်းမလေးတွေထွက်သွားတော့
"သွားကြပြီ"
"ငါဘာလုပ်ရမှာ"
"ဆက်နမ်းမယ်လေ"
"သက္ကရာဇ် နင်သူများဆိုင်မှာမကောင်းပါဘူး"
"ခင်ဗျားပြောရင် ဘယ်နေရာမှ မကောင်းဘူး ကောင်းတဲ့နေရာကော ရှိလား"
သူမ ပြန်မဖြေပေ သက္ကရာဇ် လဲ နောက်တစ်ခါ ထပ်လှုပ်ရှားလိုက်သည် သူမ နှုတ်ခမ်း နား ကပ်ပြီး ထိရုံလေးနမ်းလာသည် တဖြည်းဖြည်း သူ့နှုတ်ခမ်းက သူမ နှုတ်ခမ်း ကို ဝါးမျိုလာသည် သက္ကရာဇ် သူမ နှုတ်ခမ်း အပေါ်လွှာပြီး အောက်လွှာ တလှည့်စီ စုပ်ယူနေသည်
နှိုင်း လက်နှစ်ဖက်က သက္ကရာဇ် ရင်ဘတ်က အင်္ကျီစ ကိုဆုပ်ကိုင်ထားလိုက်သည် သူမ နမ်းရင်း သူ့လျှာက သူမ ပါးစပ်ထဲရောက်လာသည် 'သူဘယ်လိုတောင်နမ်းနေတာလဲ' သူမတဖြည်းဖြည်းမောလာသည် လူက လေသိပ်မရသလို ခံစားနေရသည်
သက္ကရာဇ် စိတ်ကြိုက် နမ်းပြီးတဲ့နောက် သူမကို လွှတ်ပေးလိုက်သည် သူမ သက္ကရာဇ် လွှတ်လွှတ်ချင်း အသက်ကို ဝ အောင်ရှူပြီး
"နင်..နင် လူကို သေအောင်သတ်နေတာပဲ"
"နမ်းရုံလေးပါ"
"ငါနင့်နားကပ်ရမှာတောင်လန့်လာပြီ"
"ကျုပ်က ခင်ဗျားနား ပိုကပ်ချင်တယ် ဒီထက်ပိုနီးကပ်ချင်တယ်"
သက္ကရာဇ် အကြည့်က လန့်ချင်စရာကောင်းလာသည် သူမ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်သည်
"ဘာလုပ်တာ"
"ဘာမှမဟုဘူး"
"ကျုပ်နားပြန်ကပ် "
"မကပ်ပါဘူး"
"ဒေါ်နှိုင်းလင်္ကါ"
"ဘာလဲ"
"ကျုပ်စိတ်မရှည်ရင်ဘာလုပ်မိမလဲ မပြောနိုင်ဘူးနော်"
သူမ ဆောင့်အောင့်ပြီး သူ့နားကပ်လာတော့
သက္ကရာဇ် တစ်ချက်ပြုံးလိုက်သည်
သူမကတော့ သူ့ကိုမျက်စောင်းပင်ထိုးနေမိသည် အခုချိန် သူမလုပ်နိုင်တာ မျက်စောင်းထိုးတာအပြင်ဘာမှမရှိ
............................................................................
"ကို"
"ပြောလေ bae"
"bae မင်္ဂလာဆောင်ကျ ဘယ်ဟာဝတ်ရမလဲ"
ဒီရေ အလုပ်စားပွဲကနေထ လာပြီး စမ်းရေနားကပ်ကာ နောက်ကသိုင်းဖက်လိုက်သည်
"ကိုယ့် baby က ဘာနဲ့မဆိုလှတယ် ဘာမှဝတ်မထားရင်လဲလှတယ် ဒါပေမဲ့ အဲ့တာကိုတော့ ကို တစ်ယောက်ထဲပဲ ကြည့်မှာနော်"
သူမ ဒီရေလက်ကို ရိုက်လိုက်သည်
"ဘာတွေလျှောက်ပြောနေတာလဲ"
"ကို သဘောကျတာကို ပြောတာပါ"
"ဖယ်ပါ အဝတ်အစားရွေးမလို့"
"bae ကလဲ ကို အလုပ်က ပင်ပန်းလာတယ်လေ"
"အင်းလေ အေးဆေးနားလေ"
"bae က ကိုယ့်အားဆေးလေ လာပါ နားရအောင်"
"ကိုဒီရေလှိုင်း ရှင်ဟာလေ အမြဲအဲ့တာပဲတွေးနေတာ အခု မအားဘူး"
စမ်းရေ ဒီရေလှိုင်း ကိုတွန်းထုတ်ကာ အခန်းပြင်ထွက်လာခဲ့သည်
"bae!"
ဒီရေ စိတ်ညစ်သွားသည် ကိုယ် က အိမ်မှာနေတုန်း မိန်းမ နားကပ်ချင်တာကိုအခုကိုယ့်ကို မိန်းမက ပလစ် သွားတယ်
"ဟွန်းးးbae မင်း လုပ်ထားအုန်း ညကျရင် မင်း ကိုလက်က မလွတ်ပါဘူး"
............................................................................
ရဲဇေ ရန်ကုန်ကိုပြန်ရောက်လာသည် သူ့စိတ်ထဲမှာ ဟိုမိန်းခလေးအကြောင်းတွေးမိနေသည် မိုးနဲ့အဲ့လောက်ရုပ်ဆင်နေတော့ သူဘယ်လုပ်ရမလဲ သူ့မှာ မိုးရဲ့အရိပ်ကလေးကအစ မြတ်နိုးခဲ့ရသူပါ ချစ်ရသူပုံရိပ်ကို ထပ်မြင်လိုက်ရတော့ ဝမ်းသာတာလား ဝမ်းနည်းတာလား သူ ဝေခွဲမရ ထိုအချိန် ဖုန်းသံမြည်လာလို့ကောက်ကိုင်လိုက်တော့
"ရဲဇေ နင် *** ဆိုင်ကိုလာခဲ့"
"ဘာလုပ်ဖို့လဲ"
"နင် မင်္ဂလာဆောင်ကျ ဝတ်ဖို့ အဝတ်အစားရွေးရမယ်"
"ဟူးး"
"နင်လာရမယ်နော် ဟဲ့"
"အေးပါ"
ရဲဇေ ဖုန်းကိုချကာ အပြင်ထွက်ဖို့ပြင်လိုက်သည်
..........................................................................
အကုန်လုံး မင်္ဂလာဆောင်အတွက် ပြင်ဆင်နေကြသည် စမ်းရေနဲ့ ဒီရေက အခမ်းအနားပြင်ဖို့အတွက် စီစဥ်ကြရသည် ဂျူလီနဲ့ရဲဇေက အစားအသောက်အတွက် ပြင်ဆင်ရသည် သတို့သမီးနဲ့သတို့သားကတော့ ဖိတ်စာနဲ့ အဝတ်အစား အပြင်အဆင်အတွက်စီမံနေရသည် ဒီကြားထဲ dinner ပွဲရှိတော့ ထိုပွဲအတွက်ပါ ပြင်ဆင်ရသေးသည်
"စမ်းရေ မင်္ဂလာပွဲက မြန်လှချည်းလား"
"ဟုတယ် ငါ့မတ်လေ မွှေတာ"
"ငါတို့က ပိုပင်ပန်းနေသလိုပဲ"
"အေးပါဆို ရဲဇေ နင်တစ်ခုခုဖြစ်လို့လား"
"ဘာလို့လဲ"
"နင်ကြည့်ရင်း မှိုင်နေသလားလို့"
"ဒီလိုပါပဲ"
"နင်လူပျိုကြီးပဲလုပ်တော့မှာလား"
ရဲဇေ အားမပါတဲ့အပြုံးကိုပြုံးလိုကသည် သူ့အပြုံးကိုကြည့်ရင်း စမ်းရေ နားလည်လိုက်ပါသည်
" နှမြောစရာပဲ"
"ဘာကိုလဲ"
"အော် အချောလေးက လူပျိုကြီးလုပ်မယ်ဆိုလို့"
"အဲ့ဆို နင်ချိတ်ပေးလေ"
"ရဲဇေ နင်အပိုမပြောစမ်းပါနဲ့"
"ငါသူ့ကိုသတိရတယ် ဒီအချိန်မှာ သူအတက်ကြွဆုံးဖြစ်နေမှာ"
စမ်းရေ မိုးရဲ့ပုံရိပ်ကို မြင်ယောင်နေမိသည် လှတာမဟုပဲ ခလေးတစ်ယောက်လိုဖြူစင်တဲ့မိန်းခလေး စိတ်ထားဖြူစင်တဲ့ သူတို့သူငယ်ချင်းလေ ဂျူလီနဲ့ အတွဲညီလွန်းတဲ့ သူမ မိုး နင်မရှိတော့လေ အဖော်အမဲ့ဆုံးက ဂျူလီနဲ့ ရဲဇေပါဟာ စမ်းရေ မျက်ရည်စတွေ ဝဲလာမိသည်
"ရဲဇေ သူသာရှိရင် ဘယ်လောက်ကောင်းမလဲနော်"
"အွန်းး"
ရဲဇေ နဲ့စမ်းရေ အဝေးတစ်နေရာကို ကိုယ်တိုင်ငေးမိနေသည်
.............................................................................
စမ်းရေ နဲ့ဒီရေ အိမ်ထဲဝင်လာတော့
"မရဘူးနော် ဒေါ်နှိုင်းလင်္ကါ"
"ရတယ် ဘာလို့မရရမှာလဲ"
"ကျုပ်မှလက်မခံတာ"
"ငါလက်ခံတယ်လေ"
စမ်းရေနဲ့ ဒီရေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နှိုင်း တို့ရှိတဲ့နားကိုလာခဲ့ကြသည်
"နင်တို့ဘာဖြစ်နေတာလဲ"
"စမ်းရေ နင့်မတ်လေ"
"ငါ့မတ်ကဘာဖြစ်လို့"
"ငါပြောမယ်ဟာ သူ့အင်္ကျီမှာ ဒီရင်ထိုးကိုတပ်မယ်ပြောတာ လက်မခံဘူး"
"ခင်ဗျားဟာက လက်ခံချင်စရာမှ မကောင်းတာ ရင်ထိုးပုံစံက ပန်းပွင့်ကြီးလေ"
"ဟ ဘာဖြစ်လဲ လှတာပဲကို"
"ကျုပ်က အခြောက်မှ မဟုတာ"
"ပန်းရင်ထိုး တပ်တိုင်းအခြောက်လို့ဘယ်သူပြောလဲ"
"ကဲ တော်ပါတော့ တော်ပါတော့ နှိုင်း နင် သက္ကရာဇ် အကြောင်းမသိတာလဲ မဟုပဲနဲ့"
"စမ်းရေရယ် နင်လဲ ငါ့အကြောင်းသိရဲ့သားနဲ့"
စမ်းရေ သေချင်တယ် တကယ်ကိုပဲ ကြားသုံးကြားမဝင်ကောင်းဘူးဆိုတာ တကယ်မှန်တာပဲ အခုတော့ သူ့မှာ ပဲလှော်ကြားဆားညပ်ဖြစ်တော့မယ်
"နှိုင်း နင်သူ့ကိုရင်ထိုး ဝတ်စေချင်တာမလား"
"အင်း"
"သက္ကရာဇ် နင်က ပန်းပုံစံမို့မဝတ်ချင်တာမလား"
"အင်း"
"အဲ့ဆို တစ်ခြားပုံစံ လဲလိုက်လေ"
"မရဘူး ငါဒါပဲ ကြိုက်တယ်"
"ကျုပ်က အဲ့တာကြီးမဝတ်နိုင်ဘူး"
"ဟော ဘယ်လိုလုပ်မလဲ တော်ပြီ နင်တို့ကြား ငါဝင်မပါတော့ဘူး"
ဒီရေကတော့ ပြုံးပြီးကြည့်နေတယ် ဒီနှစ်ယောက် ရှေ့ဆက်ဘယ်လိုနှစ်ပါးသွားမလဲတော့မသိ
............................................................................
ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်ပင် နှိုင်း မင်္ဂလာဆောင်ရတော့မယ် သူမ ဝရံတာကနေထွက်ပြီး လ ကိုကြည့်နေမိတယ် လပြည့်ညထင်တယ် လ ကလုံးဝန်းပြီးကြည်လင်နေသည် သူမ တိုက်ခတ်လာတဲ့ လေညှင်းလေးကို မျက်လုံးမှိတ်ရင်း ခံစားလိုက်သည် ထိုအချိန် သူမ နောက်က ခြေသံကိုကြားလိုက်သည်
"ခင်ဗျား ဘာလုပ်နေတာ"
"လေညှင်းခံနေတာ"
"အထဲဝင်တော့"
"မဝင်ချင်ဘူး"
"ဟ..ကျုပ်ကိုယ်တိုင်လာခေါ်မှ ရမှာလား"
"သက္ကရာဇ် ငါ့ကို ခနလောက်လွှတ်ထားပေးလို့မရဘူးလား"
"ကျုပ်က ခင်ဗျား မနက်ဖြန် အအေးပက်နေမှာစိုးလို့"
"အမယ်...ဘာလဲ မိန်းမကို စိတ်ပူတာလား"
သက္ကရာဇ် သူမနားလျှောက်လာပြီး
"မနက်ဖြန် ခင်ဗျားက အပင်ပန်းဆုံးဖြစ်မှာလေ"
"ဟူးးးဘာလိုလိုနဲ့ လက်ထပ်ရတော့မှာပဲ"
"မကောင်းဘူးလား"
"မကောင်းပါဘူး တကယ်ဆို ငါနဲ့ စမ်းရေက အပျိုကြီးလုပ်မလို့ နင်တို့ ညီကိုတွေ ရောက်လာလို့ ဒီလိုဖြစ်သွားတာ"
သက္ကရာဇ် ဘာမှမပြော ပြုံးပဲ ပြုံးလိုက်သည်
"တကယ်ဆို စမ်းရေနဲ့ ဒီရေနဲ့သာမတွေ့ရင် နင်နဲ့ငါလဲတွေ့မှာမဟုဘူး အဲ့ဆို ငါတို့အပျိုကြီးဖြစ်နိုင်တယ် အဓိက က အဲ့နှစ်ယောက်ကြောင့်ပဲ"
"ဟုတာပဲ အခုချိန်ကျုပ်လည်း တစ်ခြားမိန်းမ နဲ့အိပ်နေလောက်ပြီ"
သူမကတော့ ဘယ်တော့မှ စကားအကောင်းမပြောတဲ့ဒီဟာလေးကို မျက်စောင်းသာထိုးမိတော့သညိ
"နင်သိလား စမ်းရေဘဝ နင့်အကိုဝင်မလာခင်အထိ နာမည်နဲ့လိုက်အောင်တည်ငြိမ်နေတာ"
"အဲ့ဆို အကိုရောက်လာတော့ ဘာဖြစ်သွားလဲ"
"မုန်တိုင်းထန်သွားတာပေါ့ ပြောရရင် စမ်းရေလို တည်ငြိမ်နေတဲ့သူမ ဘဝထဲကို ဒီရေဆိုတဲ့ လှိုင်းလုံးကြီးဝင်ရောက်လာတာပေါ့"
"ခင်ဗျား ကဗျာဆရာလုပ်စားပါ့လား"
"ဟ ငါက ပြောပြတာလေ"
"အဲ့ဆို ခင်ဗျားကကော"
"ငါကလား ငါ့ဘဝက အမှန်တမ်းပြောရရင် စမ်းရေလောက် မပျော်ခဲ့ရဘူး မတရားကျင့်ခံရနီးနီးဖြစ်ခဲ့တယ် သူငယ်ချင်း ကိုဆုံးရှူံးခဲ့ရတယ် ဖောက်ပြန်တဲ့အမေကို ရခဲ့တယ် ငါ့အပေါ် အနားလည်ဆုံးဖြစ်တဲ့အဖေသတ်သေတာကို မြင်ရက်နဲ့မတားနိုင်ခဲ့ဘူး ချစ်သူက အထင်သေးစွာအကြမ်းဖက်ဖို့ ကြိုးစားတာခံခဲ့ရတယ် ငါလေ တစ်ခါတစ်လေ အသက်ရှင်ချင်စိတ်ပျောက်ဆုံးမိတယ်"
သက္ကရာဇ် ငြိမ်သက်သွားတယ် မိန်းခလေးတစ်ယောက်အနေနဲ့ အရမ်းကို ရက်စက်လွန်းတဲ့ ကံကြမ္မာပဲ သူမ ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တယ် ဒါကြောင့်ပဲ သူမက သူ့သတို့သမီးဖြစ်ဖို့ ထိုက်တန်လာခဲ့သည်
"ကျုပ်ကကော ခင်ဗျားအတွက်ဘယ်လိုလူမျိုးလဲ"
"နင်ကကျတော့ မပြောတတ်ဘူး ငါ့ကိုအကြမ်းလဲဖက်ဖို့ကြိုးစားတာပဲ ခြိမ်းလဲ ခြိမ်းခြောက်တယ် အနိိုင်လဲကျင့်တယ်ပြီးတော့..."
"ဘယ်လိုလုပ်မလဲ ကျုပ်ကအဲ့တာတွေ အကျင့်ပါနေပြီ"
"ဒါပေမဲ့ အဲ့တာတွေလုပ်ခဲ့ပေမယ့် မုန်းလို့မရခဲ့ဘူး"
"ဘာလို့လဲ"
"အယ်. ဘယ်သိမလဲ"
သူမ ဘေးဘက်ကို မျက်နှာလွှဲလိုက်သည်
"ဒေါ်နှိုင်းလင်္ကါ"
"ဟမ်"
"ကျူပ် ခင်ဗျားနဲ့အမြဲတမ်း တွေ့ချင်တယ် ခင်ဗျားနဲ့ရန်ဖြစ်နေရတာကိုပျော်တယ် ခင်ဗျားနားကို ဘယ်ကောင်မှ ကပ်တာမကြိုက်ဘူး ခင်ဗျားကို ဝမ်းနည်းအောင်လုပ်တဲ့ဘယ်သူကို မဆို ကျုပ် သတ်ပစ်ချင်တယ် တစ်ခါတစ်လေ အလုပ်လုပ်ရင်း ခင်ဗျားအကြောင်းက ကျုပ်ခေါင်းထဲ ပေါ်လာတယ်"
"အင်းးး"
နှိုင်း သူပြောတာ နားထောင်ပြီး ရင်ခုန်သံမြန်လာခဲ့သည် ရုတ်တရက်ကြီး ထပြောလိုက်တော့ သူမ မှာ ဘာမှ မတုံ့ပြန်နိုင်
"အကုန်လုံးက သိချင်နေကြတယ် ကျုပ် ခင်ဗျားကိုချစ်လားတဲ့"
"အယ် နင်ဘယ်လိုထင်လဲ"
"မသိဘူးလို့"
"ကောင်းပါတယ်"
"ခင်ဗျားကို အဲ့တာမေးရင်ရော"
"နင့်လိုပဲ"
သက္ကရာဇ် မျက်မှောင်ကျုံ့သွားတယ်
"ကျုပ်ကို မချစ်ဘူးပေါ့"
"ဟမ်.."
သက္ကရာဇ် သူမ ဆီတိုးလာတယ် သူမ ကနောက်ကို ဆုတ်သွားတယ်
"နင်ဘာလုပ်မို့လဲ"
"ခင်ဗျားက ဘာလို့ မသိဘူး လို့ဖြေတာလဲ"
"ဟ.. နင်လဲ အဲ့လိုဖြေတာပဲလေ"
"ကျုပ်က ဘာချို့ယွင်းချက်ရှိနေလို့လဲ"
"အဲ့ဆို ငါ့မှာလဲ ဘာချို့ယွင်းချက်ရှိလို့လဲ"
သူမ တို့စကားပြောရင်း တစ်ယောက်က တစ်လှမ်းတိုးလိုက် တစ်ယောက်က တစ်လှမ်းဆုတ်လိုက်နဲ့ သူတို့ ဝရံတာကို တပတ်ပတ် နေကြသည်
"ခင်ဗျားရပ်လိုက်"
"ဘာလို့ရပ်ရမှာလဲ"
သူမ အိပ်ခန်းထဲ ဝင်ဖို့ ပြင်လိုက်တော့ သက္ကရာဇ် နောက်ကနေ ဆွဲဖက်လိုက်သည်
"နင်.."
"ကျုပ်လက်က ခင်ဗျား လွတ်မှာတဲ့လား"
"သက္ကရာဇ် ဖယ်တော့ သွားအိပ်တော့မယ်"
"ကျုပ်မေးတာ ဖြေလေ"
"နင်လဲ ငါမေးတာဖြေလေ"
သူမ သက္ကရာဇ် ကိုဘေးတစ်စောင်းလှည့်ကြည့်လိုက်သည် သူမ လှည့်ကြည့်တုန်း သက္ကရာဇ် သူမကို နမ်းလိုက်သည် ရုတ်တရက် သူမ ခန္ဓာကိုယ်ကို သူ့ဘက်လှည့်လိုက်ပြီး စောနထက် ပိုပြင်းတဲ့အရှိနဲ့နမ်းလိုက်သည် သက္ကရာဇ် သူမ ကို နံရံဘက်ကို ကပ်လိုက်ပြီးသူမ လက်နှစ်ဖက်ကို သူ့လက်နဲ့ချုပ်ကာ သူမ နဲ့အကြည့်ချင်းဆုံကာ သူမ လည်ပင်းကို ဦးတည်ပြီး ကိုက်လိုက်သည်
"အ့.."
သူမ ညည်းသံထွက်လာတော့ သက္ကရာဇ် တစ်ချက်ပြုံးလိုက်သည် ထို့နောက် သူမ လည်တိုင်အနှံ့ကို နမ်းရှိုက်လိုက်သည် သူရှေ့ဆက်ဖို့ပြင်နေတုန်းမှာပဲ
"သက္ကရာဇ်"
သူမ ခေါ်သံကြားလို့ ကြည့်လိုက်တော့ သူ့ကိုခေါင်းရမ်းပြနေသည်
"ဟူးးး"
သူတကယ်ကိုပင်သည်းမခံနိုင်တော့ သူသည်းခံရတာတကယ်ကိုများလာပြီ သူ သူမ ညာဘက်ခြမ်းက လည်တိုင်ကို နောက်ထပ် မာကင်ရာပေးပြီး ရပ်လိုက်သည် သူမ ကိုကြည့်တော့ အသပ်ရှူသံပင် မြန်နေသည် သူမ နဲ့သူအကြည့်ချင်းဆုံပြီး
"စိတ်ချပါ မနက်ဖြန်မရောက်မချင်း ကျုပ် သည်းခံမှာပါ"
သူတစ်ချက်ပြုံးလိုက်ပြီး
"မနက်ဖြန် ခင်ဗျား ကျုပ်လက်က လွတ်မှာမဟုဘူး"
..........................................................................
(သာသာ တောင်းဆိုထားတဲ့အတိုင်း တင်ပေးထားပါတယ်နော် ကျေနပ်မယ်လို့ထင်ပါတယ်နော်😘😘)
YOU ARE READING
Don't run away
Roman d'amourဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚