ရဲဇေ သူ့ရှေ့မှာ ထိုင်နေတဲ့သူကို မျက်တောင်မခတ်ဘဲကြည့်နေသည် သူမသည် တကယ်ကို မိုးနဲ့တူလွန်းသည်
သူမ ရဲဇေ ကြည့်နေတော့ နေရခက်စွာ ဘေးဘက်ကိုကြည့်နေတယ် သူမ လက်ကတော့ ဂနာမငြိမ် တင်လိုက်ချလိုက်နဲ့
"မင်းဘယ်သူလဲ"
"ဟမ်."
သူမ ရုတ်တရက် ကြားလိုက်တော့ကြောင်သွားသည် နောက်တော့မှ ချောင်းဟန့်ကာ
"အဟမ်းး ကျမက ရွှေစင်မိုး ပါ"
"မင်း ငါ့အခန်းထဲ ဘာလာ လုပ်တာလဲ"
"ကျမကို လိုက်ဖမ်းနေကြလို့ပါ...ဒါပေမဲ့ တစ်မျိုးမထင်ပါနဲ့ ကျမက သူခိုးဂျပိုးမဟုပါဘူး မဟုတာလဲ မလုပ်ပါဘူး ကျမက ပြေးရင်း ပုန်းစရာရှာနေတာ ရှင့်အခန်းတံခါးပွင့်တာနဲ့ဝင်လာတာပါ"
သူ့ကို ရှင်းပြနေတာ ခလေးတစ်ယောက်လို အမူအရာတွေနဲ့ပင် သူမနဲ့ပြောပုံဆိုပုံက မိုးနဲ့တူလွန်းအားကြီးနေသည် သူ့ရင်ဘတ်က နာကျင်လာမိသည်
"ကောင်းပြီ မင်းပြန်လို့ရပြီ"
"အယ်..ဟု..ဟုကဲ့ အဲ့ဆို ကျမသွားပြီနော်"
ရွှေစင် ထပြေးလာခဲ့သည် သူမ အတွက်သူ့ရှေ့မှာ နေရတာ တကယ်ကို နေရခက်စေသည် သူမ ပြေးတုန်း တံခါးနားရောက်တော့ သူမ ဝင်တိုက်မိလိုက်သည်
"အမယ်လေး!..ဟဲဟဲ"
သူမ သူ့ကိုလှည့်ကြည့်ပြီးအရှက်ပြေ စပ်ဖြဲဖြဲ ရယ်နေသည် ရဲဇေ သူမကို ပဲကြည့်နေမိသည် ဘာလို့အဲ့လောက်တောင်တူနေတာလဲ လောကမှာနာမည်တူမရှား လူတူမရှားရှိပေမဲ့ တကယ်ကြီးအဲ့လောက်တူနေမှ ဖြစ်မှာလား ရဲဇေ ဝဲတက်လာတဲ့မျက်ရည်စကို လက်နဲ့သုတ်လိုက်သည် သူမနဲ့ပက်သက်လာရင် သူ့ခံစားချက်တွေက အရင်လို လတ်ဆတ်နေတုန်းပင် ကံကြမ္မာ ရယ် ဒီလောက်ထိရက်စက်နေမှဖြစ်မှာလား
..........................................................................
နှိုင်း အိပ်ယာထဲက မထွက်တော့ပေ သူမ အတွက် အနားယူဖို့လိုသေးသည် သူမ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်
"(ဘယ်လောက်တောင်လှတဲ့ နံနက်ခင်းလေးလဲ)"
သူမ အားမပါတဲ့အပြုံးတစ်ခုကို ဖန်ဆင်းလိုက်သည်
"ခင်ဗျား အခန်းထဲက ထွက်ဖို့အစီအစဥ်ရှိသေးလား"
သက္ကရာဇ် သူမကိုပြောလိုက်သည် ဒီတစ်ပတ်က တကယ်ကိုပင်ပန်းမှာဖြစ်လို့ သူမ ကိုမနေ့က အပြည့်အဝနားခိုင်းထားတာပါ
"ငါမထွက်ချင်ဘူး"
"ဘာလဲ လက်ထပ်ပွဲကိုလဲ ဒီအခန်းထဲမှာကျင်းပမလို့လား"
"နင်ကြည့်စီစဥ်နေတာပဲမလား"
"ကျုပ်တစ်ယောက်တည်း ဆောင်မှာမဟုဘူးလေ"
"ငါပင်ပန်းတယ်"
"ခင်ဗျား ဆိုင်ကိုကော"
"ဟုသားပဲ ငါမနေ့ကတည်းက မသွားရသေးဘူး သူတို့ ဘာမှမသိသေးဘူး ငါသွားရအုံးမယ်"
သူမ ကုတင်ပေါ်က ကုန်းရုန်းထ လိုက်သည် မြန်မြန် ရေချိုးခန်း ထဲ ပြေးသွားသည်
သက္ကရာဇ် ကတော့ မလွယ်ဘူးဆိုတဲ့အမူအရာနဲ့ခေါင်းရမ်းနေသည်
.............................................................................
နှိုင်း mall ရှေ့ရောက်တော့
"နင်သွားလို့ရပြီ"
"ကျုပ်ကို ခင်ဗျား driver မှတ်နေလား"
"အဲ့ဆို နင်က ဘာလိုက်လုပ်မှာလဲ"
"ဘာမှမလုပ်ပါဘူး ဘယ်သူက ခင်ဗျားကိုလိုက်မယ်ပြောလို့လဲ"
နှိုင်း ဘာမှဆက်မပြောနိုင်ပေ ဘယ်တော့မဆို သူမကို တစ်နည်းမဟုတ်တစ်နည်းနဲ့အနိုင်ယူနေတဲ့သက္ကရာဇ်ကို အရေခွံသာ ဆုပ်ပစ်ချင်သည်
"အဲ့ဆိုလဲနေ! ငါသွားပြီ!"
သူမ ဆောင့်အောင့်ပြီး ကားပေါ်က ဆင်းသွားသည် သက္ကရာဇ် တစ်ချက်ရယ်လိုက်တယ် သူ သူ့ဘေးကိုကြည့်တော့ ဖိုင် တစ်ခု သူမ ကျန်ခဲ့တာ ထင်တယ် သူ ထိုဖိုင်ကိုဆွဲပြီး ကားထဲက ထွက်လာလိုက်သည် သူမ နောက်လိုက်သွားဖို့ အကြောင်းပြချက်ရှိသွားပြီ
နှိုင်း စောနက တော်တော်ကို အခဲမကြေ ကိုယ်က သူလိုက်မယ်ထင်ပြီး ပြောမိတာကို ဟိုကမလိုက်ဘူးဆိုတော့ သူမမှာ ဘာပြောရမှန်းကိုမသိ သူမ ကိုယ့်ပါးစပ်ကိုသာပိတ်ရိုက်မိသည်
"နှိုင်း!"
"ဟင်"
သူမ ဆိုင်နားရောက်ခါနီးတော့ သူမ လက်ကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်တော့ သူမ လှည့်ကြည့်လိုက်သည်
"ကိုနေစစ်"
"နှိုင်း အဲ့ကောင်နဲ့တကယ် လက်ထပ်မို့လား"
"ဟမ်..နှိုင်း လက်ကို ခန.."
"နှိုင်းအရင်ဖြေပါ"
"မဟုဘူး ကိုနေစစ် လူမြင်ကွင်းမှာ မသင့်တော်ဘူးထင်.."
သူမ ပြောတာကို နေစစ် ဖြတ်ပြောလိုက်သည်
"ကိုယ့်အတွက် အခုချိန်မှာ အဲ့တာတွေ မစဥ်းစားနိုင်ဘူး နှိုင်း"
"ဒါပေမဲ့.."
"နှိုင်း ကိုယ့်ကိုယ်ကို မလက်ထပ်ချင်ဘူးဆို မလက်ထပ်နဲ့ ရတယ် ဒါပေမဲ့ အန်တီကို အရွဲ့တိုက်ချင်တဲ့စိတ်နဲ့တော့ အဲ့ကောင်ကို လက်ထပ်စရာမလိုဘူး"
"ကိုနေစစ် နှိုင်း က အမေကိုအရွဲ့တိုက်ပြီးလက်ထပ်တာမဟုဘူး"
"အဲ့ဆို ကိုယ့်ကြောင့်လား ကိုယ့်ကိုလက်မထပ်ချင်တာနဲ့ နှိုင်း အဲ့ကောင်ကို ရွေးချယ်လိုက်တာလား"
နှိုင်း နေစစ်ကြောင့် နည်းနည်းစိတ်ရှုပ်လာသည် သူတို့က mall ထဲမှာဆိုတော့ လူတွေကွက်ကြည့်ကွက်ကြည့်ဖြစ်လာသည်
သက္ကရာဇ် ထိုမြင်ကွင်းကိုမြင်တော့ သူမတို့နားမြန်မြန်လျှောက်လာသည်
"ကိုနေစစ် နှိုင်းက ကိုနေစစ်ကြောင့်အဲ့လိုရွေးတာမဟုဘူး"
"အဲ့ဆို ဘာကြောင့်လဲ နှိုင်း"
"သူ့ကိုချစ်လို့"
မြန်မြန်လျှောက်လာတဲ့ သက္ကရာဇ် ခြေလှမ်းတွေက သူမ ပြောတာကိုကြားတော့ ရပ်တန့်သွားသည် သူမက ငါ့ကိုချစ်တယ်တဲ့
ထိုစကားကြားတော့ တကယ်ပင် ခြောက်ခြားသွားသူက နေစစ်ပင်
"မဖြစ်နိုင်တာ နှိုင်း ကိုယ့်ကို အကြောင်းပြချက်ပေးနေတာမလား"
"ကိုနေစစ် ဘယ်မိန်းခလေးက ကိုယ်တကယ်မချစ်တဲ့ယောက်ျားအတွက် ကိုယ့်မိဘရဲ့ဥပေက္ခာပြုတာကိုခံမှာလဲ ဘယ်မိန်းခလေးက ကိုယ့်မချစ်တဲ့ယောက်ျားကို လက်ထပ်ဖို့အထိ တွေးမှာလဲ ကိုနေစစ်ကကော နှိုင်း က ကိုယ်မချစ်တဲ့ယောက်ျားတစ်ယောက်ကို လက်ထပ်မယ်လို့ထင်နေတာလား အဲ့လို သာဆို နှိုင်း ကိုနေစစ် ကိုရွေးချယ်နိုင်တာပဲ ဘာလို့ သူ့လို တစ်ဇောက်ကန်းကိုရွေးမှာလဲ"
သက္ကရာဇ် သူမ လက်ကိုင်ထားတာကိုမြင်ပြီး အစက ထိုးမလို့လာပေမဲ့ သူမဆီက ထိုစကားတွေကြားရတော့ မျက်နှာက အလိုလိုပင် ပြုံးမိသွားသည် ဟုသားပဲ သူ့ကိုချစ်လို့ အရာရာသည်းခံပြီး သူ့နားမှာနေနေတာပဲ သက္ကရာဇ် နှလုံးသားလေးကို အမည်မသိအရာလေးက ရိုက်ခတ်လိုက်သည် ခင်ဗျားက သိပ်ညှို့နိုင်တာပဲ ဒေါ်နှိုင်းလင်္ကါ
"ကိုနေစစ် အခုဆို နားလည်သွားပြီ ထင်ပါတယ် နှိုင်း ဆိုင်သွားရမှာမို့ နှိုင်း လက်ကို..."
နေစစ် နှိုင်းလက်ကို လွှတ်ပေးလိုက်သည် သူ ကြက်သေသေနေမိသည် သူ့စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့ပေါ့ အရင်ကတည်းက ကိုယ်သိပ်ချစ်ခဲ့ရတဲ့အမျိုးသမီး တခြားမိန်းခလေးတွေလို အလှပြင်ဖို့ထက် သူငယ်ချင်းတွေနဲ့ခရီးသွားရတာ ပိုနှစ်သက်တဲ့ မိန်းခလေး အမြဲတမ်းတက်တက်ကြွကြွနေတတ်တဲ့အမျိုးသမီး လှပတဲ့အပြုံးလေးကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီး ဘယ်အမျိုးသားကိုမဆို စည်းထားတတ်တဲ့အမျိုးသမီး တနေ့ သူ့အပိုင်ဖြစ်လာမယ်လို့ ထင်ခဲ့တဲ့အမျိုးသမီး အခုတော့ သူ့ကိုမဟုပဲ အခြားတစ်ယောက်ကို ရွေးချယ်ခဲ့တဲ့အမျိုးသမီး သူသိပ်ကိုချစ်ခဲ့ရတဲ့အမျိုးသမီး အခုတော့လက်လွှတ်ရမယ်တဲ့လား မေတ္တာဆိုတာ အသွားအပြန်ရှိတယ်တဲ့ သူမှာတော့ အသွားပဲရှိပြီး အပြန်မရှိတဲ့ပုံပဲ သိပ်ချစ်တယ် နှိုင်းလင်္ကါ မင်းအတွက်ဆို အရာရာပေးဆပ်ပြီးချစ်ရဲတယ် နှိုင်းလင်္ကါ ဒါပေမဲ့ ထိုအချစ်တွေက အခု မင်းအတွက် အနှောင့်အယှက် ဖြစ်သွားတာပဲ မင်းအတွက် အနှောင့်အယှက် ဖြစ်စေမဲ့အရာကို ငါမလိုလားဘူး ဒါကြောင့် ကိုယ့်အချစ်တွေကို မင်းအတွက် အမြဲတမ်းသိမ်းထားပေးပါ့မယ် မင်းပျော်နေတာလေးကို အဝေးကပဲ ကြည့်နေပါ့မယ် မင်းအတွက် ကိုယ်က သူငယ်ချင်း အဆင့်ပဲထင်ပါတယ်
တစ်ယောက်က ေပျာ်နေချိန်မှာ နောက်တစ်ယောက်က ဝမ်းနည်းနေရတယ်ဆိုတာ လောက ဓမ္မတာပဲ မဟုလား တစ်ယောက်က သိပ်ချစ်ရတဲ့အမျိုးသမီးကို လက်လွှတ်ခဲ့ရတဲ့လူတစ်ယောက် တစ်ယောက်က ထိုအမျိုးသမီးကို ပိုင်ဆိုင်ခဲ့ရတဲ့လူတစ်ယောက် ထိုလူနှစ်ယောက်ရဲ့ရင်ထဲမှာ ခံစားနေရပေမဲ့ ခံစားပုံနေချင်းတူမယ်မထင်ပါဘူး။
..........................................................................
နှိုင်း ဆိုဖာ ပေါ်ကို ပစ်စလက်ခတ်ထိုင်ချလိုက်သည် နေစစ် ဘယ်လိုနေမယ်မှန်းသူမသိပါသည် ဒါပေမဲ့ သူမ ဘက်က သူ့ကို မျှော်လင့်ချက်ပေးခဲ့တာမရှိဘူးဆိုပေမဲ့ သူ့ပုံစံက သူမ စကားကိုကြားတော့ တော်တော်ပင်လန့်သွားပုံပင် သူမ အတွေးထဲမှာ မျောနေမိသည်
သက္ကရာဇ် ဆိုင်ထဲဝင်လာတော့ သူမ က အဝတ်လဲတဲ့အခန်းနားက ဆိုဖာပေါ်မှာ တစ်ခုခုကို တွေးနေပုံပဲ
သက္ကရာဇ် သူမ နားကိုလျှောက်သွားလိုက်သည် သူမ နားရောက်တော့ ရပ်လိုက်သည် ဒါပေမဲ့ သူမက သူ့ကိုလှည့်ပင်မကြည့် သူဖိုင်ကိုသူမရှ့က စားပွဲပေါ်ပစ်ပေးလိုက်သည်
"အမယ်လေး!"
သူမ ကြည့်လိုက်တော့
"သက္ကရာဇ် နင်ဖြည်းဖြည်းသက်သာ လုပ်လို့မရဘူးလား"
သူမ မျက်စောင်းထိုးပြီး
"ဘာလာလုပ်တာလဲ"
"ခင်ဗျားဖိုင်တွေ ကားပေါ်ကျန်ခဲ့လို့"
"အော်..ဟုသားပဲ ငါမေ့နေတာ"
သူမ ပြောသာပြောတာ ဆိုင်ရှေ့ကိုကြည့်နေမိသည်
"ကြည့်မနေနဲ့ ထွက်သွားပြီ"
"ဟမ်..နင်ငါဘာကြည့်တာလဲ သိလို့လား"
"ဟိုလူကိုမလား"
သူမ ဘာမှဆက်မပြောတော့ ထွက်သွားတာပဲကောင်းပါတယ်
"ဟူးးးး"
"ဘာလဲ လိုက်ခေါ်ပေးရမလား"
"ဘာဆိုင်လို့လဲ"
"ခင်ဗျားကြည့်ရတာ အရမ်းကို စိတ်မချဖြစ်နေလို့"
"ငါက..ဒီတိုင်းပါပဲ"
"ကျုပ်သွားတော့မယ်"
"အော်..အေးအေး"
"ညနေကျ လာကြိုမယ်"
"အင်း"
ဒါပဲလား ကိုယ့်ကိုချစ်တယ်ပြောပြီး စကားပြန်ပြောလိုက်ရင် တုံးတိကြီး ဟိုလူကိုပထုတ်ချင်လို့ ငါ့ကိုအသုံးချသွားတာလား
"ဒေါ်နှိုင်းလင်္ကါ"
"ဘာလဲ"
"စောနက ပြောတာတကယ်လား"
"ဘာကိုလဲ"
"ဟိုလူကိုပြောတာလေ"
"ဟမ်..."
သူကြားသွားတာလား ဘယ်လိုလုပ်ရမလဲ ငါ့နှယ်ရှက်လိုက်တာ
"အမ်..အဲ့တာက"
"ဆက်ပြော"
"ဘယ်လိုပြောရမလဲ"
"ခင်ဗျား ကျုပ်ကို အသုံးချလိုက်တာလား"
သက္ကရာဇ် အကြည့်က ခက်ထန်လာတယ်
"သက္ကရာဇ် နေပါအုံး"
"နင်က သိပြီးဘာလုပ်မို့လဲ"
"မေးကြည့်တာလေ"
"နင့်အတွက် ဘာများထူးခြားမှာမို့လဲ"
ဟုသားပဲ သူမချစ်ချစ် မချစ်ချစ် သူမကို သူပိုင်ရမှာပဲလေ ဘာလို့ ဒီစကားကို အဲ့လောက်ကြားချင်နေတာလဲ သူ့အတွက်ဘာထူးခြားသွားမှာမို့ သိချင်နေတာလဲ
"ကျုပ်ပြန်တော့မယ်"
သက္ကရာဇ် လှည့်ထွက်သွားသည် နှိုင်း လဲ သက်ပြင်းလေး မသိမသာ ချနေမိသည်
"ဟူးးးး"
ဒါပေမဲ့ သက္ကရာဇ် ပြန်လှည့်လာပြီးရုတ်တရက် သူမလက်ကိုဆွဲကာ
"..မွ"
နှုတ်ခမ်းကိုထိရုံလေးနမ်းလိုက်တဲ့သက္ကရာဇ် သူမ လန့်သွားတယ်
"ဒါက အမြည်းပဲရှိသေးတယ် ညနေကျတွေ့မယ်"
သက္ကရာဇ် ထွက်သွားတော့ သူမ မှာ မျက်နှာဘယ်နားထားရမယ်မှန်းမသိ ပါးတွေချက်ချင်းပင်ရဲတက်လာသည် ဘေးက ဝန်ထမ်းတွေလဲ တီးတိုးစကားဆိုနေ့ြကသည်
"ဟဲ့ ငါအထင် မမနဲ့အဲ့တစ်ယောက်က ရည်းစားတွေထင်တယ်"
"ဟုလောက်တယ် နမ်းသွားတာကိုကြည့်ပါ့လား အကြည့်တွေကအစ ညနေကျလဲ လာကြိုမယ်လို့ပြောသံကြားတယ်"
"ဟုလား အဲ့ဆို တကယ်ပေါ့"
နှိုင်း ဝန်ထမ်းမလေးတွေနားသွားပြီး
"ဘာတစ်ကယ်လဲ"
"အယ်..မမ ဟိုလေ"
ဝန်ထမ်းမလေးတွေလန့်သွားသည်
"ငါပြောစရာရှိတယ် လူစုလိုက်"
"ဟုကဲ့ မမ"
ခနကြာလူစုပြီးတော့
"ငါလက်ထပ်တော့မယ်"
"ရှင်!"
အကုန်လုံးသံပြိုင်ထွက်လာတယ်
"နောက်အပတ်"
"ဟမ်!"
ဒီတစ်ခါလဲ သံပြိုင်ပဲထွက်လာတယ်
"နင်တို့တွေ သံချက်အဖွဲ့ဖွဲ့လိုက်ပါ့လား"
"မမရယ်မထင်ထားလို့ပါ"
"မထင်ထားလဲ ဖြစ်သွားတာပဲ ငါဖိတ်စာရရင် ပေးမယ် အကုန်လုံးလာခဲ့ကြ"
"ဟုကဲ့ မမ"
"ပြီးကော ဟိုမှာ ဝယ်သူလာနေပြီ အလုပ်သွားလုပ်ကြ"
"ဟုကဲ့"
သူတို့ထွက်သွားတော့ ဝန်ထမ်းမလေးတစ်ယောက်က
"မမ"
"ပြောလေ"
"မမ မင်္ဂလာဆောင်မှာလေ အဖော်ခေါ်ခဲ့လို့ရလားဟင်"
"ဘယ်သူလဲ"
"အမ တစ်ယောက်ပါ"
"အော် အေးအေး ရပါတယ်"
ဝန်ထမ်းမလေး ထွက်သွားတော့ သူမလဲ စာရင်းလုပ်စရာရှိတာဆက်လုပ်နေလိုက်သည် ကြားထဲ အလုပ်များမှာမို့ အလုပ်က အကုန်အပြီးသတ်ရမည် ဖြစ်သည်
.............................................................................
သက္ကရာဇ် သူမကို လာကြိုတယ်
"သက္ကရာဇ်"
"ပြော"
"မြန်မာဝတ်စုံ သွားရွေးရအောင်"
"ခင်ဗျားပင်ပန်းနေပြီမလား"
"ကျစ်..အချိန်က သိပ်ရတာမဟုဘူး ဝတ်စုံလိုက်မလိုက်ကြည့်ရအုံးမယ်"
"ကောင်းပြီ "
သက္ကရာဇ် ဆိုင်ရှေ့နားရောက်တော့ ကားရပ်လိုက်သည် သူမ ကို ဆိုင်ရှေ့မှာရပ်စောင့်ခိုင်းပြီး သူပါကင်သွားထိုးနေလိုက်သည် သူမ သူ့ကိုရပ်စောင့်နေချိန်
"နှိုင်း...နှိုင်းလင်္ကါ မလား"
သူမ အသံလာရာကြည့်လိုက်တော့
"အော်..ဆွေဇင်..ကြယ်စင်"
သူမ ပြုံးသာပြုံးပြလိုက်ပေမဲ့ စိတ်မပါ တကယ်ဆို ကျောင်းမှာကတည်းက သူတို့က နှိုင်းနဲ့မတည့်ကြပါ ဆွေဇင်ဆိုသူက စကားစလိုက်သည်
"နှိုင်း နင်အခုထိ အပျိုကြီးဆို"
စလာကတည်းက လူကိုဖဲ့ဖို့လမ်းစရှာနေသည်
"ဟဲ့ နင်ကလည်း အဲ့လိုသွားမမေးနဲလေ မေးစရာမလိုဘဲ သိသင့်တာကို"
"ကြယ်စင် နင်ဘယ်လိုပြောလိုက်တာလဲ"
"သူငယ်ချင်း အချင်းချင်း ပဲ ဘာဖြစ်တာကြလို့ နော့် နှိုင်း "
"အင်း..ရပါတယ်"
"နင်အခု..ဒီကိုဘာလာလုပ်တာလဲ"
"ငါက.."
သူမ ဖြေမလို့ရှိသေးတယ် ကြယ်စင်က ဖြတ်ပြောလိုက်သည်
"နင်ကလဲ အပျိုကြီး စွန်သွားလို့နေမှာပေါ့"
"ဟုလား နှိုင်း"
"အေး"
နှိုင်း တကယ်စိတ်မရှည်တော့ပါ ဆွေဇင်က သူမကို မဲ့ရွဲ့ပြီးပြောပြန်ပြီ
"နှိုင်း နင်ဒီအရွယ်ရောက်နေပြီ ယူမဲ့ယောက်ျားရှိသေးတာလား"
"နင်ကလဲ သူ့ယူမဲ့ယောက်ျားက ဗိုက်ပူနေမှာပေါ့"
"ငါ့ယူမဲ့ယောက်ျားက ဘာဖြစ်ဖြစ် နင်တို့စောက်ပူလား"
"ဟဲ့ နင်ကလဲ အချင်းချင်း စ တာကို ဘာလို့ရိုင်းနေတာလဲ"
ထိုအချိန် နှိုင်း ပခုံးပေါ်ကိုတင်လာတဲ့ လက်
"မမ"
သူမ ကြည့်လိုက်တော့ သက္ကရာဇ် သူ့ကို နုနုညံ့ညံ့ ခေါ်နေသည်
"နှိုင်း အဲ့တာဘယ်သူလဲ"
"နင်တို့ပြောတဲ့ ဗိုက်ပူလေ"
"ဟမ်"
ဆွေဇင် နဲ့ ကြယ်စင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့သြ နေတယ်
"မမ အဲ့တာဘယ်သူတွေလဲ"
"ဗိုက်ပူကိုလင်တော်ထားတဲ့ ခလေးမအေတွေလေ"
"နှိုင်း နင်ဘယ်လိုပြောလိုက်တာလဲ"
"အိုးးဆောရီးဆောရီး အမှန်တိုင်းပြောမိသွားတယ် အချင်းချင်းပဲ စိတ်မဆိုးပါနဲ့"
ဆွေဇင်နဲ့ ကြယ်စင် မျက်နှာပျက်သွားသည် ကိုယ်သုံးခဲ့တဲ့ စကားနဲ့ ပြန်ခံနေရတယ်
"ဒီက မောင်လေး နာမည်က.."
နဂိုကတည်းက စပ်စလူးစိန် ကြယ်စင်က မေးလိုက်သည်
"မမ မှောင်နေပြီ အင်္ကျီသွားရွေးရအောင်"
သက္ကရာဇ် သူ့ကို ဂရုမစိုက်သလိုနေလိုက်သည် လူက နည်းနည်းတော့ အင်တင်တင်ဖြစ်သွားတယ်
"အင်း ဝင်ရအောင်.. မောင်"
သူမ ဂုဏ်ယူဝံ့ကြွားစွာ ရှေ့ကလျှောက်သွားလိုက်သည် သက္ကရာဇ် နောက်မှာကျန်ပြီး ဆွေဇင်နဲ့ ကြယ်စင်ကိုကြည့်ကာ
"ခင်ဗျားတို့ ကျုပ်နဲ့နောက်တစ်ခါမတွေ့စေနဲ့"
ဆွေဇင်လဲ သူ့ကိုအဲ့လိုပြောတော့ မနေနိုင်စွာ ဝင်ပြောလိုက်သည်
"ဘာပြောတယ် နင်ကိုယ့်ထက်အကြီးကို လေးစားမှုရှိစမ်းပါ"
"အဲ့တာ ကျုပ်ကိစ္စပါ နောက်တစ်ခါ ကျုပ်လူကို လာထိရင်.."
သက္ကရာဇ် အကြည့်က ချက်ချင်း ပြောင်းသွားသည် ခေါင်းဘေးစောင်းကာနှုတ်ခမ်းတစ်ဖက်တွန့်ပြုံးပြီး
"ခင်ဗျား တို့အသက်ကို အာမ မခံနိုင်ဘူးနော်"
"အောင်မယ် မင်းလုပ်ရဲလို့လား"
"ကျုပ်မလုပ်ရဲတာ ဘာမှမရှိဘူး"
ဆွေဇင်နဲ့ ကြယ်စင် နည်းနည်းလန့်လာတယ်
"ဟဲ့ ဆွေဇင် ..သွားရအောင်"
"အေး.အေး..သွားမယ် မင်း..မင်း ငယ်သေးလို့သက်သာသွားတယ်မှတ်"
ဆွေဇင်နဲ့ ကြယ်စင် လမ်းနည်းနည်းလျှောက်တော့ သူတို့ဆီ အရှိန်ပြင်းစွာ နဲ့ဝင်လာတဲ့ကားတစ်စီး
"ကြယ်စင် ကားလာနေတယ်"
ဆွေဇင် ကြယ်စင်ကိုလှမ်းဆွဲလိုက်သည် ကားက သူတို့နားရောက်သည်အထိ အရှိန်မလျော့ သူသာမဆွဲလိုက်ရင် ကြယ်စင်ကို တကယ်ဝင်တိုက်မယ့်ပုံ
သက္ကရာဇ် ကိုကြည့်တော့ သူတို့ကို နှုတ်ခမ်း တွန့်ပြုံးပြလိုက်သည်
ဆွေဇင်နဲ့ကြယ်စင် တစ်ကယ်ပင်လန့်သွားသည် ထိုနေရာမှ မြန်မြန်ပင်ထွက်သွားသည်
ထိုအချိန် နှိုင်း ဆိုင်တံခါးဝနားကနေပြီး
"သက္ကရာဇ် နင်မလာတော့ဘူးလား"
သက္ကရာဇ် သူမ နားကိုလျှောက်သွားကာ သူမ မျက်နှာနားကို ခေါင်းငုံ့ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
"ရောက်ပြီ မမ"
ထိုသို့ပြောရင်း ပြုံးလိုက်သည်
..........................................................................
(သာသာ ကိုယ်တိုင်ရေးပြီး နေစစ်ကို သနားနေမိတယ်😞)
YOU ARE READING
Don't run away
Romansaဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚