Don't run away (part-1)

300 13 6
                                    

ဒီနေ့ နေရောင် မွေးနေ့မို့ နှိုင်း မှန်ရှေ့မှာ အလှဆုံးပြင်နေတယ် ပြဿနာတွေ ပြီးသွားပြိီးနောက် သူမတို့ သူငယ်ချင်း တွေလဲ တစ်စုတစ်စည်းတည်းဖြစ်လာတယ် အခုလဲ နေရောင်လေးက ၆ နှစ်ထဲ ဝင်မှာမို့ မွေးနေ့ပွဲ တက်ဖို့ မိတ်ကပ်အပါးလေးလူးလိုက််တယ် သူမ က ပန်းရောင်မကြိုက်တဲ့သူမို့ အမဲရောင် ဂါဝန် လက်ပြတ် အရှည် အဝဲလေးကို ဝတ်လိုက်တယ် ဂါဝန်က ပန်းပွင့်အပွင့်အခတ် အသေးလေးတွေပါတယ် သူမ ဆံပင်ကိုလဲ အပေါ်ကို တစ်ဝက်စည်းပြီးကလစ်နဲ့ ကုပ်လိုက်တယ် သူမ ကိုယ် သူမ မှန်ထဲကို ကြည့်ပြီးသဘောကျတယ်
"ငါက ဒီလိုလဲ လှသားပဲ"
     ကိုယ့်ကိုယ်ကို ချီးမွှမ်းခန်းဖွင့်ပြီးပြုံးနေတယ်
"နှိုင်းပြီးပြီလား"
     ဂျူလီ အခန်းတံခါးကို ဖွင့်ပြီးဝင်လာတယ်
"ပြီးပြီ ငါဘယ်လိုလဲ လှလား"
     ဂျူလီ နှခေါင်းရှုံ့လိုက်တယ်
"ဝါးးးနင်အလှဆုံးပဲ နင့်လောက်လှတဲ့သူမရှိတော့ဘူး မိုနာလီဆာ တို့ သီတာဒေဝီ တို့တောင်ရှုံးလောက်တယ်"
     သူမ လက်ခုပ်ကို အားရပါးရတီးပြီး ပါးစပ်အဟောင်းသားပုံစံနဲ့ပြောနေတယ်
     နှိုင်း မျက်စောင်းထိုးလိုက်တယ်
"မသာမ"
    နှိုင်းသိတာပေါ့ အဲ့ဟာမ သူ့ကို ရွဲ့ပြောနေတယ်ဆိုတာ
   ဂျူလီက ပြုံးလိုက်တယ် သူမ ကတော့ ဆံပင်ကို အမြင့်စီးထားပြီ မိတ်ကပ်ပါးပါးလေးရယ် ပါးနီ နည်းနည်းလေးရယ် ထည့်ထားတယ် သူမ ပန်းနုရောင် ဒူးလောက် ဂါဝန်လေးကို ဝတ်ထားတယ်  သူမကြည့်ရတာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လိုပါပဲ
"သွားမယ်လေ ရဲဇေ တောင်ရောက်နေပြီ"
     ရဲဇေ က သူမ တို့ကို တစ်ခါတည်း ဝင်ခေါ်မယ်ပြောလို့ ညက ဂျူလီ ကို ဒီမှာပဲ ညအိပ်ခိုင်းလိုက်တယ်
"သွားမယ် လာလာ"
     နှိုင်းတို့ အောက်ရောက်တော့ ကျကျ နန ပြင်ထားတဲ့ကိုယ်တော်ချောကိုတွေ့တော့ နှာခေါင်းရှုံ့လိုက်တယ် မတွေ့တဲ့အတောတွင်း ရဲဇေ အရင်ကထက်ပိုချော ပိုခန့်လာတာ တော့ ဝန်ခံပါတယ် အခုလဲ အဖြူရောင် အင်္ကျီလက်ရှည်ကို စပန့်ဘောင်းဘီ အနက်ထဲ မြှုပ်ဝတ်ထားတယ် အင်္ကျီက ရင်ဘတ် နည်းနည်း ဟ ထားတယ် သူ gym ဆော့ထားလို့ တောင့်ဖြောင့်နေတဲ့ body က အထင်းသား
"အမယ် ကိုယ်တော်ချော ရှိုးထုတ်လှချည်းလား"
နှိုင်း က​ပြောလိုက်တယ်
"ဟ ငါက နဂိုချောတာဟ"
"ဖြစ်ရမယ်"
   ဂျူလီက ဘေးက ဝင်ပြောလိုက်တယ်
"နင်တို့တွေ ငါ့ကိုမှ ချောတယ်လို့မမြင်ရင် မကြည့်တတ်တာ မဟုရင် ကန်းနေတာပဲ"
"ဘာကို မကြည့်တတ်ရမှာလဲ ဒီမှာ ငါက လူအများကြီးနဲ့ ပြောဆို ဆက်ဆံရတဲ့သူပါနော် နင့်ထက်ချောတဲ့ ဘဲရီးတွေ အများကြီး တွေ့ဖူးတယ်"
"ပြောပြလိုက် နှိုင်း"
"ဘာပြောပြလိုက်လဲ သူ့ကြည့်တော့ ဘဲပစ်မ"
"ရဲဇေ!"
     ဂျူလီ သူရဲ့ အထိမခံတာကို လာပြောတော့ ရဲဇေ ကိုပိတ်အော်လိုက်တယ်
"ဟဲ့ ငါက အပြစ်ခံရတာ မဟုဘူး ငါက ထားခဲ့တာ"
"အော် ဟုလား"
     ရဲဇေ မျက်ခွက်ပြောင်ပြောင်နဲ့ပြန်ပြောလိုက်တယ်
"ဟုတယ် ဟုတယ်"
     ဂျူလီကလဲ မဲ့ရွဲ့ပြီးပြန်ပြောလိုက်တယ်
"တော်ပါတော့ သွားမယ် လာ"
     ရဲဇေ ရှေ့က ထွက်သွားလိုက်တယ် သူတို့နှစ်ယောက်လဲ ရဲဇေ နောက်ကနေ လိုက်သွားလိုက်တယ်
............................................................................
    သက္ကရာဇ် ခလေးတွေကြားထဲမှာ တကယ်ကို စိတ်ရှုပ်ရပါတယ် ကိုယ့်တူလေးမွေးနေ့လာတာ ခလေးကစားကွင်းထဲ ရောက်သွားသလိုပဲ ဒီကြားထဲ ကိုယ့်တူသူငယ်ချင်းတွေရဲ့ အမတွေ အဒေါ်တွေ ကတစ်မှောင့်
"ဦးဦး"
  နေရောင် သက္ကရာဇ် ကိုခေါ်လိုက်တယ်
"ဘာလဲကွာ"
"အမေရေ!"
     ရုတ်တရက် နေရောင်က ထ ငိုပါလေရော
"ဟာ ဟျောင့် ဘာလို့ ငိုတာလဲ"
"ဦးဦးက သားကိုအော်တယ်"
"ဟာ ငါ မင်းကို ဘယ်တုန်းက အော်လို့လဲ"
"အော်တယ် အဖေနဲ့တိုင်မယ်"
     တကယ်ကို ကွိုင်ပဲ သက္ကရာဇ် ခေါင်းသာ ကုတ်နေမိတယ်
"ဟေ​ျာင့် မတိုင်နဲ့"
     သူ့သာသွားတိုင်ရင် ပေါက်ပေါက်က ဖောက်အုန်းမယ် ကိုယ့်ကို ခလေးတစ်ယောက်တောင် နိုင်အောင်မထိန်းနိုင်တဲ့သူဆိုပြီး နှိမ်အုံးမယ်
"တိုင်မှာပဲ အဖေရေ!"
"ဟာ ဟေ​ျာင့် မင်းပါးစပ်ပေါက်ပိတ်"
     သက္ကရာဇ် ဘာလုပ်ရမလဲ မသိတော့ ခလေးတစ်ယောက်ထိန်းရတာ ဘာလို့ ခက်ခဲရတာလဲ ငါလူပေါင်းရာကျော်ကို ဦးစီးရတဲ့သူပါ ဒီခလေးတစ်ယောက်ကျမှ မထိန်းနိုင်ဖြစ်ရ
"ရော့ သားသား ချိုချဥ်လေး စားလိုက်နော်"
      ရောင်စုံ သကြားလုံးလေးကို နေရောင်ကို ပေးနေတဲ့ မိန်းခလေးတစ်ယောက် သက္ကရာဇ် အဲ့တစ်ယောက်ကို အကဲခက်လိုက်တော့ မြန်မာ ဝတ်စုံလေးရယ် လှပတဲ့ ကောက်ကြောင်းရယ် နက်မှောင်တဲ့ ဆံကေသာ  နုနုညံ့ညံ့မိန်းမလှလေးတစ်ယောက်ပဲ
     သက္ကရာဇ် နေရောင်ငိုသံမကြားလို့ ကြည့်လိုက်တော့ သကြားလုံးကို အားရပါးရ စားနေတဲ့နေရောင်
"ခလေးက အဲ့လို အစားနဲ့ချော့ရင်ရပါတယ်"
     ထိုမိန်းမလှလေးဆီက အသံချိုချိုလေး ထွက်လာတယ်
"အော်"
   ထိုမိန်းခလေး ကပြုံးပြီး
"မင်း ကြည့်ရတာ ခလေးတွေနဲ့ မရင်းနှီးသလိုပဲ"
"ဟုပါတယ် ကျတော် ကအခုမှ ခလေးတွေကြားထဲရောက်တာ"
"သိသာပါတယ်"
     သက္ကရာဇ် ထိုမိန်းခလေးရှေ့မှာ ရိုကျိုးစွာ နေမိတယ် သူ့စိတ်ထဲမှာတော့ ကောက်ကျစ်တဲ့အပြုံးနဲ့ပေါ့'ဒီနေ့ ငါလာရတာ တန်သွားပြီပဲ'
"ကျွန်တော် နာမည်က သက္ကရာဇ် ပါ အမက.."
"နှင်းသက်လွှာပါ"
"နာမည်နဲ့လူနဲ့လိုက်ဖက်တယ်နော် နှင်းလို ဖြူဖွေးတဲ့အသားအရေ နှင်းလိုမျိုး ဖြူစင်တဲ့ အပြုံးလေးနဲ့ပေါ့"
     သူမ သဘောကျစွာ ပြုံးလိုက်တယ် 'ဒီကောင်လေး စကားတတ်တာပဲ'
"ချီးကျူးပေးလို့ ကျေးဇူးပါ"
    ထိုအချိန် အောက်က နေရောင်လေးက နှိုင်းတို့ကို မြင်တော့
"တီနှိုင်း!"
   သူမ နာမည်ကို​ေအာ်ခေါ်ပြီး နှိုင်းဆီ ပြေးလာတဲ့ နေရောင်
    သက္ကရာဇ် လဲ အာရုံပြောင်းသွားတယ် သူ သူမ နာမည်ကြားတော့ ထိုဘက်ကို လှည့်ကြည့်လိုက်တော့ ကားပေါ်ကနေလှပစွာ ဆင်းလာတဲ့ သူမ
သူမကိုကြည့်ရတာ ပြုံးနေတယ် သူမ လှတာတော့ သူသိပါတယ် သူမ ကားပေါ်ကဆင်းဆင်းချင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သက္ကရာဇ် ကိုတွေ့လိုက်တယ်.
    သက္ကရာဇ် သူမ သူ့ကို တွေ့တာ သိပါတယ် သူမ ​သူ့ကိုပြုံးပြမယ် အထင်နဲ့ ကြည့်လိုက်တယ် သူမ ကတော့ အပြုံးအစား သူ့ကိုဘယ်လိုလဲ ဆိုတဲ့ပုံစံနဲ့ မျက်ခုံး နှစ်ဖက်ကို ပင့်ပြီး သေးငယ်တဲ့အပြုံးလေးတစ်ခု ဆင်မြန်းလိုက်တယ် သူ ပြုံးလိုက်တယ် သူမ ဆီက တကယ်ကို လှပမဲ့ အပြုံးကိုရမယ်ထင်ခဲ့တာပါ
"သူ့ကို သိတာလား"
    သူ့ဘေးနားက မိန်းခလေးက နှိုင်းကိုကြည့်ပြီးမေးလိုက်တယ်
"အွန်း ဟုတယ်"
"လှတယ်​နော်"
"အွန်း"
    နှင်းသက်လွှာ မျက်ခုံးပင့်မိသွားတယ် သူမ အပေါ်မှာ စောနက ရိုကျိုးနေတဲ့ပုံစံဘယ်ရောက်သွားတာလဲ သူမ ကြောင့်များလား နှင်းသက်လွှာ နှိုင်းကို ကြည့်နေမိတယ် သူမနဲ့ယှဥ်ရင် နှင်းသက်လွှာ ဟာ ပိုလှ ပိုဆွဲဆောင်မှု ရှိတာအမှန်ပါပဲ
"မင်း သူ့ကို စိတ်ဝင်စားနေတာလား"
"ဆိုပါတော့"
"အဲ့ဆို ဘာလို့ ငါ့ကို လာflirt နေတာလဲ"
"စိတ်ဝင်စားလို့ပဲ ခင်ဗျားကော ကျနော်ကို စိတ်ဝင်စားလို့ ကျနော်ဆီ လာတာမဟုဘူးလား"
     နှင်းသက်လွှာ ဘာပြန်ပြောရမှန်းမသိ စောနက သူပဲ ကိုယ့်ကို ရောဖို့ ကြိုးစားနေတာအခုတော့ ကိုယ်က သူ့ကို စိတ်ဝင်စားလို့ သူ့နားကပ်တာတဲ့ သူပြောတာလဲ မမှားပါဘူး ကိုယ်က စိတ်ဝင်စားလို့ သူ့နားကို ချဥ်းကပ်ခဲ့တာပဲ ဒီကောင်လေးကို စတွေ့ကတည်းက သတိထားမိတာပါ လူတိုင်းရဲ့အာရုံကို အပြည့်ယူနိုင်ခဲ့တဲ့ ကောင်လေးပဲကို သူမ စောနက တစ်ယောက် နဲ့ယှဥ်ရင် မရှုံးပါဘူး  ဒီကောင်လေးက သူမကိုလဲ စိတ်ဝင်စားနေတာပဲလေ သူမ မှာ သူ့ကိုရဖို့ အခွင့်အရေးရှိပါတယ်
"ဟုတယ်"
    သက္ကရာဇ် နှုတ်ခမ်းတစ်ဖက်ပင့်ပြုံးလိုက်တယ် သူသိတာပေါ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်တာတော့မဟုတ်ပါ ဒီတိိုင်း သိနေတာတစ်ခုပဲပေါ့
   သက္ကရာဇ် အမည်ကဒ်တစ်ခုကိုထုတ်ပြီး
"ဒါ ကျနော့် နံပါတ်"
"ဒါက"
"ကျတော်ကို ဆက်သွယ်ဖို့လေ"
     သူမ ယူလိုက်တယ် မိန်းခလေးဘက်က ဆက်သွယ်ရမှာလား
"ဒါဆို ခွင့်ပြု ပါအုံး"
     သက္ကရာဇ် သူမ ရှေ့က ထွက်လာလိုက်တယ် နှင်းသူ့ကျောပြင်ကို ကြည့်နေမိတယ် 'ငါ့ကို ကျောခိုင်းတဲ့ယောက်ျားက ရှားတော့ရှားတယ်'သူမပြုံးလိုက်တယ်
    သက္ကရာဇ် အိမ်ထဲကို ဝင်လာလိုက်တယ်  သက္ကရာဇ် ဧည့်ခန်းကိုကြည့်လိုက်တော့ ခလေးမိဘတွေ စုပြီး စကားလက်ဆုံကျနေတယ်
"ဟျောင့်"
    သက္ကရာဇ် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့
"ဘာတုန်း"
"သားကော"
"ဒေါ်နှိုင်းလင်္ကါ ဆီမှာ"
"မင်း ကဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ဘူး"
"ဘာမှလုပ်စရာမရှိဘူးလား"
"မရှိဘူး"
"အဲ့ဆို ဒီလက်ဆောင်တွေ သားသားအခန်းထဲ သွားပို့လိုက်"
"မပို့ဘူး"
    သက္ကရာဇ် လှည့်ထွက်လာလိုက်တယ် လူမြင်တာနဲ့ခိုင်းဖို့ ချည်းပဲ
"ဟျောင့်"
"ဘာလဲဗျာ"
"သွားပို့လိုက်"
"မပို့.."
     သက္ကရာဇ် ဒီရေ အကြည့်ကိုလန့်လာတယ်
"ပြီးကော"
   သူ ဘေးနားမှာ ချထားတဲ့ box တွေကို မ လိုက်တယ် လှေကားကနေ တစ်ထစ်ချင်း တက်လာလိုက်တယ် နေရာင် အခန်းထဲကို ဝင်ပြီးသေတ္တာ တွေကို ချလိုက်တယ် ထိုအချိန် ရေချိုးခန်းထဲက ထွက်လာတဲ့ နှိုင်း
"ခင်ဗျား"
"နင်.."
    တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးလိုက်တယ်
"ခင်ဗျား ဘယ်လိုလုပ် အခန်းထဲ ရောက်နေတာလဲ"
"ငါ့အင်္ကျီပေါ် အချိုရည်တွေ ဖိတ်ကုန်လို့ လာဆေးတာ"
"အော်.."
"ဘယ်လိုလဲ"
"ဘာကိုလဲ"
"နှင်းသက်လွှာ နဲ့လေ"
"ခင်ဗျား သူ့ကို သိတာလား"
"ဟ သူနဲ့ငါက ကျောင်းနေဖက်တွေလေ"
"သူငယ်ချင်းတွေလား"
"မဟုပါဘူး မေးထူး ခေါ်ပြောရုံပဲ"
"အော်..ကောင်းပါတယ်"
"နင်အတွေးမမှားနဲ့နော် နှင်းသက်လွှာ က တော်ရုံယောက်ျားလေး စကားပြောတာ မဟုဘူး"
"ဟုလား"
"ဟုတယ် နင်သူ့ကို မကြိုက်ဘူးလား"
"အစကတော့ စိတ်ဝင်စားပါနဲ့ ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲ"
    သက္ကရာဇ်  အိပ်ကပ်ထဲ လက်ထည့်ပြီး စိတ်မပါတဲ့ပုံနဲ့ပြောလိုက်တယ်
"လွယ်လွန်းတယ်"
နှိုင်းမျက်ခုံးပင့်သွားတယ် ဒီလောက်လှတာကို မကြိုက်ဘူးတဲ့
"နင်က ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်ပဲ"
"ကျုပ်က ကြောင်မှမဟုတာ"
   သူမ တစ်ချက်ရီလိုက်တယ်
"ခင်ဗျားက ဘာရီတာလဲ"
"ဒီလိုပါပဲ"
    သူမ သက္ကရာဇ် ပခုံးကို လက်နဲ့ကိုင်လိုက်ပြီ
"ငါသွားပြီ"
    နိှုင်းထွက်သွားဖို့​​​ပြင်လိုက်တယ် သက္ကရာဇ် သူမ လက်ကို လှမ်းဆွဲလိုက်တော့ သူမ အရှိန်နဲ့ သူ့ရင်ခွင်ထဲ ဝင်လာတယ် သူညစ်ကျယ်ကျယ်​​ပြုံးလိုက်တယ် သူမ ခါးကို သူ့လက်နှစ်ဖက်နဲ့ တင်းကျပ်စွာ ဖက်ထားလိုက်တယ် သူမ မျက်နှာကို သူနဲ့ အကြည့်ချင်းဆုံစေလိုက်တယ်
    နှိုင်း မျက်လုံး အဝိုင်းသားဖြစ်သွားတယ်
"သက္ကရာဇ် နင်.."
    သက္ကရာဇ် ကျေနပ်တဲ့ အပြုံးတစ်ခုကိုဖန်ဆင်းလိုက်တယ်
ဘယ်လို လုပ်မလဲ သူဒီခါးလေးကို စွဲလမ်းသွားပြီထင်တယ်
"နင်ဘာလုပ်တာလဲ"
"ဘာလဲ"
    သက္ကရာဇ် ပြုံးပြီး ဘာမှမဖြစ်တဲ့ပုံနဲ့ပြန်မေးတယ်
"နင် ဘာလုပ်တာလဲ"
"ဖက်လိုက်တာလေ"
"ဖယ်စမ်းပါ"
"ဖယ်ချင်စိတ်မရှိဘူး"
"သက္ကရာဇ် နင် ဘာဖြစ်နေတာလဲ လွှတ်စမ်း"
"ခင်ဗျား ဘာလို့အဲ့လောက်ရုန်းနေတာလဲ"
"ဟ သက္ကရာဇ် နင်လွှတ်စမ်းဟာ"
     နှိုင်း သူ့လက်တွေကို ဖယ်ဖို့ကြိုးစားနေတုန်း သူ့ လက်တစ်ဖက်က သူမကျောကုန်းဆီ ရောက်သွားပြီးသူမ ခန္ဓာကိုယ် အပေါ်ပိုင်းကို သူနဲ့နီးကပ်စေလိုက်တယ် သူမ သူနဲ့ အကြည့်ချင်းဆုံပြီး စွံအ သွားတယ်
သူနဲ့အရမ်းကိုနီးကပ်လွန်းနေတယ် သူမ နဲ့သူ့ကြားမှာ လေဟာနယ်ပင်မရှိ သူမ သူ့မျက်လုံးကိုကြည့်လိုက်ချိန်မှာ သူမကို ဆွဲဆွဲငင်ငင်ကြည့်နေတဲ့ သူ့အကြည့်တွေ။ သူ့အကြည့်တွေက တစ်မျိုးပဲ သူမ ကိုဘယျလိုအဓိပ်ပါယျမြိုးနဲ့ကွညျ့နတောလဲ သူမ သူ့မျက်လုံးအကြည့်တွေကိုမဖတ်တတ်ပါ
     သက္ကရာဇ် သူမ နဲ့နီးကပ်နေတုန်း သူမ ခန္ဓာကိုယ်က သင်းပျံ့လားတဲ့ နှင်းဆီမွှေးရနံ့ သူ တစ်ဝကြီး ရှူရှိုက်မိတယ်
နှိုင်း ဘာလုပ်ရမလဲ အခုက ဘာကြီးလဲ
"သက္ကရာဇ် နင် ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ"
"ဒီတိုင်းပဲ"
     သက္ကရာဇ် အဲ့လို ပြောပြီး သူမကို လွှတ်ပေးလိုက်တယ်
"သက္ကရာဇ် နင် နောက်တစ်ခါ ငါ့ကို လက်လွှတ်စပယ် လာမထိပါနဲ့"
    သူမ အဲ့လို ပြောပြီး ထွက်သွားဖို့ပြင်လိုက်တယ်
   သက္ကရာဇ် သူမ လက်ကို ရုတ်တရက်ဆွဲလိုက်တယ်
"ခင်ဗျား ကျုပ်နဲ့မတွေ့အောင် နေမှ ဖြစ်မယ်ထင််တယ်"
   သူမ သက္ကရာဇ် ဆွဲထားတဲ့လက်ကို ခါချလိုက််တယ် သူမ အဲ့နားက ထွက်လာလိုက်တယ်
"ဟက်...ကျုပ်အလျော့ပေးနေတုန်း ကျုပ်နဲ့ဝေးဝေးနေတာ ပိုကောင်းမယ် ဒေါ်နှိုင်းလင်္ကါ"
............................................................................
နှိုင်း အောက်ကို ဆင်းလာတော့ လှေကားနားမှာ စမ်းရေကို ဝင်တိုက်မိမလိုဖြစ်သွားတယ်
"ဟဲ့ သတိထားလေ"
"ဆောရီး ဆောရီး ငါမမြင်လိုက်လို့"
"ဘာဖြစ်လို့တုန်း"
"နင့်မတ်ကြောင့်ပေါ့"
"သက္ကရာဇ် က နင့်ဘာလုပ်လို့တုန်း"
      နှိုင်းပြောမလို့ ပြင်တုန်း နောက်ကနေ သက္ကရာဇ် က ဖြတ်ပြောလိုက်တယ်
"စ လိုက်တာပါ"
    စမ်းရေတို့အသံလာရာကြည့်တော့ လှေကားးပေါ်က ဆင်းလာတဲ့ သက္ကရာဇ်  သူမ နားမှာ ရပ်လိုက်တယ် နှိုင်း သက္ကရာဇ် ကို မျက်စောင်းထိုးလိုက်တယ်
"နင်ကလဲ အငယ်က စ တာပဲ သည်းခံလိုက်ပါ"
     နှိုင်း ဘာ ဆိုတဲ့အဓိပ်ပါယျနဲ့ ခေါင်းစောင်းလိုက်တယ် ဘာမှန်းသေချာမသိပဲ ဇွတ်သည်းခံခိုင်းနေတဲ့ သူငယ်ချင်း​ ကောင်းမ ကို ပိတ်သာရိုက်ပစ်လိုက်ချင်တယ်
    သက္ကရာဇ် ကပြုံးလိုက်တယ် ငါ့မရီး ရတာ ကံကောင်းလိုက်တာ အကိုရွေးတဲ့ မိန်းမ က တကယ်ကောင်းတာပဲ သူငယ်ချင်း လဲပေးတယ် ကိုယ့်ဘက်ကိုလဲ လိုက်ပေးတယ်
"သက္ကရာဇ် နင်သူ့ကို သွား မ စ နဲ့ သူက သူ့ကို စ ရင် တစ်ပုံစံတည်း ပြန်လုပ်တတ်တယ်"
    သက္ကရာဇ် နှုတ်ခမ်း တစ်ဖက်ပင့်ပြုံးပြီး
"ဟုလား"
"ဟုတယ်လေ"
    နှိုင်း ဘာပြောရမှန်းပင်မသိတော့
အရောက်ကို ပို့နေတော့တာပဲ
"တစ်ပုံစံတည်း ပြန်လုပ်ရင်လဲ စိတ်မဆိုးဘူးနော်"
    နှိုင်း စိတ်တိုလွန်းလို့ အကြောပင် ထောင်လာတယ် သူမ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တယ် ဒီနေရာမှာ တခြားသူသာဆို ပိတ်ထိုးလိုက်ပြီ
"စမ်းရေ နင်တော်လိုက်တော့"
"ငါဘာလုပ်လို့"
"အေး အဲ့တာကြောင့် ဘာမှမလုပ်ခင်တော်လိုက်တော့"
"အေးပါ ငါသွားတော့မယ် ကိတ်ခွဲတော့မှာနော်"
"ငါပါလိုက်မယ်"
     စမ်းရေ ရှေ့က ထွက်သွားလိုက်တယ် နှိုင်းက သက္ကရာဇ် ပခုံးကို တမင်သပ်သပ် တိုက်ချလိုက်ပြီး စမ်းရေ နောက်ကို လိုက်သွားလိုက်တယ် သက္ကရာဇ် နည်းနည်း ယိုင်သွားတယ် သူမကတော့ မသိချင်ယောင်ဆောင်လိုက်တယ် သက္ကရာဇ် တစ်ချက်ပြုံးပြီး
"တကယ်ကို မလွယ်ဘူးပဲ အဲ့တာကပဲ သူရဲ့ အားသာချက်ပဲ"
...........................................................................
  နှိုင်း ရယ် ဂျူလီရယ် ရဲဇေ ရယ် မွေးနေ့ပွဲပြီးတော့ အသီးသီး ပြန်သွားကြတယ် စမ်းရေ နှိုင်းတို့ ပြန်သွားတာကို နှုတ်ဆက်ရင်း သူတို့ကားလေးကိုကြည့်နေတယ် ထိုအချိန် သူမ နောက်ကနေ သူမ သိုင်းဖက်တာ ခံလိုက်ရတယ်
"baby"
     ပုံမှန်ဆို အဲ့လို ဖက်နေကြဆိုပေမဲ့ အခုက ခလေးတွေကော အခြားလူတွေပါ ရှိနေတော့
"ကို.. ဘာလို့ လာဖက်တာလဲ"
     သူမ ဒီရေ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်တယ်
ဒီရေ ဖက်ထားတာ အရမ်းမတင်းတာမို့ သူမ ချက်ချင်းပဲ ထွက်ရသွားတယ်
"ဟ bae ကလဲ ဘာလို့လဲ"
"ခလေးတွေကော ခလေးအုပ်ထိန်းသူတွေကောရှိတယ်လေ"
"အဲ့တော့"
    သူမ ဒီယောက်ျားကို ဘာပြောရမှန်းပင်မသိတော့
"ဟ ခလေးတွေ အတုယူမှားမယ်လေ"
"ဘယ်နေရာက အတုယူမှားရမှာလဲ ဒါက သဘာဝပဲလေ လင်မယား အဲ့လိုဖက်တာ ထူးဆန်းလို့လား"
"ကို အဲ့တာတော့ အဲ့တာပေါ့ ဒါပေမဲ့ ခလေးတွေမြင်ရင်..."
"အဲ့ခလေးတွေကလဲ အချိန်တန်လူကြီး ဖြစ်လာမှာပဲ အခုကတည်းက သင်ယူထားတော့ ကောင်းတာပေါ့"
"စကားကို ဘယ်လိုတွေပြောနေတာလဲ"
    ဒီရေ သူမ ခန္ဓာကိုယ်ကို လှမ်းဆွဲလိုက်တယ် သူမ ကို ရင်ခွင်ထဲ ထည့်လိုက်တယ် ဒီရေ သူမကို ဖက်ရင်းပြောလိုက်တယ်
"ဆိုလိုချင်တာက လူကြားထဲဆို ရှက်တာမလား"
"အွန်းး"
   ဒီရေ သူမ ဖက်တာကို လွှတ်လိုက်တယ်
တော်သေးလို့ပေါ့ သူမ ပြောတာကို နားလည်လို့
"လာ အခန်းထဲ သွားမယ်"
"ဟမ်"
    ဒီရေ ဘယ်လိုတောင် ပြောလိုက်တာလဲသူမ ထင်တာက သူမ ကို လွှတ်ပေးတာပေါ့ အခုဟာက ပိုဆိုးနေသလိုပဲ
"အခု ဘာပြောလိုက်တယ်"
"baby ကလဲ ကွာ baby ရှက်တယ်ဆိုလို့ ကို အခန်းထဲ သွားမယ်ပြောတာကို"
   စမ်းရေ တကယ် ကို ငိုချင်လာ
ပါပြီ ကိုယ်ပြောမှ ပိုဆိုးနေပြီ
"အဟမ်းး"
    သူတို့ ချောင်းဟန့်သံကြားလို့ ကြည့်လိုက်တော့
သက္ကရာဇ်
"ဘာကိစ္စလဲ"
"ပြန်တော့မယ် လာပြောတာလေ"
"ပြန်လေ"
      ဟ သက္ကရာဇ် ဒီ လူအကိုသာမတော်ရင် အကျဥ်းခန်းထဲ ထည့်ပြီး နှိပ်စက်နေလောက်ပြီ သူပဲ မသွားခင်လာပြောဆိုလို့ ကိုယ်က လာပြောတယ် အခုတော့ ကိုယ့်အပြစ်ဖြစ်ရပြီ
စမ်းရေ ဝင်ပြောလိုက်တယ်
"ဘယ်လိုပြောလိုက်တာလဲ"
"သူများလင်မယား ကြားဖျက်လိုဖျက်စီး လုပ်နေတာ"
"ခင်ဗျားပြောလို့ ကျုပ်လာပြောတာလေ"
" ပိုက်နက်ကိစ္စ ဘယ်လိုလဲ"
"ရှင်းလိုက်ပြီ"
"ဘယ်ဆိုးလို့လဲ"
    သက္ကရာဇ် တစ်ချက်ပြုံးလိုက်တယ်
"ပိရိပါတယ်နော်"
"သက်သေကျန်ရင် ကြိုက်သလိုလုပ်"
"okay"
"ဒါပဲမလား ကျုပ်ပြန်ပြီ မရီးပြန်ပြီနော်"
"အေးအေး ကားဂရုစိုက်မောင်း အုံး"
"မရီး သူငယ်ချင်း ကိုသာ ဂရုစိုက်ပါ"
"ငါ့သူငယ်ချင်း ကို ဘာဖြစ်လို့လဲ"
"အခိုးခံရမှာစိုးလို့"
စမ်းရေကြောင်သွားတယ်
"ဟမ် ဘာပြောတာ"
"ကျုပ်သွားပြီ"
     ဒီရေ ကတော့ ထိုစကားကို နားလည်တဲ့အတွက် ပြုံးလိုက်တယ် ဒီကောင် ငါ့ညီလို့ပြောစရာမလိုဘူးပဲ
............................................................................
(နှိုင်းနဲ့ သက္ကရာဇ် တို့အတွဲလာပါပြီနော် အစက နည်းနည်းနောက်ကျမှ တင်ပေးမလို့ပါပဲ ဒါပေမဲ့ ဖတ်ချင်တဲ့သူများ ရှိမလားလို့ တင်ပေးလိုက်တာပါ
နောက်တစ်ပိုဒ်က နည်းနည်းတော့ကြာပါမယ်နော် ထုံးစံအတိုင်း စာလုံးပေါင်းလေး မှားရင် တောင်းပန်ပါတယ်နော်
စာဖတ်သူတို့ကျန်းမာရေး ဂရုစိုက်ပြီး အသွားအလာဂရုစိုက်ကြပါနော်😘😘)

     

Don't run awayWhere stories live. Discover now