အခုငါ အိမ်ပြန်လို့ရပြီလား"
"အချိန်ကိုကြည့်လေ မိန်းခလေးတစ်ယောက်အိမ်ပြန်ချိန်လား"
"ရပါတယ် ဘာမှဖြစ်ဘူး ငါပြန်ရဲတယ်"
"မရဘူး!"
နှိုင်းကြောင်သွားတယ်
"မပြန်တော့ ငါဘာလုပ်ရ"
"ဒီမှာအိပ်လေ အရင်တုန်းကလဲ ဒီမှာနေတာပဲ"
"အခြေအနေချင်း မတူဘူးလေ"
"တူတူမတူတူ ခင်ဗျား မပြန်ရဘူး"
"သက္ကရာဇ် နင် နားလည်စမ်းပါဟာ"
"ကျုပ် မရီးကို ဖုန်းဆက်ပြောထားတယ် ခင်ဗျား အိမ်ကို ပြောပေးလိမ့်မယ် ဒီည ဒီမှာအိပ်"
"ဘာ!နင်က ဒါကြိုတင်စီစဥ်ထားတာပဲ"
"အဲ့တော့ ဘာဖြစ်လဲ"
"နင်..နင်."
"ဗိုက်ဆာပြီလား"
"မစားဘူး"
"ဘာလဲ ဆန္ဒပြနေတာလား"
"ဝိတ်ချနေတာ"
"ခင်ဗျား ခါးဒီလောက်ပိန်တာကို"
"ဘာဖြစ်လဲ ငါအိပ်တော့မယ်"
သူမ ကုတင်ပေါ် လှဲ ပြီး ခြေရင်းက စောင်ကို ဆွဲခြုံလိုက်တယ် သက္ကရာဇ် သူမ အပြုအမှုတွေကို နံရံမှီပြီးကြည့်နေတယ်
"အခန်းမီး ပိတ်ပေးပါအုံး"
သက္ကရာဇ် သူမ ပြောတာကိုမဖြေ သူ့ဘေးမှာ ရှိတဲ့ မီးကို လှမ်းပိတ်လိုက်တယ်
နှိုင်း လဲအိပ်ပျော်အောင်ကြိုးစားလိုက်တယ် ရုတ်ချည်းပင် သူမ လန့်သွားတယ် သူမ မျက်လုံးပွင့်လာတယ် သူမ ခါးကို တင်းကျပ်စွာလာဖက်တဲ့လက် သူမ ကျောပေးထားရာကနေ လှည့်လာတယ်
သက္ကရာဇ် မီးပိတ်ပြီးတော့သူမ ရှိတဲ့ကုတင်ဆီတက်လာပြီး သူ့အပေါ်အင်္ကျီနဲ့ဖိနပ်ကိုချွတ်ကာ သူမ စောင်ထဲ ဝင်နေရာယူလိုက်တယ် နည်းနည်းဝေးနေတဲ့ သူမ ကို သူ့လက်တစ်ဖက်နဲ့ဆွဲဖက်လိုက်တယ်
သူမ သူ့ဘက်ကိုလှည့်လာတော့ သူတို့မျက်နှာတွေ နီးကပ်သွားတယ် သူမလက်နှစ်ဖက်ကသက္ကရာဇ်ရင်ဘတ်ကိုတွန်းထားတယ် သူမ လိုက်စမ်းတော့ အင်္ကျီမပါ
"နင်..နင်.အင်္ကျီကော"
"ချွတ်ထားတယ်လေ"
"ဟမ်"
သက္ကရာဇ် အမှောင်ထဲမှာ တစ်ချက်ပြုံးလိုက်တယ် သူမ လန့်နေတဲ့ပုံက တကယ်ပင်ရယ်ချင်စရာကောင်းပေတယ်
"ဒါနဲ့ နင်အခု ဘာလုပ်တာလဲ"
"ဖက်ထားတာလေ"
"ဟ နင်ဖက်ထားတာတော့သိတယ်လေ ဒါပေမဲ့ ကိုယ့်အခန်းကို သွားအိပ်လေ"
"ကျုပ်အိမ်ကျုပ်အိပ်တာပဲ ဘယ်အခန်းအိပ်အိပ်ပေါ့"
"နင်အကျင့်မကောင်းတာပဲ"
"ဘာဖြစ်လဲ"
"နင်..အင်္ကျီဝတ်အိပ်သင့်တယ်"
"ကျုပ်က အကျင့်ပါနေတာ"
"ညတိုင်း အဲ့လို အိပ်တာလား"
"ဟုတယ်လေ"
"နင်ငါ့ကို အဲ့လောက်ကြီးမဖက်နဲ့လေ"
"ခင်ဗျားကလဲ အဲ့လောက်ကြီးမတွန်းနဲ့လေ"
"ဟ နင်က အတင်းကြီးဆွဲနေတာကို"
"ဟ ကိုယ့်ကောင်လေးက ဖက်တာပဲ ခင်ဗျားက ဘာဖြစ်နေတာလဲ"
"ဒါပေမဲ့..."
"မတွန်းနဲ့"
"ဒါပေမဲ့ ငါနေရကြပ်တယ်"
"နောက်ကျ ဒီထက် ဆိုးမှာ အကျင့်ရအောင်လုပ်"
"ဟ သက္ကရာဇ်!နင် အင်္ကျီမဝတ်ထားဘူးလေ"
"အဲ့တော့ ဘာဖြစ်လဲ"
"ငါမနေတတ်ဘူး"
"လာပါ နောက်ကျ တစ်ကိုယ်လုံး မြင်ရမှာပဲကို"
"နင်!"
သူမ ခန္ဓာကိုယ် ကို ပိုလို့ပင်တိုးကပ်လိုက်တယ် သူမ အပေါ်ပိုင်းနဲ့ သူ့အပေါ်ပိုင်းက ထိခက်နေတယ် သက္ကရာဇ်ရဲ့နှခေါင်းက လေက နှိုင်း ရဲ့ နားရွက်ဖျားကို လာထိခက်နေတယ် သက္ကရာဇ် ရဲ့အသံရှူသံကိုပင်သူမ ကြားနေရတယ် သက္ကရာဇ် အပေါ်ပိုင်းကြောင့်လဲ သူမ နေရခက်နေတယ် သူတော်တော်ကိုတောင်းတင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ထားတာပဲ ဘယ်လောက်တောင် လေ့ကျင့်ခန်းလုပ်လဲသိသာနေတယ်
နှိုင်း ရဲ့နှာခေါင်းကလေကလဲ သက္ကရာဇ် ရဲ့ရင်ဘတ်ပေါ်ကိုရိုက်နေတယ် သက္ကရာဇ် နှိုင်း ကို သေချာကြည့်နေမိတယ်
"ခင်ဗျား အသက်ရှူတာတော်တော်ပြင်းတာလဲ"
"ဘာဖြစ်လဲ"
"ဟက်..."
"ဘာရီတာလဲ"
"ဘာမှမဟုဘူး အိပ်ရအောင်"
'(ဒီလို အခြေအနေမှာ ဘယ်လိုလုပ် အိပ်ပျော်မှာတုန်း)'
သူမ ထိုစကားကိုတိုးတိုးလေးဆိုလိုက်တယ်
သက္ကရာဇ်ကကြားတော့ တစ်ချက်ပြုံးပြီး သူမ နားနားလေးကိုကပ်ကာ
"နောက်ဆို ခင်ဗျားကိုအသက်ရှူခွင့်တောင်မပေးဘူး"
သူမ သူ့ရင်ဘတ်ကို ရိုက်လိုက်တယ်
"ဟ"
"အိပ်မယ်"
သူမ မျက်လုံးမှိတ်လိုက်တယ် သက္ကရာဇ် လဲသူမ အတန်ကြာအောင်ကြည့်နေပြီး
"မအိပ်သေးဘူးမလား"
သူမ မျက်လုံးပွင့်လာတယ်
"နင်ဒီလိုလုပ်တာ ငါအိပ်ပျော်ပါ့မလား"
"မအိပ်မဲ့အတူတူ ပျော်စရာကောင်းတာလုပ်မလား"
ထိုစကားကို မျက်ခုံးပင့်ပြီးပြောပြလိုက်တယ် နှိုင်းကချက်ချင်းပင်ငြင်းလိုက်တယ်
"မလုပ်ချင်ဘူး"
"ကျုပ်ကလုပ်ချင်တယ်"
ထိုသို့ပြောရင်း သူမ နှုတ်ခမ်း ဆီကိုရွေ့လျားလိုက်တယ် သူမ နှုတ်ခမ်း ကို မရောက်ခင်ပဲ တားဆီးခြင်းခံလိုက်ရတယ် သက္ကရာဇ် မျက်မှောင်ကြုတ်လိုက်တယ်
နှိုင်း သက္ကရာဇ် ဘာလုပ်မယ်မှန်းသိလို့ အပြတ်ကိုငြင်းလိုက်တာ ဒါတောင် အတင်းဇွတ်တိုးနေတယ်
"ဘာလို့လဲ"
"သက္ကရာဇ် နင်နဲ့ငါ သမီးရည်းစားဖြစ်တာက တစ်ရက်တောင်မပြည့်သေးဘူး နင် ဒီလိုလုပ်တာတော့ မကောင်းဘူးနော်"
"အဲ့ဆို ဘယ်လောက်ပြည့်မှ လုပ်လို့ရလဲ"
"နင်...နင်တော်တော်ကို"
"ဘာဖြစ်လဲ"
"ဒီမှာ နင်ငါ့ကို အဲ့လိုမလုပ်နဲ့"
"ဘာလို့"
"နင်နဲ့ငါက လင်မယားမဟုဘူးလေ လင်မယားတွေမှ အဲ့လို လုပ်တာလေ"
"အချိန်တန်ဖြစ်မှာပဲကို"
"သက္ကရာဇ် မလုပ်ရဘူးဆို မလုပ်ရဘူး"
"ဟက်...ခင်ဗျားက စိတ်ဝင်စားစရာပဲ"
ဒီတစ်ခါ မျက်မှောင်ကြုတ် တာ သက္ကရာဇ် မဟုပဲ နှိုင်း ဖြစ်နေတယ် ကိုယ်က ဘာလုပ်လို့ သူကလာစိတ်ဝင်စားနေတာလဲ
"ငါနင့်ကိုမေးအုန်းမယ်"
"မေးလေ"
နှိုင်း အဲ့မေးခွန်းမေးဖို့ နည်းနည်းတော့ တုံ့ဆိုင်းနေတယ် ဒါပေမဲ့ သူမ စိတ်ကိုတင်းပြီးပြောလိုက််တယ်
"နင်က ငါ့ကိုလက်ထပ်မှာလား"
နှိုင်းအသံနည်းနည်းကျယ်သွားတယ်
"ခင်ဗျား အဲ့လောက်မကျယ်လဲ ရပါတယ် ကျုပ်ကြားရပါတယ်"
တကယ်တော့ နှိုင်းက အသံသိပ်မထွက်မှာစိုးလို့ စိတ်ကိုရဲဆေးတင်ပြီး ပြောလိုက်တော့ အော်ပြောသလိုဖြစ်သွားတာ
"ငါမေးတာသာဖြေပါ"
"ခင်ဗျားကိုပြောပြီးသားပဲ ကျုပ်အပိုင်ပါဆိုမှ ကျုပ်ရအောင်ယူမှာပေါ့"
"နင် ငါ့ကို ဘာလို့ နင့်အပိုင်လို့ သဘောထားလိုက်တာလဲ"
"ထူးခြားလို့"
"ဘာပြောတယ်"
"ခင်ဗျား ဒီလောက်စကားများတာမသိခဲ့ဘူး"
"ဘာဖြစ်လဲ ငါ့ပါးစပ်နဲ့ငါများတာ"
"အိပ်တော့"
နှိုင်း လဲ ဘာမှဆက်မပြောပဲ သူမ ဒီပုံစံအတိုင်းအိပ်ပျော်အောင် ကြိုးစားလိုက်တယ် သက္ကရာဇ် ကတော့ အေးအေးလူလူအိပ်ပျော်သွားပုံပဲ
.............................................................................
စမ်းရေ သက္ကရာဇ် ဖုန်းဆက်တုန်းကလန့်သွားတယ် နှိုင်း ထွက်သွားပြီး သူမဆီ သက္ကရာဇ် က ဖုန်းဆက်လာတယ်
"သက္ကရာဇ် ဘာဖြစ်လို့လဲ"
"မရီး သူငယ်ချင်း ကို ကျေနာ်ဒီညခေါ်ထားလိုက်တယ်"
"ဘာပြောတယ်!"
"မရီး သူ့အိမ်ကို ဖုန်းဆက်ပြောပေးပါ့လား"
"သက္ကရာဇ်.."
စမ်းရေ ဆုံးအောင်မပြောရသေးခင် ဖုန်းချသွားတယ်
သူမလဲ နှိုင်း အမေကို ဖုန်းဆက်ပြီး ဒီည နှိုင်းက သူ့အိမ်အိပ်မှာ ဆိုပြီး လိမ်လိုက်ရတယ် အခု သူမ နှိုင်းကို စိတ်ပူနေတယ် အခန်းထဲမှာ ဟိုဘက် ဒီဘက်လျှောက်နေတယ် ဒီရေ က ရေချိုးခန်းထဲက ထွက်လာပြီး အခန်းတံခါးကို မှီပြီးသူမ ကိုကြည့်နေတယ်
"bae စိတ်ကိုအေးအေးထားပါ"
"ကို သက္ကရာဇ် က ဘာလို့ နှိုင်းကို ခေါ်သွားတာလဲ"
"ကို ဘယ်သိမလဲ"
"နှိုင်းက သူ့ကို ဘာလုပ်လို့ သူက နှိုင်း ခေါ်သွားတာလဲ"
"bae ရယ် စိတ်ကိုလျှော့ ကို ညီ က bae သူငယ်ချင်းကို ထိခိုက်အောင်မလုပ်ပါဘူး"
"ဒါပေမဲ့ ကို ရယ် ညဘက်ကြီး အဲ့လိုဆိုတော့.."
ဒီရေ တစ်ချက်ပြုံးလိုက်တယ်
"bae တကယ်လို့ bae ရဲ့ မတ်က နှိုင်းကို စိတ်ဝင်စားတယ်ဆိုရင်ကော"
"အဲ့တာကတော့ လက်ခံပါတယ် စိတ်ဝင်စားတယ်ဆိုတိုင်း အဲ့လိုကြီး အတင်းမလုပ်နဲ့လေ ဖြည်းဖြည်းချင်း နှိုင်း အချစ်ကို ရအောင် ကြိုးစားရမှာပေါ့"
ဒီရေ စမ်းရေ နားကို ကပ်သွားပြီး
"အဲ့ကောင်က အဲ့လောက်စိတ်မရှည်ဘူး"
"ရှင်ကြီးနဲ့တူတာပေါ့"
"ဘာကို"
"ကို တုန်းကလဲ အဲ့လိုပဲလေ"
"ကို စိတ်ရှည်ပါတယ်"
"ဘယ်နားစိတ်ရှည်"
"ကို ကတော့ အဲ့တုန်းက bae နဲ့အတူနေဖို့ စောင့်တယ်လေ"
"တော်တော် စောင့်ရှာတာဆိုတော့"
"ဟုပါပြီ ထားလိုက်ပါတော့"
ထိုသို့ပြောရင်း သူမကို ပွေ့ချီလိုက်တယ်
"ဘာလုပ်တာတုန်း"
"ချီတာလေ"
သူမ ကိုချီရင်း သူရဲ့ဦးတည်ချက်ကတော့ သူတို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ ကုတင်ဆီ
"ကို"
"ပြောလေ bae"
"ဒီညတော့ နားရအောင်"
"ဟက်..bae ဒီအချိန်မှ ကိုယ့်ကို တားနိုင်တာ ဘယ်သူမှမရှိဘူးနော်"
"ကိုနော်"
ဒီရေ သူမကို ကုတင်ပေါ်ဖြေးညင်းစွာချလိုက်တယ်
"bae ရှက်တုန်းပဲလား"
စမ်းရေ ဘာမှမဖြေ
"နည်းနည်းပါ"
ဒီရေ သူမ နဖူးကို ငုံ့နမ်းလိုက်တယ် သူမ နဖူးနဲ့သူ့နဖူးကို ထိကပ်ထားပြီး သူမကိုကြည့်ကာ
"ချစ်တယ် bae"
"baeကောပဲ"
ဒီရေပြုံးလိုက်ပြီး သူမ နားရွက်ကို လှမ်းကိုက်လိုက်တယ် သူမ နှုတ်ခမ်းဆီ ကို ရွေ့လျားသွားတယ် သူမ နှုတ်ခမ်း ကိုထိရုံလေးနမ်းလိုက်တယ် ဒီရေ ထိုအထိအတွေ့လေးနဲ့တင် သူမက သူ့ကို စွဲလမ်းသွားအောင်လုပ်နိုင်တယ် ဒီရေ အနမ်းက ရုတ်ချည်း ပြောင်းလဲလာတယ် သူမ နှုတ်ခမ်း ကို တဖြည်းဖြည်း စုပ်ယူလာတယ် ထိုပုံစံက တဖြည်းဖြည်းနဲ့ မြန်ဆန်လာတယ် သူမ နှုတ်ခမ်း တစ်ခုလုံးကို သူစိတ်ကြိုက် စားသောက်နေတယ် သူ့လက်တွေက သူမ ဝတ်ထားတဲ့ အင်္ကျီကြယ်သီး တစ်လုံးချင်းကို လျင်မြန်စွာဖြုတ်လာတယ်ရုတ်တရက် သူမ လက်နှစ်ဖက်ကိုချုပ်ပြီး သူ့အနမ်းက သူမ နှုတ်ခမ်း ကနေ သူမ လည်ပင်းကို ရမ္မက်ဆန်ဆန် နမ်းရှိုက်လာတယ် ထိုအချိန် ပေါ်နေတဲ့ ပခုံးသားလေး ဖိကိုက်လိုက်တယ်
"အ့.. နာတယ်"
"bae အခုထိ ကျင့်သားမရသေးဘူးပဲ"
ဒီရေ သူမ ကိုဝါးစားမတတ်အကြည့်တွေနဲ့ ပြုံးလိုက်တယ် သူရဲ့ခရီးစဥ်ကို ဆက်လိုက်တယ် သူမကို အမှောင်အမိုက်ဆုံးနေရာကို ခေါ်ဆောင်သွားလိုက်တယ်
............................................................................
မနက်ပိုင်းနေရောင်က ပြတင်းပေါက်ကို ဝင်ရောက်လာတယ် ထိုအလင်းက နှိုင်း မျက်လုံးပေါ်ကို စူးကျလာတယ် သူမ မျက်မှောင်ရှုံးရင်း ဘေးကလူရင်ဘတ်ထဲ ကို ပိုတိုးဝင်လိုက်တယ်
သက္ကရာဇ် နိုးတာကြာပါပြီ အရမ်းအကြာကြီး မအိပ်တတ်တဲ့အတွက် မနက် အစောကြီးကတည်းက နိုးနေတာပါ သူ မထသေးပဲ သူမ ကိုကြည့်နေတယ်
သိပ်မအိပ်တတ်ရှာဘူးပဲ နေရောင်က သူမ အပေါ် စူးကျတော့ သူမ သူ့ရင်ခွင်ထဲကိုတိုးဝင်လာတယ် သူမ နှုတ်ခမ်း က သူ့ရင်ဘတ်ကိုထိနေတယ် သူမ အသက်ရှူလေက သူ့ရင်ဘတ်ကို ပိုထိခက်နေတယ်
'ဒေါ်နှိုင်းလင်္ကါ ကျုပ်ကို ခွင့်မပြုတာလဲ ခင်ဗျားပဲ ကျုပ်စိတ်ကိုလာဆွနေတာလဲ ခင်ဗျားပဲ'
နှိုင်း နည်းနည်းလောက်ကြာတော့ နိုးလာတယ် သူမ ဘေးနားကိုကြည့်တော့ ဘယ္သူမွ မရှိပေ သူမ လဲ ကုတင်ပေါ်က ဆင်းပြီး ရေချိုးခန်းထဲ သွားဖို့ပြင်လိုက်တယ် သူမ အိပ်ချင်မူးတူးနဲ့ သူမ အခန်းတံခါးကိုဖွင့်လိုက်တော့ သူမ အိပ်ချင်နေတဲ့ မျက်လုံးတွေပင် ပြူးကျယ်သွားတယ် သူမ အခန်းတံကို မြန်မြန်ပိတ်လိုက်တယ်
"ငါဘာမြင်လိုက်တာလဲ ငါဘာမှမမြင်ဘူး ဟုတယ် ဟုတယ် ဘာမှမမြင်လိုက်ဘူး"
သက္ကရာဇ် ရေချိုးခန်းထဲ ရေပန်းအောက်ဝင်ပြီး ရေချိုးနေတုန်း တံခါးလာဖွင့်တာမြင်တော့ လှည့်ကြည့်လိုက်တယ် သူမ ပုံစံက တော်တော်ထိန်လန့်သွားပုံပဲ တံခါးကို မြန်မြန်ပိတ်သွားတယ် သက္ကရာဇ်က ရေချိုးတိုင်း အခန်းတံခါးမပိတ်တတ်တဲ့အကျင့်တစ်ခုရှိတယ် သူ ရေကိုဝအောင်ချိုးပြီး တပတ္ပတ္ကာ အခန်းပြင်ကိုထွက်လာတယ် သူမက သူလာတာကို သတိမထားမိပုံ သူ့ကိုကျောပေးရင်း သူမ တပတ်ပတ်ကာ အခန်းပြင်ကိုထွက်လာတယ် သူမက သူလာတာကို သတိမထားမိပုံ သူ့ကိုကျောပေးရင်း
"ငါဘာမြင်လိုက်တာလဲ"
သက္ကရာဇ် သူမ ကျောနားကိုကပ်ပြီး
"ခင်ဗျား ဘာမြင်လိုက်တာလဲ"
သူမလန့်သွားပြီး သူ့ကို ကြည့်လိုက်ပြီး
"သက္ကရာဇ်!"
သက္ကရာဇ် သူမကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တယ်
"ပြောလေ ဘာမြင်လိုက်တာလဲ"
"ဘာမှမဟုဘူး ဘာမှမမြင်လိုက်ဘူး"
"အဲ့ဆို ခင်ဗျား ကန်းနေတာ"
"ငါကဘာလို့ကန်းရမှာလဲ"
"ကျုပ်ဟာက ခင်ဗျား မမြင်ရလောက်အောင် မသေးဘူး"
"နင်..နင်.."
"ပြော ခင်ဗျားကန်းနေတာလား"
"ကန်းစရာလား"
"မြင်တယ်ပေါ့"
"မြင်တယ်!မြင်တယ်!"
သူမ သူ့ကို ဆောင့်အောင့်ပြီး ပြောလိုက်တယ် သူမ သူ့ကို တွန်းထုတ်ပြီး ရေချိုးခန်းဘက်ကို ဝင်သွားတယ်
သက္ကရာဇ် သူမကို ပဲ ကြည့်နေလိုက်တယ် သူ အဝတ်အစား လဲ ပြီး သူမကိုစောင့်နေတယ် သူမ ကခနလေးပဲ ထွက်လာတယ်
"ခင်ဗျား ရေမချိုးဘူးလား"
"ငါလဲစရာအဝတ်မှမရှိတာ"
"ရေချိုးလိုက်"
"အဝတ်အစား က"
"ကျုပ်လူကို ဝယ်ခိုင်းလိုက်မယ်"
"ငါပြောရအုံးမယ် ပန်းရောင်လုံးဝ ဝယ်မပေးနဲ့နော် ပြီးတော့ ဂါဝန်အတိုရယ် စကပ် အတိုရယ် လုံးဝနော်"
"ကျုပ် ကြည့်လုပ်လိုက်မယ်"
"ဒါပေမဲ့.."
"ကျုပ်လာချိုးပေးရမလား"
"ရတယ် ငါ့ဟာငါချိုးလိုက်မယ်"
သူမ မြန်မြန်ပင် အခန်းတံခါးကို ပိတ်ချလိုက်တယ်
ခနကြာတော့ သူမှာထားတဲ့အင်္ကျီတွေ ရောက်လာတယ် သူမ ရေချိုးခန်းထဲက ခေါင်းလေးထွက်လာပြီး
"အဝတ်အစားတွေ"
သက္ကရာဇ် အဝတ်အစားထုပ်ကို ယူပြီး ရေချိုးခန်း ဆီလျှောက်လာလိုက်တယ် သူ မလှမ်းမကမ်းရောက်တော့
"အဲ့နားကပဲ လှမ်းပေးလိုက်"
သက္ကရာဇ် မျက်မှောင်ကြုတ် ပြီး အဝတ်ထုပ်ကို လှမ်းမပေးပေ။
"ပေးလေ"
"လိုချင် လာယူ"
"နင်ညစ်ပတ်တာပဲ"
"ဘာဖြစ်လဲ"
သူမ ပဝါနှစ်ထည်ကို တစ်ထည်ကို ရင်လျားလိုက်ပြီး နောက်တစ်ထည်ကို ခြုံလိုက်တယ် သူမ အခန်းပြင်ထွက်လာလိုက်တယ်
"ပေး"
သူမ လက်ကို ဆွဲယူပြီး သူမ ခါးကိုဖက်လိုက်တယ်
"သက္ကရာဇ်!"
"ပြောလေ"
"တပတ်ပြေ ကျသွားလိမ့်မယ်"
"ကျကျပေါ့"
"ဟ"
"ခင်ဗျားတောင် ကျုပ်ကိုကြည့်သေးတာပဲ"
"ငါက မတော်တဆလေ"
"ကျုပ်လဲ မတော်တဆပဲ"
"နင်တမင်သက်သက်လုပ်နေတာလေ"
"သိရင်ပြီးကော"
"သက္ကရာဇ် နောက်မှ ကြိုက်သလိုလုပ် အခုတော့ ငါအဝတ်လဲပါရစေဟာ"
"ကောင်းပြီလေ"
သူမလဲ အဝတ်ထုပ်ကို ဆွဲပြီး ရေချိုးခန်းထဲ ဝင်သွားတယ်
နှိုင်း ဝယ်လာတဲ့အဝတ်အစားကိုကြည့်လိုက်တော့ ဂျင်းဘောင်းဘီ အတိုရယ် ဂျိုင်းပြတ်တီရှပ် အပွရယ် အပေါ်ထပ် အဖြူရောင်အပါးလေးရယ်
"ဘယ်ဆိုးလို့လဲ"
သူမ အဝတ်အစားဝတ်ပြီး ဆံပင်ကို သပ်ရပ်အောင်လုပ်လိုက်တယ်
သူမ ရေချိုးခန်းထဲ ကထွက်လာတော့ သက္ကရာဇ် ကိုတွေ့တော့
"နင်ရွေးတတ်သားပဲ"
"ခင်ဗျား စတိုင်လ်ကို သိရုံပါ"
"မဆိုးဘူး"
သူမ အခန်းပြင်ထွက်ဖို့ ပြင်လိုက်တယ်
"နေအုံး"
"ဘာတုန်း"
"ခင်ဗျား ပြောခဲ့တဲ့စကားကို မှတ်မိမှာပါနော်"
"အဲ့တာက.."
"ကျုပ်ကို နမ်း"
"ဟမ်"
"လုပ်လေ ကတိတည်"
သူမ ခြေဖျားထောက်ပြီး သူ့ပါးကို လှမ်းနမ်းလိုက်တယ်
"ကျုပ်နမ်းခိုင်းတာ နှုတ်ခမ်းလေ"
"မသိဘူးလေ နင်မှ ကြိုမပြောတာ"
"ခင်ဗျားလူလည်ကျတာပဲ"
"လာပါ မနက်စာ စားရအောင် ဗိုက်ဆာနေပြီ"
သူမ ရှေ့က ဦးဆောင်ပြီး ထွက်သွားတယ် သက္ကရာဇ် လဲ သူ့ပါးကို ကိုင်ရင်း တစ်ချက်ပြုံးလိုက်ပြီး လိုက်လာလိုက်တယ်
နှိုင်း မနက်စာစားလိုက်တယ် သက္ကရာဇ် နဲ့အတူတူပေါ့ သူမ နဲ့ရင်းနှီးတဲ့နေရာဖြစ်တဲ့အတွက် သူမ အတွက် အရမ်းကြီး စိမ်းသက်မနေပါ သူမ မနက်စာစားနေရင်း
"သက္ကရာဇ် နင်ငါ့ကို မချစ်ဘူးမလား"
"အွန်းး"
"အဲ့တာကို ငါ့ကို ဘာလို့ တွဲတာလဲ"
"ပြောပြီးသားလေ"
"ဒါပေမဲ့ နင်မချစ်တဲ့လူတစ်ယောက်ကို လက်ထပ်မယ်ဆိုတာက မဖြစ်သင့်ဘူးလေ"
"လက်ထပ်တယ်ဆိုတာ အသေအချာချစ်နေဖို့မလိုဘူး ကျုပ်လိုတာက ကျုပ်နားမှာ သတ္တိရှိရှိရပ်နေမဲ့ မိန်းမပဲ ခင်ဗျားက အဲ့လို မိန်းခလေးမို့ ခင်ဗျားကိုရွေးလိုက်တာ"
"နင့်ပုံစံက တစ်မျိုးပဲ"
သက္ကရာဇ် သောက်လက်စ ကော်ဖီကို ဆက်သောက်နေလိုက်တယ်
နှိုင်း တကယ်တော့ သူပြောတာကို လက်ခံပါတယ် လက်ထပ်တယ်ဆိုတာ အသေအချာချစ်နေဖို့မလိုဘူး လေ သူမ အသက်အရွယ်အရဆို လက်ထပ်သင့်နေပြီ သူမ လက်ထပ်ဖို့အစီအစဥ်ရှိပါတယ် သူမ သဘောကျရင်ပေါ့ ဒီတစ်ယောက်ကျတော့ သူမမှာ သဘောကျ မကျ ကိုပြောခွင့်မရ သူမ မှာလက်ခံလိုက်ရတယ်
"ငါစားပြီးပြီ အလုပ်သွားတော့မယ်"
"ကျုပ်လိုက်ပို့မယ်"
"ကောင်းတာပေါ့ အေးဆေးစား ငါစောင့်နေမယ်"
သက္ကရာဇ် တကယ်ကို အေးဆေးစားနေတာပဲ
ထိုအချိန် သူ့ဖုန်းထ မြည်လာတယ် သက္ကရာဇ် ဖုန်းနံပါတ်ကို ကိုကြည့်လိုက်တော့
"ကိုင်လိုက်"
"ငါ့ကိုပြောတာလား"
"ဟုတယ် ကိုင်လိုက်"
"ဘယ်သူလဲ"
"နှင်းသက်လွှာ"
သူမလဲ ဖုန်းကို ကိုင်လိုက်တယ်
"ဟယ်လို"
နှင်းသက်လွှာ အသံချိုချိုလေး ထွက်လာတယ်
"ဟယ်လို"
နှိုင်း မျက်ခုံးပင့်လိုက်တယ် တကယ်ကို ဆွဲဆောင်မှုရှိတဲ့ အသံပဲ
"ဘာကိစ္စရှိလို့လဲ"
"သက္ကရာဇ် နဲ့ပြောချင်လို့ပါ"
"ဟို..သူက မနက်စာစားနေတယ် မအားသေးဘူး"
"အဲ့ဆို စားပြီးရင် ဖုန်းပြန်ဆက်ခိုင်းလိုက်ပါ"
သူမ သက္ကရာဇ် ကို တစ်ချက်ကြည့်လိုက်တယ် သက္ကရာဇ် ခေါင်းရမ်းပြလိုက်တယ် သူမ ဘာပြန်ပြောရမှန်းမသိ သက္ကရာဇ် သက်ပြင်းတစ်ချက်ချပြီး
"မ"
"ဟင်"
နှင်းသက်လွှာ ကြားအောင်ခေါ်လိုက်တယ်
"ဘယ်သူနဲ့ပြောနေတာလဲ"
နှင်းသက်လွှာ သိသွားပါပြီ သူနဲ့ပြောနေတာက သူ့ကောင်မလေးပဲ ကိုယ်ကပဲ အရှက် မရှိ ဖုန်းသွားခေါ်နေတာ နှင်းသက်လွှာ ဘာမှမပြောပဲ ဖုန်းကိုချလိုက်တယ်
"ချသွားပြီ"
သက္ကရာဇ် ကတော့ အေးအေးဆေးဆေးပဲ
"နင်သွေးးအေးလိုက်တာ ဟိုက အသံလေးဖြင့်ချိုနေတာကို"
"ကျုပ်က ခင်ဗျားကောင်လေးနော်"
"အော်..ဟုသားပဲ"
............................................................................
(ဒီတစ်ပိုဒ်ကြာသွားလို့တောင်းပန်ပါတယ် သာသာ နယ်ရောက်နေလို့ပါ ဖုန်းအားနဲ့လိုင်းက အဆင်မပြေဖြစ်တော့ နောက်တစ်ပိုဒ်က ကြာပါမယ်နော် ရရင်ရသလိုတော့ တင်ပေးပါ့မယ်နော်)
YOU ARE READING
Don't run away
Romanceဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚