နှိုင်း ခြံဝမှာရပ်နေမိသည် သူမ ရှေ့ဆက်သွားချင်ပေမဲ့ သူမခြေထောက်က ရွေ့မလာ
"ခင်ဗျား ခြံထဲဝင်ဖို့ အစီအစဥ်ရှိပါသေးတယ်နော်"
သက္ကရာဇ် သူမကို ပြောလိုက်သည် သူအစောကတည်းက ကြည့်နေတာ သူမ ဘယ်တော့ဝင်မလဲပေါ့ အတန်ကြာတဲ့အထိ ရွေ့မလာ
"ဟိုလေ ငါတို့ နောက်နေ့မှ.."
သက္ကရာဇ် သူမ ဆုံးအောင်မပြာရသေးခင် သူမ လက်ကိုဆွဲလိုက်ပြီး ခြံထဲဝင်လာခဲ့သည်
"နေ...နေအုံး သက္ကရာဇ်"
သူမ သက္ကရာဇ် လက်ကို အတင်းရုန်းလိုက်သည်
"ခင်ဗျား ဘာဖြစ်ချင်နေတာလဲ"
"ငါ...ငါ.."
"ခင်ဗျား ဘာလုပ်မှာလဲ ပြော"
သက္ကရာဇ် တကယ် စိတ်မရှည်တော့ပေ
ထိုအချိန် အိမ်ထဲက ဒေါ်ကြည်ဖြူထွက်လာသည် သူမ တို့ကိုတစ်ချက်ကြည့်ပြီး
"အိမ်ထဲ ဝင်ခဲ့"
သူမ ခပ်မာမာပင်ပြောပြီး အိမ်ထဲဝင်သွားသည် အစောကတည်းက ခြံဝမှာ ရစ်သီရစ်သီလုပ်နေတာ သူမ တွေ့ပါသည် သူမ ဝင်လာမလားဆိုပြီးစောင့်နေတာ ကောင်လေးက ဝင်ချင်ပေမဲ့ သူမ သမီးက ပေကပ်နေသည် သူမလဲ စိတ်မရှည်တော့တာနဲ့ အိမ်ရှေ့ထွက်လာပြီး ဝင်ဖို့ပြောရတော့သည်
သက္ကရာဇ် လဲ သူမ လက်ကိုဆွဲပြီးဝင်သွားလိုက်သည် သူမ သူဆွဲခေါ်ရာနောက်ပါသွားသည်သက္ကရာဇ် ဧည့်ခန်း ထဲမှာရှိတဲ့ ဒေါ်ကြည်ဖြူ ဆီတည့်တည့်လျှောက်သွားလိုက်သည်
"ဘာကိစ္စလဲ"
"ကျုပ်.."
နှိုင်း သက္ကရာဇ် လက်ကို ဆိတ်လိုက်သည်
"ကျတော် အန်တီသမီး ဒေါ်နှိုင်းလင်္ကါနဲ့လက်ထပ်ချင်လို့ပါ"
"လုပ်ချင်တာလုပ်ပြီးမှ ငါ့ကိုလာပြောနေတော့ရော ဘာထူးမှာလဲ"
သူမ ထိုစကားကြားတော့ မျက်ရည်တွေပင်ဝဲလာသည်
သက္ကရာဇ် ထိုမိန်းမကြီး ကိုနည်းနည်းတော့ချဥ်သွားသည်
"ကောင်းပြီလေ အဲ့ဆိုလဲ ပြီးကော"
"လာရင်းကိစ္စ ဒါပဲမလား ပြီးရင်ပြန်တော့လေ"
"ဟွန်းးးခင်ဗျား ဒေါ်နှိုင်းလင်္ကါရဲ့ အမေသာ မဟုရင်.."
နှိုင်း အခြေအနေတွေတင်းမာ မလာခင် သက္ကရာဇ် ကိုလက်တို့လိုက်တယ်
"သက္ကရာဇ်"
သက္ကရာဇ် ဒေါ်နှိုင်းလင်္ကါကို တစ်ချက်ကြည့်ပြီး
"ပြန်မယ်!"
သက္ကရာဇ် သူမ လက်ကို ဆွဲလိုက်သည် သူမကတော့ရွေ့မလာ
နှိုင်း ရှေ့တိုးလာပြီး ဒေါ်ကြည်ဖြူကို ဖြည်းညင်းစွာခေါ်လိုက်သည်
"အမေ"
သူမခေါ်တာ မသိချင်ယောင်ဆောင်ပြီး ဘေးဘက်ကို စောင်းသွားသည် သူမရင်တွေတကယ်ကို နာကျင်ရပါသည် သူမ မျက်ရည်တွေစီးကျလာသည်
"သမီး..တောင်းပန်ပါတယ်"
သူမ ဘက်ကိုလှည့်လာပြီး
"ညည်း ငါ့ကို အမေလို့ မခေါ်နဲ့ ညည်းလုပ်ချင်ရာလုပ်ပြီးမှ တောင်းပန်တယ်ဆိုတဲ့စကားလာမပြောနဲ့"
"သမီး ဆုံးဖြတ်ချက်မမှားဘူး အမေ သမီး...တောင်းပန်တာက အမေ့စေတနာကို စော်ကားမိလို့ပါ"
"ညည်းက နောက်ဆုံးအချိန်ထိကို ခေါင်းမာတုန်းပဲလား"
"အမေ နဲ့တူတာပါ"
သူမ ထိုစကားပြောပြီး လှည့်ထွက်လာလိုက်သည်
"ညည်း ဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား"
သူမခြေလှမ်းတွေရပ်သွားတယ်
"ညည်း ငါ့သမီးဖြစ်ဖို့ စိတ်ကူးရှိသေးတယ်ဆိုရင် နောက်မကျသေးဘူးနော်"
သက္ကရာဇ် ကြားထဲက မနေနိုင်တော့ပေ
"ကျုပ် သူ့ကို လက်လွှတ်ပေးဖို့ အစီအစဥ်မရှိဘူး"
ဒေါ်ကြည်ဖြူ သက္ကရာဇ် ကို စူးရှတဲ့အကြည့်တစ်ခုပေးလိုက်သည်
"မင်းက ငါ့သမီးကို အကြပ်ကိုင်ထားတာမလား ငါ့သမီး သဘောဆန္ဒ မပါပဲ လူကြားထဲမှာ နမ်းတယ် ငါ့သမီး ဆန္ဒမပါပဲ မင်းအတင်းသိမ်းသွင်းခဲ့တာမလား"
"အဲ့ဆို ခင်ဗျားကောဘာထူးလို့လဲ"
"ငါကမင်းနဲ့မတူဘူး"
"ဟက်..ဟုကောဟုရဲ့လား ခင်ဗျားက ကျုပ်ထပ်တောင် ဆိုးချင်ဆိုးအုံးမှာ သမီး သမီးနဲ့ သူကို ခင်ဗျားရဲ့အရုပ်တစ်ရုပ်လိုဆက်ဆံနေတာလေ"
"ငါက ငါ့သမီးကိုကောင်းစေချင်လို့ ဒီလိုတွေလုပ်နေတာ"
"အကြောင်းပြချက်တွေ"
"မင်းက တကယ့်အရိုင်းအစိုင်းပဲ"
"အဲ့အရိုင်းအစိုင်းက ခင်ဗျားသမီးကိုယူမှာ"
"မင်း..မင်းကို မင်းမိဘတွေဘယ်လိုဆုံးမထားလဲ"
"ကျုပ်မိဘတွေက ခင်ဗျားထပ်တော့ သာတယ်"
"သက္ကရာဇ် တော်တော့"
နှိုင်း သူ့နားကပ်လာပြီး ပြောလိုက်သည်
"ညည်းတွေ့လား ညည်းအကောင်က ငါ့အိမ်ပေါ်တက်ပြီး ဘယ်လိုစော်ကားနေလဲဆိုတာ"
သူမ မျက်ရည်တွေအတိုင်းအဆမရှိကျလာသည် သက္ကရာဇ် လက်ကိုဆွဲပြီး
"သက္ကရာဇ် ပြန်ရအောင်"
"ညည်းအဲ့အကောင်နဲ့ယူရင် ငါနဲ့သေခန်းပြတ်ပဲနော် နှိုင်းလင်္ကါ"
"ယူမယ်ဗျာ! ယူတော့ဘာဖြစ်လဲ!"
သက္ကရာဇ် တဖြည်းဖြည်းနဲ့ထိန်းမရတော့ပါ သူမ မိခင်ကလဲ တော်တော်ကို ဒေါသထွက်နေပုံ
"နှိုင်းလင်္ကါ ညည်းအကောင်က ရိုင်းစိုင်းလှချည်းလား"
"ခင်ဗျားရိုင်းလို့ကျုပ်ရိုင်းတာ ဆန်းလား"
"တော်ကြပါတော့!"
နှိုင်း အော်လိုက်သည် သူမ တကယ်ပင်ခေါင်းတွေရှုပ်လာသည်
"အမေ တော်ပါတော့"
"ညည်းက ညည်းအကောင်ကို မတော်ခိုင်းပဲ ငါ့ကိုလာတော်ခိုင်းနေတာလား"
"အမေ သမီးက.."
"မွေးရကျိုးနပ်လိုက်တဲ့သမီး"
"တော်ပါတော့! အမေ သမီး ဘယ်လောက်ပဲ အမေ့ ဘက်ငဲ့ခဲ့ ငဲ့ခဲ့ အမေကတော့ သမီးဘက်ကို တစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး ငယ်ငယ်ကတည်းက အမေ့ထားရာနေ စေရာသွား ဘဝကို သမီးနေခဲ့တယ် အမေ မျက်နှာညှိုးမဲ့အလုပ်ကို သမီးတစ်ချက်လုပ်ခဲ့လား အမေ မသွားနဲ့ဆိုတဲ့အရာကို သမီး လှည့်တောင်ကြည့်ခဲ့ဖူးလား အမေ မစားနဲ့ဆိုတဲ့အရာကို သမီးဘယ်လောက်ပဲ ကြိုက်ကြိုက် သမီးတို့ကြည့်ခဲ့ဘူးလား အမေ ဒါတောင် သမီးက မွေးရကျိုးမနပ်ဘူးလားအမေ သမီးက အမေ့သမီးဖြစ်ဖို့မထိုက်တန်ဘူးလား အမေ သမီးလေ တစ်ခါလောက် သမီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေချင်တယ် အမေ တစ်ခါလောက်ပဲ သမီးဆုံးဖြတ်ချက်အပေါ် ယုံကြည်ပေးလို့မရဘူးလား"
သူမ ထိုသို့ပြောရင်း မျက်ရည်တွေဆက်တိုက်ကျနေတယ်
"သူနဲ့ဆိုရင်တော့ မရဘူး သူ့လို သူခိုးဂျပိုးကိုငါ့သားမက်အဖြစ်လက်မခံနိုင်ဘူး"
သူမ ဘယ်လောက်ပဲ ပြောပြော သူမ အမေ နားဝင်မှာမဟုတာကို သူမ နားလည်လိုက်ပါပြီ
"သမီးသေရင်တောင် အမေ သမီးခံစားချက်ကို နားလည်ပေးမှာမဟုဘူး တကယ်ဆို သမီးက အဲ့နေကတည်းက သေ သွားရမှာ!"
"ညည်း ဘာစကားပြောလိုက်တာလဲ နှိုင်းလင်္ကါ"
"ဟုတယ် အမေ ကြားတဲ့အတိုင်းပဲ အခုချိန်မှာ အဖေ ရှိနေရင် အဖေဘာပြောမယ်ထင်လဲ"
သူမ မိခင်တိတ်ဆိတ်သွားတယ်
"အဖေ သာဆို သမီးခံစားချက်ကို ကောင်းကောင်းနားလည်ပေးနိုင်မှာ အဖေ သာဆို သမီး ဘက်ကို အများကြီးငဲ့ခဲ့မှာ အမေလို သမီးကို အရုပ်တစ်ရုပ်လို ဆက်ဆံမှာမဟုဘူး!"
"ဖြန်း!"
ဒေါ်ကြည်ဖြူ သူမ နားသွားပြီး သူမ ပါးကို အားပါပါနဲ့ ရိုက်ချလိုက်သည်
"ညည်းအဖေက လူသတ်သမား ညည်းအဲ့တာတောင် ညည်းအဖေကိုလိုချင်သေးတာလား"
"မှန်တယ် အဖေက မိုး ကိုသတ်ခဲ့တယ် သမီးသိတယ် အဖေအဲ့တာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုဘူး ဒါပေမဲ့ အမေကတော့ သမီးဘဝကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တယ် သမီးရဲ့ဆယ်ကျော်သက်ဘဝကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ် အမြဲတမ်း သမီးကို စိတ်ပူတယ်ဆိုတဲ့စကားသုံးပြီး သမီးကို တားမြစ်ပိတ်ပင်ခဲ့တယ် အဖေက လူသတ်သမားဆိုရင် အမေကော လူသတ်သမားပဲ အဖေ ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေသွားလဲ သမီးသိတယ်အမေ!"
ဒေါ်ကြည်ဖြူ မျက်ရည်တွေကြားကပင် သူမ သမီးကို အကြည့်စိမ်းစိမ်းတစ်ချက်နဲ့ ကြည့်လိုက်သည်
"အဖေ့ကို သတ်ခဲ့တာအမေပဲ!"
"ညည်းအဖေက သူ့ဘာသာသူ သတ်သေခဲ့တာလေ"
"ဟုပါတယ် အဖေက သတ်သေ ခဲ့တယ် အဲ့တာဘယ်သူကြောင့်လဲ အဲ့တာဘယ်သူကြောင့်လဲလို့! အမေရဲ့ သစ္စာမဲ့မှုကြောင့်ပဲ"
"ဘာပြောတယ်!"
"အမေက အမေ့အပြစ်ကို အဖေ့ဆီပုံချခဲ့တယ် သစ္စာဖောက်တဲ့သူကအပြစ်ရှိတယ်လို့ မခံစားရတဲ့အပြင် လူသတ်သမား ဆိုတဲ့စကားသုံးပြီး အဖေ့ကိုစပ်ဆုပ်ဖွယ်ကောင်းတဲ့လူတစ်ယောက်လို ဆက်ဆံခဲ့တယ် သစ္စာဖောက်တဲ့သူက ဘာနောင်တ မှမခံစားရဘဲ သစ္စာအဖောက်ခံရတဲ့သူက သတ်သေသွားတယ်"
သူမ သမီး အကုန်လုံးကို သိနေတာလား သူ တစ်ချိန်လုံးမြိုသိပ်ထားတာတွေကိုသိနေခဲ့တာား ဒေါ်ကြည်ဖြူ မျက်ရည်တွေနဲ့ ခေါင်းကိုရမ်းနေမိတယ်
"အဖေ ကကိုယ့်ကိုယ်ကို မသတ်သေခင် သမီးကို ဘာပြောသွားတယ်ထင်လဲ သမီးအမေကို စောင့်ရှောက်ပါတဲ့ သမီးအမေက သမီးကိုသိပ်ချစ်တာတဲ့ ဖေဖေ မရှိတော့တဲ့ အချိန်ကျ သမီးအမေစကားကို နားထောင်ပါတဲ့အမေ ကျေနပ်ရဲ့လား ဟမ် အမေ တကယ်ကို ပျော်ရွှင်ခဲ့ရဲ့လား သမီးတို့သားအဖ နှစ်ယောက်လုံးရဲ့ဘဝကို သတ်ခဲ့ရလို့"
သူမ ထိုသို့ပြောရင်း ဒူးထောက်ကျမိသွားတယ် သူမ တကယ်ကို အားမရှိတော့ပါ သက္ကရာဇ် သူမကို ထူပေးလိုက်သည် သူမ တကယ်ပင် ငိုရင်း ပြောခဲ့ရသည်မို့ အတော်ပင် ပင်ပန်းသွားရသည်
"သမီး သူ့ကို လက်ထပ်မယ်အမေ အမေ ခွင့်ပြုပြု မပြုပြု သမီးသူ့ကိုရအောင်ယူမယ်"
သူမ ထိုစကားပြောပြီး ထွက်သွားသည် သက္ကရာဇ် လဲ သူမ နောက်က လိုက်သွားသည်
ဒေါ်ကြည်ဖြူကတော့ ဆိုဖာပေါ်ထိုင်ချလိုက်သည် ဘယ်လိုလုပ်မလဲ သူမ ဘာလုပ်ရမလဲ သူမ သမီးက အကုန်သိနေတယ်တဲ့ သူမ ဘယ်လိုမျက်နှာနဲ့ သူမ သမီးကိုရင်ဆိုင်ရမလဲ သူမ တကယ်ပင်မယုံကြည်နိုင်သေးပါ
.............................................................................
နှိုင်း လင်္ကါ ကုတင်ပေါ်တွင် အိပ်မောကျနေခဲ့သည် သက္ကရာဇ် သူမကို ထိုင်ကြည့်နေမိသည်
သူမ ဘယ်လောက်တောင် ခံစားခဲ့ရမလဲ နေ့လည်က သူမ ပုံစံကို ပြန်မြင်ယောင်လာတော့ သူမ တော်တော်ပင်ခံစားခဲ့ရပုံပေါ်သည် ကားပေါ်ရောက်တော့လဲ သူ့ရင်ခွင်ထဲ အတော်ကြာအောင်ငိုနေခဲ့သည် သူမ မောသွားမှ ရပ်သွားသည် သူမ မျက်နှာလေးကိုကြည့်နေမိသည် တကယ်ကို ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးပင်ဖြစ်သည်
"သက္ကရာဇ်!"
ရုတ်တရက် တံခါးဖွင့်ဝင်လာတဲ့ စမ်းရေ နောက်က သူ့အကို ဒီရေလဲပါလာသည်
"မရီး"
"နှိုင်း အဆင်ပြေရဲ့လား"
"ပြေမယ်ထင်တာပဲ အခုတော့ အိပ်ပျော်နေတယ်"
"ဒါနဲ့ နင် တို့လက်ထပ်မယ်ဆိုတာ တကယ်လား"
"မရီး ကျနော်က နောက်နေတဲ့ပုံပေါ်လို့လား"
"နင်ငါ့သူငယ်ချင်းကို ချစ်ကောချစ်ရဲ့လား"
"မပြောတတ်ဘူး"
စမ်းရေ ချက်ချင်းပင် သက္ကရာဇ် ဗိုက်ကိုလိမ်ဆွဲလိုက်သည်
"အားးးအာ့ မရီး နာ..နာတယ်"
"နာလား နာရင်ခံလေ"
စမ်းရေ လွှတ်ပေးလိုက်သည်
"ကဲ ပြော ငါ့သူငယ်ချင်း ကိုမချစ်ပဲ ဘာလို့လက်မထပ်တာလဲ"
"ကျနော်က မချစ်ဘူးလို့မပြောပါဘူး"
"အဲ့ဆို ချစ်တယ်ပေါ့"
သက္ကရာဇ် ပြန်မဖြေ
"ဒီဟာလေးတော့"
"မရီး...အရမ်းလက်သံပြောင်တာပဲ"
ဒီရေ သူတို့နှစ်ယောက်ကို အခန်းပေါက်ကို မှီရင်းကြည့်နေလိုက်သည် ဒီကောင် စမ်းရေ ကို အမတစ်ယောက်လို သဘောထားပုံရသည် တစ်ခါတစ်လေ မောင်နှမ အရင်းလိုပင်ထင်ရသည်
"bae သူငယ်ချင်းကို ဂရုစိုက်လိုက်အုံး ကို ဒီကောင်နဲ့စကားပြောလိုက်အုံးမယ်"
"အင်း."
သူမ ကုတင်ပေါ်တက်သွားသည်
"မင်း လိုက်ခဲ့"
သက္ကရာဇ် ဒီရေ နောက်လိုက်သွားသည် ဒီရေ ရေကူးကန်ဘေးက ခုန်ပေါ်ထိုင်လိုက်သည်
"ဘယ်တော့ လက်ထပ်မလဲ"
"နောက်အပတ်"
"မစောလွန်းဘူးလား"
"ကျုပ်နေရာမှာ ခင်ဗျားဆို ဘယ်လိုလုပ်မလဲ"
"မနက်ဖြန်"
"အဲ့တာကို ကျုပ်ကို စောတယ်လာပြောနေသေးတယ်"
"ငါကချစ်တယ်လေ..မင်းကကော"
"လူတိုင်း ဘာလို့ အဲ့တာပဲ သိချင်နေတာလဲ"
"ငါ့ညီ မင်းသူ့ကိုချစ်နေပြီ"
"မဟုပါဘူး"
"ဟားဟား"
"ဘာရီစရာပါလို့လဲ"
"ငါလောင်းရဲတယ် မင်းသူ့ကိုချစ်နေပြီဆိုတာ"
"ခင်ဗျား စကားပြောဖို့ခေါ်တာ ဒီကိစ္စ တစ်ခုတည်းလို့မထင်ဘူး"
"အင်း....မင်း ဟိုကောင်ကိုဖမ်းမိပြီမလား"
"ခင်ဗျားကဘာလုပ်မို့"
"စမ်းရေအတွက် လက်စားချေချင်လို့"
"ကျုပ် စီစဥ်ပြီးသားပါ"
"ကောင်းပြီ မင်းကိုအပ်လိုက်မယ်"
ဒီရေ ထိုသို့ပြောပြီး ထွက်သွားသည် သက္ကရာဇ် လဲ အိမ်ထဲ ဝင်ခဲ့လိုက်သည်
စမ်းရေ ဖုန်းဆက်ထားတာကြောင့် ဂျူလီ လဲရောက်လာသည် ဂျူလီရောက်လာတော့ နှိုင်းလဲ နိုးနေပြီဖြစ်သည်
"စမ်းရေ နင်ဘာလို့ ခေါ်လိုက်တာလဲ အဲ့ မမ က အလုပ်က ခပ်များများရယ်"
"အမယ်လေး ဘယ်လောက်ပဲအလုပ်များများ ကျမမှာ ရှင်တို့ကိုအချိန်ပေးနိုင်ပါတယ်နော်"
နှိုင်းပြုံးလိုက်သည်
"ကဲ ပြော အရေးကြီးပြောစရာရှိတယ်ဆို"
"အော်..ငါလက်ထပ်တော့မယ်"
"အော်..ဘာများလဲလို့...ဟမ်!"
ဂျူလီ အော်လိုက်သည်
"နင်အဲ့လောက်အသံမကျယ်လဲရပါတယ်"
"ဟ မကျယ်စရာလား ဘယ်သူနဲ့လဲ"
"ဘယ်သူနဲ့လို့ထင်လဲ"
"နင်မပြောနဲ့နော် သက္ကရာဇ် နဲ့လို့"
နှိုင်း ခေါင်းငြိမ့်ပြလိုက်သည်
"တကယ်ကြီးလား ဘယ်တော့လဲ"
"နောက်အပတ်"
"ဘာ!"
စမ်းရေလဲ ဂျူလီအော်သံကြောင့်လန့်သွားသည်
"ဂျူလီ ဖြည်းဖြည်းသက်သာလုပ်ပါ လူလဲလွင့်သွားအုံးမယ်"
"ဟ အရမ်း မြန်လွန်းမနေဘူးလား"
"ဒီလို ဘဲ ဖြစ်သွားတယ်"
"ဘာကို ဒီလိုပဲ ဖြစ်သွားတာလဲ နည်းနည်းပါးပါးတိုင်ပင်ပါအုံးဟ"
"အဲ့တာက သက္ကရာဇ် လုပ်တာ"
"နင့်အမေကကော သဘောတူလား"
သူမ ချက်ချင်း မျက်နှာညှိုးသွားတယ်
"ဘယ်တူပါ့မလဲ"
စမ်းရေ ဂျူလီကို ပိတ်ရိုက်လိုက်သည် ပြီးတော့ လက်အမူအရာနဲ့တိတ်တိတ်နေဖို့ပြောလိုက်သည် ဂျူလီကတော့ ဘာလဲဆိုပြီးမေးမော့ပြလိုက်သည်
"ဘာပဲ ဖြစ်ဖြစ် နင်တို့နှစ်ယောက်ငါ့သတို့သမီးအရံလုပ်ပေးရမယ်နော် အော် ဒါနဲ့ အန်တီကိုကော ရဲဇေ ကိုကောပြောလိုက်အုံး"
"သူတို့လဲ ငါ့လို ရှော့ရမှာ အသေအချာပင်"
...........................................................................
ရဲဇေ အလုပ်ကိစ္စ တစ်ခုကြောင့် နယ်ဘက်ကို ရောက်နေသည် အခု ရန်ကုန်ကို ပြန်တက်ဖို့ လုပ်ရသည်နဂျူလီဖုန်းဆက်ပြောလို့နောက်အပတ် နှိုင်း မင်္ဂလာဆောင်တော့မယ်ဆိုတော့ သူ့မှာ ပြန်ရအုံးမည်မို့ သူ အထုပ်တွေ သိမ်းဆည်းနေသည်သူထိုသတင်းကြားကြားချင်းလန့်သွားသေးသည် လက်ထပ်မဲ့သူကလဲ တခြားမဟုတ် သက္ကရာဇ် တဲ့ သူအဓိက အပိုင်းကိုလွတ်သွားတဲ့ပုံပဲ ထိုအချိန် သူတံခါးဖွင့်သံကြားလို့ အပြင်ထွက်လိုက်တော့ မိန်းမ တစ်ယောက် အခန်းတံခါးအပြင်ဘက်ကိုကြည့်နေတယ် သူမကဘာလဲ ဖောက်ထွင်းရေးလား သူမ ပုံစံကြည့်ရတာ အဲ့လိုပုံလဲ မပေါ်ပါဘူး သူ့အခန်းထဲဘာဝင်လုပ်နေတာလဲ
"မင်းဘယ်သူလဲ"
သူမ အသံကြားတော့ အသံလာရာကိုကြည့်လိုက်သည်
"ဟို...ကျမကို တစ်မျိုးမထင်ပါနဲ့ ကျမ ဒုက္ခ ရောက်နေလို့ပါ ကျမ ကိုလိုက်နှောင့်ယှက်နေကြလို့ ထွက်ပြေးရင်း အခန်းတံခါးပွင့်နေတာနဲ့ဝင်ပုန်းလိုက်တာပါ ကျမမှာဘာစိတ်မှမရှိပါဘူး"
သူမကသာ မနားပဲ တရစပ်ပြောနေတယ ရဲဇေ သူမ ပြောတာဘာမှ နားထဲမဝင်ပါ ရဲဇေ ကြက်သေသေနေမိသည် သူ့ရှေ့က အရာကိုသူတကယ်ပင် မယုံနိုင်ပင်
"မင်း..."
သူမ ထိုလူကို ကြည့်နေမိသည် ထိုလူဘာဖြစ်နေတာလဲ သူမကိုဘယ်လိုကြည့်နေမှန်းလဲမသိ
ရဲဇေ ချက်ချင်းပင် သူမနား ကိုသွားပြီး သူမကို ဆွဲဖက်လိုက်သည်
သူမ ကြောင်သွားသည် ထိုလူ သူမကို ဘာလုပ်နေတာလဲ
"ရှင်..ဘာလုပ်တာလဲ အကူအညီလိုနေတဲ့မိန်းခလေးတစ်ယောက်ကို အခွင့်အရေးယူနေတာလား ရှင် လွှတ်နော် မဟုရင် ကျမ အော်လိုက်ပါနော်"
"မင်းကိုလွမ်းနေတာ"
သူမ ထိုလူစကားကြာတော့ ငြိမ်ကျသွားသည် သူ့အသံက အရမ်းကို ဝမ်းနည်းနေပုံပေါ်သည် တစ်ခုခုကို အရမ်းလွမ်းဆွတ်နေပုံပဲ
"မင်းကို သတိရနေတာ မင်းကိုထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ မင်း ကိုယ့်ကို ထားသွားပြီလို့ထင်နေတာ မင်းကိုယ့်ဆီ ပြန်မလာတော့ဘူးလို့ထင်နေတာ"
သူမ ထိုလူဘာတွေပြောမှန်းနားမလည် သူမနဲ့သူက တွေ့ဖူးလို့လား သူမ ရည်းစားတောင်မထားဖူးတာ ဘယ်သူ့ကိုမှလဲ မထားခဲ့ဖူးပါဘူး ဒီလူက လူမှားနေတာလား ရုတ်တရက် သူမ ပခုံးထက်က စိုနေတာကိုသတိထားမိလိုက်သည် ထိုလူငိုနေတာလား သူဘာလို့ ငိုနေတာလဲ ငါသူ့ကိုဘာလုပ်မိလို့လဲ သူမသက်ပြင်းတစ်ချက်ချပြီး ထိုလူ ကျောလေးကိုပုပ်ပေးလိုက်သည် 'ဒီနေ့က ပြဿဒါးပဲ'
........................................................................
(သာသာ နောက်တစ်တွဲထပ်ထည့်ပေးထားပါတယ်နော် s(1)မှာကတည်းက ထည့်ချင်တာပါ သာသာ သုံးတွဲဆို မနိုင်မှာကြောက်လို့ပါ ဒါဒါလေးတွေသဘောကျမယ် ထင်ပါတယ်နော်😁😁)
YOU ARE READING
Don't run away
Romanceဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚