Don't run away (part-6)

110 10 5
                                    

နှိုင်းတကယ် အခက်တွေ့နေပါပြီ
"လုပ်လေ"
"မလုပ္ဘူး"
"ကောင်းပြီလေ"
    သက္ကရာဇ် သူမခါးကို ချည်နှောင်ထားတဲ့ လက္ကို ဖြုတ်ပြီး အခန်းတံခါးဘက်ကို ဦးတည်သွားလိုက်တယ် သူမ သူ့လက်ကို မြန်မြန်လှမ်းဆွဲလိုက်သည် ဒီဟာလေး တကယ္ကို အကြောက်အလန့်မရှိတာပဲ
"သက္ကရာဇ် နင်အရူးလား နင် ငါ့အခန်းထဲက ထြက္လာတာကို အမေသိရင်ဘာဖြစ်သွားမယ်ထင်လဲ"
"ဟက်...ကျုပ်တို့နှစ်ယောက် လင်မယားဖြစ်သွားမှာပေါ့"
"အဲ့တာကို သိရဲ့သားနဲ့ နင် ဘာလို့ ဒီလိုလုပ်နေတာလဲ"
"အဲ့လိုဖြစ်ချင်လို့လေ"
"ဟာ သက္ကရာဇ်!"
"ခင်ဗျားမှ ကျုပ်ပြောတာလက်မခံတာ"
"ကောင်းပြီ ငါလက်ခံမယ်"
"ကျုပ်နမ်းခိုင်းတာ ပါးမဟုဘူးနော်"
    သက္ကရာဇ် နှစ်ခါ အလိမ်မခံနိုင်ပါ
"ငါသိပါတယ်"
    သူမ လုပ်ငန်း စ လိုက်တယ် သူမ မျက်နှာကို သက္ကရာဇ် နားဆီတဖြည်းဖြည်းတိုးလာလိုက်သည် သက္ကရာဇ် ကေတာ့ တုတ်တုတ်မလှုပ် သူမ ဘာလုပ္မလဲပဲ စောင့်ကြည့်နေလိုက်သည် သူမ တကယ္ကို အတွေ့အကြုံမရှိတာ အရမ်းသိသာသည် သူမ မျက်နှာက သူနဲ့ နီးကပ်လာနေပေမဲ့ သူမ ဘာမှဆက်မလုပ်သေး နှိုင်း တံတွေးမျိုချပြီးသက္ကရာဇ်ကိုကြည့်နေသည် သက္ကရာဇ် သူမ ကိုမျက်ခုံးပင့်ပြလိုက်သည်
"ဆက်လုပ်လေ"
   သူမ သူ့ပခုံးနှစ်ဖက်ပေါ်ကို လက်နှစ်ဖက် တင်လိုက်ပြီး ခြေဖျားလေးထောက်ကော သက္ကရာဇ် နှုတ်ခမ်း နဲ့သူမ နှုတ်ခမ်းကို ထိခတ်စေလိုက်သည် သူမ မျက်လုံးနှစ်ဖက်ကိုတော့ တင်းကျပ်စွာ မှိတ်ထားမိသည်
  သက္ကရာဇ် ဒီလိုထိရုံမျိုးအနမ်းကို ဘယ်မိန်းခလေးနဲ့မှမနမ်းခဲ့ဖူးပါ သူ နမ်းခဲ့တာက ရမ္မက်ဆန်ဆန် အနမ်းတွေပင် အခု သူမ က သူ့ကို ထိရုံလေးနမ်းလာသည် သူမ သူ့နှုတ်ခမ်းကို အတန်ကြာနမ်းပြီးတော့ သူ့နှုတ်ခမ်းက ခွာလိုက်သည် သူမမျက်နှာက တကယ်ပင် နီရဲနေပြီ
"ခင်ဗျားက တစ်မျိုးပဲနော်"
"ဘာကိုလဲ"
"အော် ကျုပ်အကြမ်းပတမ်းနမ်းတော့ ရင်ခုန်ရမယ့်အစား ပြောဆိုနေပြီး ဒီလိုထိရုံလေးနမ်းတာကျ..."
    သက္ကရာဇ် ဆက်မပြောပဲ သူမ နမ်းထားတဲ့ သူ့နှုတ်ခမ်းလေးကို လက်မနဲ့ပွတ်ဆွဲလိုက်သည် သူမ နားကပ်သွားပြီး စကားကိုဆက်ပြောလိုက်သည်
"ဘာလို့ ရှက်နေတာလဲ"
"ဘာဖြစ်လဲ ငါ့ဟာငါရွက္တာ ကြိုက်သလိုရှက်မှာပေါ့"
    သူမ နှုတ်ခမ်းက တကယ်တော့ တုန်နေသည် သူပြောတာလဲ မှန်ပါတယ် ဒီလိုက်မွ ဘာလို့ရှက်နေပါလိမ့်
"နင်အခု လာအိပ္တာမလား ငါ့ကုတင်ပေါ်အိပ်လိုက်"
    သူမ အလုပ်ဆက်လုပ်ဖို့ သူမ စားပြဲဆီ လျှောက်သွားလိုက်သည် ထိုအချိန် သက္ကရာဇ် သူမ လက် လှမ်းဆွဲပြီး သူမ ခန္ဓာကိုယ်ကို စွေ့ခနဲ ပွေ့ချီလိုက်သည် သူမ ကို အိပ်ယာပေါ် တင်ပြီး သူ့ရင်ဘတ်ကို တွန်းနေတဲ့ လက်နှစ်ဖက်ကို ချုပ်ပြီး
"သက္ကရာဇ်.. နင်.."
"ကျုပ်က အဲ့လိုအိပ်ချင်မှတော့ဖြင့် ကျုပ်အိမ်မှာ ကျုပ်အိပ်မှာပေါ့ ခင်ဗျားဆီ ဒုက္ခ ခံ လာပါ့မလား"
"ငါအလုပ်ရှိသေးတယ်"
"ခင်ဗျားကောင်လေး ဘေးနားမှာရှိနေတယ်လေ အဲ့အလုပ်ကိုပြစ်ထားလိုက်"
"ဟ"
"အိပ်မယ်"
"အစောရီး ရှိသေးတယ်လေ"
"အဲ့ဆို ဘာလုပ်ချင်လဲ"
    သက္ကရာဇ် ပြောရင်း သူမ နှုတ်ခမ်း ကို ဦးတည်လိုက်သည် သူမ ခေါင်းကို ဘေးစောင်းပြီးရှောင်လိုက်တော့ သက္ကရာဇ် သူမ လည်ပင်းကို သွားနမ်းမိသည် သူမ ကြက်သီးတွေပင် ထ သွားသည် ရှောင်မိတာ မှားပြီထင်တယ် သူမ တကယ်ကိုနောင်တရနေရပါသည် ဘာလို့ဆို သက္ကရာဇ် သူမ လည်ပင်းတစ်ဝိုက်ကို နမ်းရှိုက်နေလို့ပင် ဖြစ်သည်
"သက္ကရာဇ်"
"အွန်း.."
   သူမ လည်ပင်းကို နမ်းရှိုက်ရင်း သူမခေါ်တာကို ပြန်ထူးလိုက်သည်
"နင် တော်တော့"
"ဘာလို့လဲ"
သက္ကရာဇ်ပြောရင်း သူမ လည်ပင်းကို ကိုက်ချလိုက်သည်
"အ့..နင်ကိုက်တယ်"
   သက္ကရာဇ် အရာထင်အောင်ကိုက်ပြီးမှ သူမ လည်ပင်းက နေခွာလိုက်တယ်
"လိုက်တယ်"
"နင့်ကြီးတော် လိုက်တာလား ငါ့လည်ပင်း အရာမထင်စေနဲ့နော်"
   သက္ကရာဇ် မျက်ခုံးနှစ်ဖက်ကို မာန်ပါပါနဲ့ မြှင့်လိုက်သည် ဘယ်လိုလုပ်မလဲ ကိုယ်လုပ်တာ အရှိန်လွန်သွားပြီ သက္ကရာဇ် ပြုံးလိုက်တယ် ဒါလဲကောင်းတာပဲ
"သက္ကရာဇ် နင် အရာထင်သွားပြီ လို့တော့ မပြောနဲ့နော်"
"သိချင် မှန်သွားကြည့်"
    သက္ကရာဇ် သူမကိုလွှတ်ပေးလိုက်တော့ သူမ ချက်ချင်းပင် ထပြီး မှန်တင်ခုံရှေ့ သွားလိုက်သည် သူမ မှန်ထဲကို ကြည့်လိုက်တော့ သူကိုက်လိုက်တဲ့နေရာက ထင်းနေတဲ့ မာကင်ရာ ဒီလောက်နာမှတော့ ဒီလောက်ထင်းမှာ ပြောစရာမလိုပင် သူမ သက္ကရာဇ်  ကိုကြည့်လိုက်တော့ ခုတင်​ပေါ်မှာ ဘေးတစ်စောင်းလှဲနေပြီး သူ့ကိုညစ်ကျယ်ကျယ် အပြုံးနဲ့ ပြုံးပြနေတဲ့ သက္ကရာဇ်
"သက္ကရာဇ် နင် ဒီလိုလုပ်တော့ ငါအလုပ်ဘယ်လိုသွားရမလဲ" 
   သက္ကရာဇ်  သူမ အိပ်ယာပေါ်ကို ပက်လက်လှန်လှဲ ပြီး သူ့လက် သူခေါင်းပြန်အုံးကာ
"ခင်ဗျားက ခြေထောက်နဲ့သွားတာလေ အဲ့တာနဲ့ဘာဆိုင်"
"ဟ နင် ကပ်သီးကပ်သပ် လာမပြောနဲ့"
"ဟွန့်..မာကင်ရာလေး ပါ"
"သက္ကရာဇ် နင် တော်တော်လွန်သွားပြီ"
   သက္ကရာဇ် သူမပြောတာကြာတော့ လှဲနေရာက ထကာ ​သူမဘက်ကိုကြည့်ပြီး ပြုံးလိုက်ကာ
"ဟုလား အဲ့ဆို တစ်ပွဲတစ်လမ်း နွှဲမလား"
"စိန်လိုက်လေ နင်လာလိုက်တော့"
"ဟုမှလဲလုပ်နော် ကျုပ် မိန်းခလေးကို အနိုင်မကျင့်ချင်ဘူး"
"ဟား...ငါကိုလဲ မိန်းခလေးဆိုပြီး အထင်မသေးနဲ့"
    သူမ လက်ကို ရှေ့ဆန့်ပြီး ခေါင်းကို ဘယ်ညာချိုးလိုက်သည် သက္ကရာဇ် ကတော့ လက်ပတ်နာရီကို ဖြုတ်လိုက်သည် သက္ကရာဇ် သူမ ဆီ တည့်တည့်လျှောက်သွားလိုက်သည် ရုတ်တရက် သူမ ကိုစောင့်ဆွဲပြီး နမ်းလိုက်သည် နှိုင်း ကြောင်သွားသည် ဘာတုန်းဟ
  သက္ကရာဇ် သူမ နှုတ်ခမ်း တစ်လွှာချင်းကို စုပ်ယူလိုက်သည် နှိုင်း ခနကြောင်ပြီး သတိဝင်တော့ သက္ကရာဇ် ကို တွန်းထုတ်လိုက်သည်
"နင် ဘာလုပ်တာလ!"
"နမ်းတာလေ"
"ငါသိတယ် ဘာလို့နမ်းတာလဲ"
"တစ်ပွဲတစ်လမ်းနွှဲရအောင်ဆို"
"ဒါနဲ့ဘာဆိုင်...."
    နှိုင်း သိသွားပါပြီ သက္ကရာဇ် ပြောတာတစ်မျိုး ကိုယ်ပြောတာ တစ်မျိုး
  သက္ကရာဇ် ကိုကြည့်လိုက်တော့ ဘာလဲဆိုတဲ့အဓိပ္ပါယ်နဲ့ မျက်ခုံးပင့်ပြတယ်
"တော်ပြီ ဘာတစ်ပွဲတစ်လမ်းမှ မနွှဲဘူး အိပ်တော့မယ်"
   သူမ ဒီဟာလေးနဲ့နေရင် ကြာရင် လုံးပါးပါးတော့မယ် သူမ ကုတင်ပေါ်တက်လှဲ ပြီး စောင်ခြုံလိုက်သည် သက္ကရာဇ် ကပါ သူမနဲ့အတူ ကုတင်ပေါ်တက်ပြီး သူမ ကိုနောက်ကနေ ဆွဲဖက်လိုက်သည်
"စောသေးတယ်ဆို"
"မ​ေစာတော့ဘူး အိပ်"
"ဟက်..."
    သူမ သက္ကရာဇ် ရယ်သံကို မျက်ကွယ်ပြုလိုက်တယ် သူမ အိပ်ပျော်အောင်ပဲ ကြိုးစားလိုက်တော့သည်
.............. ...........................................................
"သမီးရေ..သမီး..ဒေါက်... ဒေါက်."
    သူမ အမေ သူမကို တံခါးခေါက်ပြီးနှိုးနေသည်
သူမ စောင်ပုံထဲက ခေါင်းထွက်ပြီး
"အမေ...ခနလေးပဲ..ခနလေး"
သူမ အိပ်ချင်မူးတူး အသံနဲ့ပြန်ပြောလိုက်သည် သက္ကရာဇ် ကတော့ သူမ ကိုဖက်လျက်ပင် သူမ သက္ကရာဇ် ကိုပြန်ခွပြီး ထပ်အိပ်ဖို့လုပ်လိုက်သည်
သက္ကရာဇ် ကတော့ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်ပင်
"ဟဲ့....မိနှိုင်း... ထစမ်းပါအေ မောင်နေစစ်ရောက်နေတယ်"
    နှိုင်းကတော့ နိုးမလာပေ တကယ်နိုးလာတာက သက္ကရာဇ် ပင်
"ဟဲ့...မိနှိုင်း!"
"ဟာ.. အမေရာ သမီးအိပ်ပါရစေ တကယ် အိပ်ချင်နေလို့ပါ"
"ဟဲ့...မောင်နေစစ်ရောက်နေတယ်လို့"
"ဟာသူရောက်တာ ဘာလုပ်ရမှာလဲ"
"ဟယ်... ဒီခလေးမ"
    သူမ တကယ်အိပ်မရတော့ပါ သူမ မာတာ မိခင်ကျေးဇူးတော်ကြောင့်ပေါ့ သူမ အိပ်ယာပေါ်က ကုန်းရုန်းထပြီး တံခါးပေါက်ကို မျက်စောင်းထိုးလိုက်တယ်
"ဟဲ့....မိနှိုင်း..ဟဲ့ ကောင်မလေး"
    နှိုင်း တမင်သပ်သပ် ကို မထူးတာပါ  သူမ အမေလဲ နှိုးမရတော့ ဒီတိုင်းထားပြီး ထွက်လာခဲ့လိုက်တော့သည်
    နှိုင်း မျက်နှာ တကယ်ကြည်မနေတော့ပါ
"(တော်တော်အလုပ်ရှုပ်တဲ့လူ မနက်စောစောလာပြီး စိတ်ဒုက္ခလာပေးနေတယ်)"
   သူမ အိပ်ယာကနေ ထရင်း ပွစိပွစိပြောနေသည်
သူမ သက္ကရာဇ် ဘက်ကိုလှည့်လိုက်ပြီး
"နင် ဘယ်တော့ ပြန်မှာလဲ"
"အခုပဲ"
"ပြီးကော"
   သူမ ရေချိုးခန်းထဲ ဝင်ဖို့လုပ်တုန်း
"ကျုပ် အလုပ်လိုက်ပို့မယ် ခင်ဗျားပြင်ဆင်ပြီး ကျုပိ အိမ်ရှေ့မှာ စောင့်နေမယ်"
"ဒါပေမဲ့..."
"ကျုပ်မကြာဘူး"
   ထိုသို့ပြောရင်း သူ ပြတင်းပေါက်ကနေ အောက်ကို ကျွမ်းကျင်စွာ တွယ်ဆင်းသွားတယ် သူမ အပေါ်ကနေကြည်ပြီး တီးတိုးစကားဆိုလိုက်တယ်
"(တကယ်ကို ကျွမ်းကျင်အဆင့်ပဲ)"
သူမလဲ ရေမြန်မြန်ချိုးဖို့ပြင်လိုက်တယ် သူမ ဆံပင်ကို ချထားလိုက်တယ် မှန်ထဲကနေ မြင်နေရတဲ့ မာကင်ရာကို အပေါ်ထပ် တစ်ထည် ဝတ်ပြီး ဖုံးလိုက်သည်
   သူမ အောက်သို့ဆင်းလာတော့ မြင်လိုက်ရတဲ့သူ​ကြောင့် မျက်လုံးပြူးသွားသည်
"နှိုင်း... ပြီးပြီလား"
"ကိုနေစစ်..မပြန်သေးဘူးလား"
"ကိုယ် နှိုင်းကို စောင့်နေတာ"
"ရှင်..နှိိုင်းကိုစောင့်နေတာ"
"ဟုတယ်လေ နှိုင်း အလုပ်သွားမှာမို့လား ကိုယ် လိုက်ပို့ပေးမယ်လေ"
"အော်..ရတယ် ကိုနေစစ်.."
"နှိုင်း ကိုယ့်ကို အားနာလို့လား..အားနာစရာမလိုပါဘူး"
"ဟုသားပဲ သမီးရယ် အချင်းချင်းတွေပဲကို အားနာမနေပါနဲ့"
   သူမ အမေက နောက်ဖေး မီးဖိုချောင်ကနေ ထွက်လာပြီး နေစစ် ဘက်က နေ ဝင်ပြောလိုက်သည် နှိုင်း ငြင်းရခက်သွားတယ်
"ဒါပေမဲ့.."
"လိုက်သွားလိုက်ပါ..သမီးရယ်"
"အမေ.. ဟို"
"လိုက်သွားလိုက်"
    သူမ အမေ သူမကို အံကြိတ်ပြီးပြောလိုက်သည် သူမလဲ မငြင်းနိုင်တဲ့ အဆုံး လိုက်သွားလိုက်သည် နေစစ်ကတော့ မှိုရတဲ့ မျက်နှာကဲ့သို့ ပြုံးဖြီးပြီးထွက်လာသည် သူမ ကို ကားတံခါးဖွင့်ပေးလိုက်တော့ နှိုင်း လန့်နေတယ် သူမ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေတယ် သူမ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကားနက်တစ်စီး သေပြီး သူမတော့
"ကိုနေစစ် အခုမှ သတိရလို့"
"ဘာလဲ နှိုင်း"
"ဟို ခြံရှေ့က ကားကိုတွေ့တယ်မလား"
"အင်းလေ ဘာလို့လဲ"
"အဲ့တာ စမ်းရေကားလေ"
"ဟမ်..စမ်းရေက"
"အော် နှိုင်းပြောဖူးတယ်လေ နှိုင်း အချစ်ဆုံး သူငယ်ချင်း လေ"
"အော်သိပြီ အဲ့တာ ဘာဖြစ်လို့လဲ"
"အဲ့တာ နှိုင်းက သူနဲ့တစ်နေရာသွားစရာရှိလို့ သူ့ကိုခေါ်ထားတာ မေ့နေတာ"
'ဒီလောက်ဆို သူရိပ်မိသင့်လောက်ပါပြီ'
"အော် အဲ့ဆို အကိုလိုက်ပို့မယ်လေ မိန်းခလေးတွေချည်းပဲဆိုတော့..."
သူမ ချက်ချင်းပင် ဖြတ်ပြောလိုက်သည်
"အော် သူ့ယောက်ျားပါတယ် ကိုနေစစ် ရဲ့ အဲ့တာ သူ့ကို စောင့်ခိုင်းတာ ကြာနေပြီ နှိုင်း အဲ့ကားနဲ့ပဲ လိုက်သွားတော့မယ်"
    နှိုင်း မြန်မြန်ပင် ထွက်သွားသည် နေစစ်ကတော့ ကားနားမှာ သူမ ကိုလှမ်းကြည့်ရင်း ကျန်နေခဲ့သည်
သူမ ကိုကြည့်ရင်းပြုံးလိုက်သည် သူမရဲ့ အမူအရာအသေးလေးက အစ သူ့မှာ သဘောကျမိပါသည်
    နှိုင်း သက္ကရာဇ်ကားနားရောက်တော့ အသင့်စောင့်နေတဲ့ သက္ကရာဇ် တပည့်က ကားတံခါးကို ဆွဲဖွင့်ပေးလိုက်တယ် သူမလဲ ကားပေါ် မြန်မြန်တက်လိုက်သည်
"ရပြီ"
"ဘာရတာလဲ"
   သက္ကရာဇ်လေသံ နည်းနည်းမာနေသည်
"ငါပြောတာက သွားလို့ရပြီလို့"
   သက္ကရာဇ် သူမ ရှေ့တိုးလာတော့ သူမ နောက်ဆုတ်လိုက်တယ်
  သက္ကရာဇ် သူမကို မျက်နှာသေနဲ့ ကြည့်ပြီး
"ကျုပ်ပြောထားတာ ခင်ဗျားမှတ်မိလား"
"ဘာကိုပြောတာလဲ"
"အဲ့နေစစ် ဆိုတဲ့ကောင်ကို ကျုပ်ဘယ်လိုသတ်ပေးရမလဲ"
  နှိုင်း မျက်လုံးပြူးသွားတယ်
"သက္ကရာဇ်! နင် အဲ့လောက်ထိလုပ်ဖို့မလိုဘူးထင်တယ်"
"ဘာလဲ ခင်ဗျားက စိုးရိမ်တာလား"
"သက္ကရာဇ်ရယ် နင် အဲ့လိုလုပ်တော့ မလုပ်ပါနဲ့ဟာ"
"ကျုပ် သတိမပေးခဲ့ဘူးလား"
"မှန်ပါတယ် နင်သတိပေးခဲ့ပါတယ် ဒါပေမဲ့..."
"အဲ့ဆို ခင်ဗျား ဘာလို့လုပ်ခဲ့လဲ"
"သက္ကရာဇ် ငါပြောမယ် အခုဟာက.."
   သက္ကရာဇ် အကြည့်က ကြောက်ဖို့ကောင်းလွန်းလို့ သူမ ပြောရမှာပင် ရင်ထဲ စို့လာတယ်
"ဆက်ပြောလေ"
"သက္ကရာဇ် ဘာပဲ ဖြစ်ဖြစ် သူ့ကိုတော့ မသ​တ်ပါနဲ့ဟာ လူ့အသက်မသတ်ကောင်းပါဘူး"
"ကျုပ်ကို တရားချနေတာလား မရဘူးနော်"
"ဟူးးးငါစိတ်ရှည်တယ် သက္ကရာဇ် ငါပြောမယ်နင်လေ ငါ့ကို နည်းနည်းလေး လွပ်လပ်ခွင့်ပေးလို့မရဘူးလား"
"ကျုပ်မပေးလို့လား"
"ဘယ်မှာပေးလို့လဲ ဒီမှာ အဲ့တစ်ယောက်ကို ငါစိတ်လဲမဝင်စားဘူး ဂရုလဲမစိုက်ဘူး ငါက နင့်ကို တားတယ်ဆိုတာက သူ့မှာက သူ့မိသားစုနဲ့သူမို့ ငါတားတာ ပြီးတော့ ငါနဲ့ပက်သက်ပြီး တခြားလူကို မထိခိုက်စေချင်တာ အဲ့တာပဲရှိတယ်"
"အကြောင်းပြချက်ကောင်းသားပဲ"
"ငါအကြောင်းပြချက်ပေးတာမဟုဘူး သက္ကရာဇ်.. အွန့်"
   သူမ ခေါင်းကို ဆွဲယူနမ်းလိုက်တယ် သူမ ခနကြာတော့ နမ်းတာရပ်ပြီး သူမ ကိုကြည့်ကာ
"ခင်ဗျား အပြစ်ပေးခံရမယ်"
"နင်သူ့ကိုသတ်မှာလား"
"ခင်ဗျားအပေါ်မူတည်တယ်"
"ငါကဘာလုပ်ပေးရမှာလဲ"
"ကျုပ်ပျော်စေမဲ့ တစ်ခုခုပေါ့"
"ဘာကို"
"ကျုပ်ကို ဘာက ပျော်အောင်လုပ်ပေးနိုင်လဲ"
"ငါဘယ်သိမလဲ"
   သက္ကရာဇ် ကားသမားကို တစ်ချက်ကြည့်ပြီး
"မောင်းတော့"
"ဘယ်ကိုလဲ"
"ခင်ဗျား ဆိုင်ကိုလေ"
"အော်"
    နှိုင်းလဲ ငြိမ်ပြီးလိုက်လာလိုက်တယ် သူဘာမှတော့မလုပ်လောက်ပါဘူးနော်  သူမ တို့ mall ထဲရောက်တော့ သူမနဲ့အတူ သက္ကရာဇ် က ဆိုင်ထဲ လိုက်ဝင်သည်
"နင်ဘာဝယ်မို့လဲ"
"မပြောတတ်ဘူးလေ"
   နှိုင်း လဲ သူဘာပြောချင်မှန်းနားမလည်း သူမ လဲ အိတ်ကိုချလိုက်ပြီး အလုပ်လုပ်ဖို့ပြင်တော့ သက္ကရာဇ် သူမ လက်ကို ရုတ်တရက် ဆွဲကိုင်ပြီး သူမ အနားယူတဲ့ အခန်းထဲကို ဝင်သွားလိုက်ပြီး တံခါးကို ဆွဲပိတ်လိုက်သည် ဝန်ထမ်းမလေးတွေကတော့ ဘာတွေဖြစ်နေမှန်းနားမလည်း သက္ကရာဇ် နဲ့တစ်ပါတည်း ပါလာတဲ့ နောက်လိုက်တစ်ယောက်က ဧည့်ခန်း တံခါးရှေ့မှာ စောင့်နေတော့ ဝန်ထမ်းမလေးတွေ မသွားရဲပေ
"နင်ဘာလုပ်တာလဲ"
"ခင်ဗျားကိုအပြစ်ပေးမို့"
"ဟမ် သက္ကရာဇ် နင်ဘာလုပ်မို့လဲ"
   သူမ ခြေတစ်လှမ်းဆီ နောက်ကို ဆုတ်သွားမိတယ် သူမ တစ်လှမ်းဆုတ်ရင် သက္ကရာဇ် တစ်လှမ်းတိုးလာသည် သူမ နောက်ကဆိုဖာကို တိုက်မိပြီး ဆိုဖာပေါ်ထိုင်လျက် လဲကျသွားတယ်
"သက္ကရာဇ် နင် စိတ်ပြေသွားပြီမလား"
"ဘယ်သူပြောလဲ"
"ဟမ်!" 
    သက္ကရာဇ် သူမ ပေါ်ကနေ အုပ်မိုးပြီး သူမ မျက်နှာနားကိုကပ်ကာ
"ခင်ဗျားကို ကျုပ်လွှတ်မပေးတော့ဘူး"
"ဘာပြောတယ်!"
    သက္ကရာဇ် ညစ်ကျယ်ကျယ်ပြုံးကာ အပေါ်ထပ်ကို ဆွဲချွတ်လိုက်သည် နှိုင်း တကယ်ပင်လန့်သွားတယ်
"သက္ကရာဇ်!နင်.."
"ကျုပ်သတိပေးခဲ့သားပဲ ခင်ဗျားမှ နားမထောင်တာ"
သူမ နားကို တိုးကပ်သွားလိုက်သည် နှိုင်း သူမ အင်္ကျီကို ဆုပ်ကိုင်ထားသည် သက္ကရာဇ် သူမ လက်ကိုချုပ်ပြီး
"ခင်ဗျား ခုခံလည်းအပိုပဲ"
    သက္ကရာဇ် ရှေ့ကို အတင်းတိုးလာပြီး သူမ ကိုနမ်းဖို့ကြိုးစားတယ် ဒါပေမဲ့ သူမ သူ့လက်ထဲက ရုန်းနေတယ်
"ဒေါ်နှိုင်းလင်္ကါ ငြိမ်ငြိမ်နေ"
"သက္ကရာဇ် မလုပ်ပါနဲ့ဟာ"
"မရတော့ဘူး"
   သက္ကရာဇ် သူမ အင်္ကျီကို ဆွဲဖြဲလိုက်တယ် ထိုအမူအရာက သူမ အတိတ်က အရာကို သွားသတိရစေတယ် ထိုလူ ပြီးတော့ တေဇ အခု သက္ကရာဇ် သူမ ချက်ချင်းပင် မျက်ရည်တွေ စီးကျလာတယ် ရုန်းနေတဲ့သူမ ငြိမ်ကျသွားသည်
"ဘာလို့လဲ"
"ဘာပြောချင်တာလဲ"
"ဘာလို့ ငါ့ကိုပဲ..ငါ့ကိုပဲ အဲ့လိုလုပ်ချင်နေကျတာလဲ ဘာလို့ ငါကပဲ အမြဲလိုလို ဒီလိုကြုံတွေ့နေရတာလဲ ငါနင်တို့အပေါ်ဘာများလုပ်ခဲ့မိလို့လဲ"
သက္ကရာဇ် အခြေအနေ မကောင်းမှန်းသိတော့ သူမ လက်ကို လွှတ်ပေးလိုက်သည်
"ဒေါ်နှိုင်းလင်္ကါ "
"ငါလေ ဘယ်လိုယောက်ျားမျိုးကိုအရွံဆုံးလဲ နင်သိလား"
"ကျုပ်လိုလူမျိုးလား"
    သူမ မျက်ရည်စီးကျလာတယ်
"တေဇ လိုလူမျိုး"
"ကျုပ်မပါဘူးပေါ့"
"နင်သာငါ့ကို ဒီလိုထပ်မဆက်ဆံရင်ပေါ့"
"ကျုပ် အာမမခံဘူးနော်"
"နင် ဒီလိုထပ်လုပ်ရင် ငါလဲ ငါ့အသက်ကို အာမ မခံနိုင်လောက်ဘူး"
"ခင်ဗျား အဲ့လောက်ထိ မရူးမိုက်ဘူးထင်တာပဲ"
   သူမ မျက်ရည် စီးကျနေတဲ့ကြားက တစ်ချက်ပြုံးလိုက်တယ် သူမ မျက်ရည်ကိုသုတ်ပြီး သက္ကရာဇ်ကို သေသေချာချာကြည့်ပြီး
"ငါမလုပ်ရဲဘူးထင်လား"
သူမ အကြည့်က တကယ်လုပ်မယ်လို့ ပြောနေသည့်ပုံပင်
"ကောင်းပြီ ခင်ဗျားကို ကျုပ်လွှတ်ပေးမယ်"
"ငါကျေးဇူးမတင်နိုင်ဘူးနော်"
"ကျုပ်ကလဲ ကျေးဇူးတင်ခံချင်လို့ မဟုဘူး"
"ငါသိပါတယ်"
"ခင်ဗျား မှတ်မိလား"
"ဘာကိုလဲ"
"ခင်ဗျားကို အဲ့လိုဖြစ်အောင် လုပ်သွားတဲ့သူ"
"ငါသေတောင် အဲ့လူကိုမမေ့ဘူး သက္ကရာဇ်"
"သူ့ပုံရှိလား"
"အင်း အဖေ့လူတွေ စုရိုက်ထားတဲ့ပုံမှာ သူ့ပုံပါတယ်"
"ကျုပ်ကို ပြပေး"
"နင်ဘာလုပ်မို့လဲ"
    သက္ကရာဇ် အကြည့်ကချက်ချင်းကြောက်ဖို့ကောင်းတဲ့ အကြည့်တစ်ခုအဖြစ်ပြောင်းသွားပြီး
"စိတ်ဝင်စားရာကောင်းတာ တစ်ခုလုပ်မလို့"
   သူမ သူပြောတာကို နားလည်ပါသည်
"အဲ့လူကို ထပ်မမြင်ရရင်ကောင်းမယ်"
"ခင်ဗျားရှေ့မှာပဲ ကျုပ် အဆုံးသတ်ပေးမယ်"
"ကျေးဇူး"
"မလိုပါဘူး"
   သက္ကရာဇ် အပေါ်ထပ် သူ့အင်္ကျီကို ကိုယ်ပေါ်ရုံပြီးထွက်သွားဖို့လုပ်ပြီး သူမကိုပြန်လှည့်ကြည့်ကာ
"ဒေါ်နှိုင်းလင်္ကါ"
"ဟင်"
"ကျုပ်တို့လက်ထပ်ရအောင်"
............................................................................

Don't run awayWhere stories live. Discover now