"ဟူးးး"
နှိုင်း ဆိုင်မှာ ထိုင်ရင်း သက်ပြင်းချလိုက်မိတယ် သူမ အခုထိ မယုံနိုင်သေးပါ သူမမှာကောင်လေး ရှိသွားပြီ အဲ့အပြင် ထိုသူကလဲ သက္ကရာဇ် သူမ ဘယ်လိုလုပ်လုပ်မလဲ သူမ ရင်ခုန်နေတာလား ရင်တုန်နေတာလား မစဥ်းစားတတ် သူနဲ့သာ သူမယူရင် သူမ အဲ့ကိစ္စ ကိုဆက်မတွေးနိုင် ကြက်သီးတွေ ပင်ထ လာတယ် မနက်က အိမ်ကိုဖုန်းဆက်တော့ ကားကို ခြံဝမှာထားခဲ့လို့ အမေ ဆဲတာခံလိုက်ရသေးတယ် သူမ အပြစ်မှမဟုတာ အဲ့တာကို အပြောခံရတာ မကျေနပ် သူမ စားပွဲကို ကောက်ထုလိုက်တယ်
သူမ မျက်နှာက အမျိုးမျိုးပြောင်းနေတာကို ဘေးက ဝန်ထမ်းတွေက ကြည့်ပြီးလန့်နေတယ်
"ဟဲ့ ဒီနေ့ မမ မိုးလေဝသမကောင်းဘူးထင်တယ်"
"ဟုတယ် ငါစောနကတည်းက ကြည့်နေတာ မူမမှန်ဘူး"
"ဒီနေ့ ဆင်ဆင်ခြင်ခြင်နေမှ ထင်တယ်"
"လာလာ လုပ်စရာရှိတာလုပ်"
သူတို့လဲ ကိုယ့်အလုပ် ကိုယ်လုပ်နေလိုက်တယ် နှိုင်း ရုတ်တရက် သူမ လက်ဆွဲအိတ်ကို ကိုင်ပြီး ထွက်သွားလိုက်တယ် ဘေးက ဝန်ထမ်းမလေးတွေလဲ ဘာမှ မေးခွန်းမထုတ်ရဲ သူတို့လဲ ဒီနေ့မှ အလုပ်ကိုပိုလုပ်နေမိတယ်
............................................................................
နှိုင်း စမ်းရေ တို့ အိမ်ဘက်ကို ထွက်လာတယ်
သူမ ခြံထဲရောက်တော့ ကားပေါ်က မြန်မြန်ဆင်းပြီး သူမ အိမ်ထဲကို ဝင်သွားတယ်
စမ်းရေလဲ ကားသံကြားတော့ ဘယ်သူလဲ ဆိုပြီး ထွက်ကြည့်တော့မှ နှိုင်း အလောတကြီး ဝင်လာတာကိုတွေ့လိုက်တယ်
"နှိုင်း"
"စမ်းရေ"
သူမ စမ်းရေ ကိုတွေ့တော့ မြန်မြန်ပင် သူမ အနားကိုသွားလိုက်တယ်
"စမ်းရေ"
"နှိုင်း အလောတကြီးနဲ့ ဘာဖြစ်လို့လဲ"
သူမ စမ်းရေလက်ကို ဆွဲပြီး ဧည့်ခန်းဘက် ဦးတည်လိုက််တယ်
"ငါ နင့်ကို ရင်ဖွင့်စရာတွေရှိတယ် ဒါတွေက မတ်တတ်ရပ်ပြောလို့ မကောင်းဘူး လာ ဧည့်ခန်းထဲ သွား.."
သူမ စကားပင် မဆုံးသေး သူမ ဧည့်ခန်း ထဲမှာ တွေ့လိုက်တဲ့လူနှစ်ယောက်ကြောင့် သူမ ဆက်ပြောမယ့်စကားတွေက လည်ချောင်းထဲမှာ တစ်သွားတယ်
"သူရောက်နေတာလား"
"အေး"
"ငါမှတ်မိပြီ ငါအရေးကြီးချိန်းထားတာရှိတယ် စမ်းရေ ငါနောက်မှ အေးဆေးလာတော့မယ်"
သူမ ထွက်သွားဖို့လုပ်တော့
"နေအုံး"
သူမ ခြေလှမ်းတွေရပ်သွားတယ် သူမ ကိုယ်က နည်းနည်း တုန်တက်သွားတယ် တခြားဘာကိုမှမကြောက်တဲ့ငါက ဘာလို့ သူနဲ့ကျမှ ကြောက်နေတာလဲ သူက ဘာကြောက်စရာရှိလို့လဲ သူကကြောက်စရာလား သူ့ကိုဘာလို့ရှောင်ရမှာလဲ သူမ ကိုယ့်ကိုယ်ကို အားပေးစကားပြောနေတယ်
သက္ကရာဇ် ဒီရေ နဲ့အတူ အလုပ်ကိစ္စပြောနေတုန်း သူမက မရီးလက်ကိုဆွဲပြီး ဧည့်ခန်းထဲဝင်လာတယ် မရီး ကိုပြောစရာရှိတယ်ပြောပြီး သူ့ကိုမြင်တော့ ပြန်ပြေးတယ် ဘာသဘောလဲ သူ သူမ အဲ့လိုလုပ်တာမြင်တော့ မျက်ခုံးပင့်မိသွားတယ် သူမ ထွက်သွားခါနီးမှာ သူမကို လှမ်းတားလိုက်တယ် သူမ သူပြောတာကြားတော့ သူ့ဘက်လှည့်လာတယ်
"ဘာလဲ"
စမ်းရေ သူတို့ကြားက အခြေအနေကို အကဲခတ်နေမိတယ် သူတို့ကြားတစ်ခုခုတော့ တစ်ခုခုပဲ
"bae လာ"
"ဟမ် နေအုံးလေ"
သူမလက်ကိုဆွဲပြီး ဒီရေ ဧည့်ခန်းအပြင်ဘက်ကိုခေါ်သွားလိုက််တယ် သူမ က လှေကားနားရောက်တော့
"ကို ဘာလို့ ဆွဲခေါ်လာတာလဲ"
"သူတို့ကိုရှောင်ပေးတာလေ"
"သူတို့ကို ဘာလို့ရှောင်ပေးတာလဲ ကို တစ်ခုခု သိထားတယ်မလား"
"bae သူငယ်ချင်းကို မေးတာ ပိုကောင်းမယ်"
"ဟာ bae လဲ သိချင်တယ် သူပြောတာကို မစောင့်ချင်ဘူး ကို ပြောပြလေ"
ဒီရေ ကျေနပ်တဲ့အပြုံးတစ်ခုကို တပ်ဆင်လိုက််တယ်
"သိချင်လား"
"သိချင်တယ်"
"လာ အခန်းထဲသွားမယ်"
သူမ လက်ကို ဆွဲလိုက်တယ်
"နေအုံး"
"ဘာလဲ bae ရဲ့"
"ဒီမှာပဲပြော"
"ကို က အခန်းထဲမှာပဲပြောချင်တာ"
"bae က ဒီမှာပဲ ကြားချင်တာ"
"စကားပြောတာပဲ နေရာက အရေးကြီးလို့လား"
"baeက ပြောရမှာလေ အခု ကို ကနေရာရွေးနေတာ မဟုဘူးလား"
"ကို က အေးဆေးပြောရအောင်ပါ"
"အပိုမပြောနဲ့ ကိုဒီရေလှိုင်း ရှင်ကြီးအကြောင်းမသိရင်ခက်မယ်"
"သိရင်လဲ ငြင်းမနေနဲ့လေ"
ဒီရေ ပြောပြောဆိုဆိုနဲ့ သူမကိုကောက်ချီလိုက်တယ်
"အမယ်လေး"
ဒီရေ တစ်ချက်ပြုံးလိုက်တယ်
"ကို ဒီတိုင်းပြောလိုက်လို့မရဘူးလား"
"give and take လေ baeရဲ့ တစ်ခုလိုချင်ရင် တစ်ခုကတော့ ပေးရမှာပဲ"
"ဟာ.."
"သွားမယ်"
စမ်းရေ ငြင်းချိန်ပင် မရ
သူမ ကိုပွေ့ချီရင်း အခန်းထဲကို ဝင်သွားတယ်
ဒီရေ ပြုံးလိုက်တယ် နှိုင်း လာလိုက်တာ သူ့အတွက် အခွင့်အရေးတစ်ခု ရနေတယ် သူ မြတ်တာပေါ့ သက္ကရာဇ် က သူတို့နှစ်ယောက် အခြေအနေကို ဒီရေကိုပြောထားတယ်
"ဆိုတော့ မင်းက သူ့ကိုလက်ထပ်ယူမယ်ပေါ့"
"အဲ့လိုပဲပေါ့"
ဒီရေ တစ်ချက်ပြုံးလိုက်တယ်
"သေချာလား"
"ဘာလို့"
"မင်း တစ်ချိန်ကျ မင်း တကယ် ချစ်မြတ်နိုးသူ ပေါ်လာရင် ဘယ်လိုလုပ်"
"ခင်ဗျားထင်လား သူ့ထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့မိန်းခလေးတွေ့မယ်လို့"
"မင်း အပေါ်မူတည်တယ် မင်းကောထင်လား"
သက္ကရာဇ် ခေါင်းကို ညင်သာစွာရမ်းလိုက်တယ်
"သတိထားနော်"
"ဘာကိုလဲ"
"တစ်ချိန်ကျ မင်းအားနည်းချက်ဖြစ်လာနိုင်တယ်"
"မဖြစ်နိုင်ဘူး"
"အပြောမကြီးနဲ့ ငါ့ညီ ငါလဲတစ်ချိန်က မင်းလိုပဲ"
သက္ကရာဇ် ဒီရေပြောတာကြားတော့ ပြုံးလိုက်မိတယ် ဟုလဲ ဟုတာပဲ တစ်ချိန်က မိန်းမ မယူဘူးလို့ ကြွေးကြော်ထားတဲ့ သူ့အကိုက အခုတော့ စမ်းရေကြည်မှ စမ်းရေကြည် မှိုင်းမိထားသလားအောက်မေ့ရတယ်
"ကျုပ်က ခင်ဗျားမှ မဟုတာ"
ဒီရေ သက္ကရာဇ် ပခုံးကိုပုတ်ပြီ
"ထမင်းကို ကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့ ငါ့ညီ"
"ထားပါ အခု ဟိုမှာ ကြည့်လိုက်"
သက္ကရာဇ် မေးမော့ပြတဲ့ဘက်ကြည့်တော့ စမ်းရေလက်ကို ဆွဲလာတဲ့နှိုင်း
"သူတို့ရောက်လာရင် မရီးက အကို့တာဝန်နော်"
"ငါသိပါတယ်ကွာ"
ဒီရေ စမ်းရေ ကို သူတို့နှစ်ယောက်တည်းနေလို့ရအောင် ပ ထုတ်လာတာပါ ဘယ်လိုပဲ ဖြစ်ဖြစ် သူမကို သူပြောမှာပါ အခုတော့ ပူပူနွေးနွေး သမီးရည်းစားကြားထဲ ဝင်ဖို့မသင့်သေးဘူးလေ
ဧည့်ခန်းထဲက နှစ်ယောက်က ဘာစကားမှ မဆိုသေး
သက္ကရာဇ် သူမ နားကို လျှောက်သွားလိုက်တယ်
"ဘာလုပ်တာလဲ"
"ဘာလုပ်လို့လဲ"
"ကျုပ်ကို ဘာလို့ရှောင်နေတာလဲ"
"ဘယ်နားရှောင် ငါမရှောင်ပါဘူး ရှောင်စရာလား"
"အဲ့ဆို ကျုပ်ကို မြင်တာနဲ့ဘာလို့ ထွက်သွားဖို့လုပ်နေတာလဲ"
"နင့်ကို မြင်မှ ရုတ်တရက် သတိရသွားလို့"
"အော် ကျုပ်ကိုမြင်မှာပေါ့"
"ဟုတယ်"
"ဟက်...လိမ်တာကြည့်လိမ်နော် အလိမ်မတတ်ရင် ကျိုးသွားမယ်"
"အမ် ငါမလိမ်ပါဘူး"
"ထားလိုက်ပါ ကဲပြော"
"ဘာပြောရ"
"ရင်ဖွင့်စရာရှိတယ်ဆို"
"အဲ အဲ့တာက စမ်းရေကိုပြောတာ"
"ကျုပ်ကိုပြောလေ"
"အယ် မဖြစ်ဘူးထင်တယ်"
"ကျုပ်က ခင်ဗျား ကောင်လေးနော်"
"ဟူးးး"
"ဘာဖြစ်တာ"
"ဘာမှမဖြစ်ဘူး"
"ညနေကျ ကျုပ်အိမ်လာခဲ့"
"ဟမ် နင့် အိမ် ဘာလုပ်ဖို့လဲ"
သက္ကရာဇ် သူမ မျက်နှာနားကိုတိုးသွားပြီး
"ဘာလုပ်ချင်လို့လဲ"
သူမ နောက်ကို မြန်မြန်ဆုတ်သွားပြီး
"ဘာမှမလုပ်ချင်ပါဘူး"
"ဟက်...လာဆိုလာခဲ့"
"မလာဘူး"
သက္ကရာဇ် အကြည့်က မာသွားတယ်
"ငါ့ကို အမေ သတ်တော့မယ်ဟ"
"ခင်ဗျားက ဒီအရွယ်ထိ အမေကို ကြောက်တုန်းလား"
"အမေက ငယ်နိုင်"
သူ တစ်ချက်ရီလိုက်တယ်
"ခင်ဗျား လာမရဘူးပေါ့"
"အင်း"
"ကောင်းပြီ"
သူမ မျက်လုံးပြူးသွားတယ် သူလက်ခံလိုက်တာလား သူလက်ခံလိုက်တယ်ပေါ့ မဖြစ်နိုင်ဘူး သူအဲ့လို လက်ခံဖို့ဆိုတာ မဖြစ်နိုင် သူမ မျက်မှောင်ကျုံ့လိုက်တယ်
"ခင်ဗျား ဘာဖြစ်တာ"
"ဘာမှမဟုဘူး ငါသွားတော့မယ်"
"သွားလေ"
သူမ မြန်မြန်ပင် ထွက်လာတယ် တော်သေးတယ် သူမကို ဘာမှထပ်မလုပ်တာ မဟုရင် သူရုတ်တရက်လုပ်လိုက်ရင် သူမမှာလန့်နေရတယ် အခုတော့ အဆင်ပြေတာပေါ့ သူမ ဆိုင်ကို ပြန်သွားဖို့ပြင်လိုက်တယ်
သက္ကရာဇ် ကတော့ ဧည့်ခန်းမှာ ကျန်နေခဲ့တယ်
သူ မဲ့ပြုံးတစ်ချက်ပြုံးလိုက်တယ် သူမ ထွက်သွားတဲ့ တံခါးပေါက်ကို ကြည့်ရင်း
"ခင်ဗျား လွတ်ပြီထင်နေမှာပေါ့"
...........................................................................
သူမ နည်းနည်းတော့ လန့်နေသေးတယ် သက္ကရာဇ် ကအလွယ်တကူ သူမကို လွှတ်ပေးတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ ဒါကသူ့အကျင့်မှ မဟုတာ ထားပါလေတစ်ခါတစ်လေတော့လဲ လွှတ်ပေးမှာပေါ့ လူ့စိတ်ဆိုတာ ဘယ်ပြောရမလဲ သူမ သူ့အကြောင်းတွေးတာရပ်လိုက်ပြီး စိတ်ကိုပျော်ပျော်ပဲနေလိုက်တယ် ဒီနေ့တော့ သူမ အေးဆေးနေလို့ရလောက်ပါပြီ သူနဲ့ပြန်တွေ့ကတည်းက သူမမှာ တနေ့တစ်မျိုးမရိုးရ အခုတော့ အေးဆေးနေတော့မယ်
သူမ ဒီနေ့ စိတ်ပျော်စွာ အိမ်ကို ပြန်လာလိုက်တယ် သူမ အိမ်ထဲ ဝင်မယ်အလုပ်
"အဲ့မှာရပ်လိုက်!"
နှိုင်း ခြေလှမ်းတွေ တုံ့ခနဲ့ဖြစ်သွားတယ်
"အမေ"
သူမကိုတံခါးဝမှာ ခါးထောက်ကြည့်နေတဲ့ မာတာမိခင်
"ညည်းငါ့အိမ်ထဲ ခြေတစ်လှမ်းတောင်မလှမ်းနဲ့"
"ဟာ အမေကလဲ သမီးဘာလုပ်လို့လဲ"
"ညည်းအပြစ်ညည်းသိ"
"သမီးဘာလုပ်လို့လဲ"
"မသိချင်ယောင်မဆောင်နဲ့"
သူမ စဥ်းစားနေတယ် သူမရုတ်တရက်သိသွားပြီး
"ဟာ အမေကလည်း သမီးကအမြဲအဲ့လိုလုပ်နေကြပဲဟာကို"
"ဘာပြောတယ်! ညည်း မောင်နေစစ် ကို အမြဲတမ်းထိုးလွှတ်နေတာပေါ့"
"ဟမ် လွဲပြီ"
"ဘာလွဲတာလဲ"
"အမေရယ် သမီးက သူ့ကို အမြဲထိုးလွှတ်ပါ့မလား အမေ စဥ်းစဥ်းစားစားပြောပါ သမီးပြောတာက စမ်းရေတို့ အိမ်မှာ အိပ်နေကြ ကိုပြောတာလေ"
"ကဲ ပြော သူ့ကိုဘာလို့ထိုးလွှတ်တာလဲ"
"ဟမ် အမေရယ် သမီး ထိုးတာမဟုပါဘူး"
"ညည်းမထိုးတော့ ဘယ်သူထိုးမလဲ ညည်းက ယုံရတာမှမဟုတာ"
"အမေကလဲ သူ့ဟာသူ ဆိုင်ရှေ့မှာ ကောင်လေးတစ်ယောက်နဲ့ ပြဿနာတက်ပြီး အထိုးခံရတာလေ"
"အဲ့ဆိုလဲ ညည်း ဆေးထည့်ပေးလိုက်ပါ့လား ဘာလို့ ဒီတိုင်းပြန်လွှတ်လိုက်တာလဲ"
"အမေကတော့ ရစ်ပြီ"
သူမ ခေါင်းသာကုတ်မိတော့တယ်
"သူကအထည့်မခံလို့ပါ သမီးသူ့ကို ဆေးခန်းတောင်လိုက်ပို့မလို့"
"သေချာလား"
"သေချာတယ်"
"သေချာရင်ပြီးကော"
သူမ အမေ အိမ်ထဲ ပြန်ဝင်သွားတယ် အဲ့သူတောင်းစားလေး မွှေတာ သူချည်းခံနေရတယ် ထိုးတဲ့သူက အပြစ်ပြောမခံရပဲ ကိုယ်ပဲအပြောခံနေရ သူမလဲ အိမ်ထဲကို လိုက်ဝင်လိုက်တယ်
"အမေ သမီး အပေါ်တက်တော့မယ် ထမင်း မစားတော့ဘူး"
"ညည်း ဝိတ်ချနေတာမပြီးတော့ဘူးလား လူကြည့်အုံး ဝါးခြမ်းပြား နှစ်စိတ်စိတ်ထားသလိုပဲ"
"အမေရယ် အဲ့လောက်လဲမဆိုးပါဘူး ပြောလိုက်ရင် မှိုချိုး မြစ်ချိုး သမီး စာရင်းတွေလုပ်ရအုံးမှာ"
"မစားလဲနေအေ ငါ့ဟာငါစားမယ်"
သူမ အခြေအနေ မဟန်မှန်းသိတော့ သူမ အမေ နားကပ်ကာ
"စိတ်မဆိုးပါနဲ့ အမေရယ် သမီး ဘေးကနေ အဖော်လုပ်ပေးပါ့မယ်"
"သွားပါအေ ညည်းအလုပ်ညည်းလုပ်"
"ဟာအလုပ်က အမေလောက် အရေးမကြီးပါဘူး လာပါ သမီး အမေစားတာ ထိုင်စောင့်ပေးမယ်"
သူမ အမေကို ထမင်းစားခန်းထဲဆွဲခေါ်လာတယ် သူမ ဘေးနားမှာ ထိုင်ပြီး သူမ အမေကို ဟင်းတွေခတ်ပြီး ထိုင်စောင့်နေတယ် သူမ အမေက ထမင်းနည်းနည်းပဲ စားတတ်သူမို့ ခနလေးနဲ့ပြီးသွားတယ် သူမ အမေကို ကူပြီးသိမ်းဆည်းပြီးတော့ သူမ အခန်းရှိတဲ့အပေါ်ထပ်ကိုတက်လာတယ် သူမ ငွေစာရင်းစာရွက်ကို ထုတ်လိုက်တယ် ဆိုင်ရဲ့ အရင်းနဲ့ အမြတ်ကိုတွက်ချက်လိုက်တယ် သူမ အတော်ကြာအောင် စာရင်းတွေလုပ်နေတယ် သူမ မျက်လုံးတွေ ညောင်းလာတယ် သူမ ခနလောက်ရပ်ပြီး အကြောလျော့လိုက်တယ် သူမ ရေသောက်ချင်လာတော့ သူမ ထပြီး ရေသွားထည့်ဖို့ ပြင်လိုက်တယ် သူမ နောက်ကိုလှည့်လိုက်တော့ မြင်လိုက်ရတဲ့ သူကြောင့် သူမ လက်ထဲက ခွက်လွတ်ကျ သွားတယ် ဖန်ခွက် မဟုတဲ့အတွက် ခွက် ကွဲတော့မသွားပါ
"နင် ဘာလာလုပ်တာလဲ မဟုဘူး ဘယ်လိုလုပ်ရောက်လာတာလဲ"
"ကျုပ်က သရဲ မဟုပါဘူး ဘာလို့အဲ့လောက်လန့်နေတာလဲ"
"နင်ဘယ်အချိန်တုန်းကရောက်နေတာလဲ"
"သိပ်မကြာသေးပါဘူး နာရီဝက်လောက်တော့ရှိပြီ"
"ဟမ်"
သူမ ဘာလို့ သတိမထားမိလိုက်ရတာလဲ သူဘယ်လိုတောင် လာတာလဲ အိမ်ရှေ့တံခါးကလား မဖြစ်နိုင်ပါဘူး အမေက သော့ခတ်သွားတာပဲကို
"နင် ဘယ်ကလာတာလဲ"
သက္ကရာဇ် မေးမော့ပြလိုက်တယ် သူမကြည့်လိုက်တော့ ပွင့်နေတဲ့ ပြတင်းပေါက်
"ဟ နင်လူလား မျောက်လား"
"ခင်ဗျား ဘယ်လိုမြင်လဲ"
"ငါတော့ နင့်ကို မျောက်လို့ထင်တယ် ဘယ်လိုတောင် တက်လာတာလဲ"
"ခင်ဗျား မအိပ်သေးဘူးလား"
"အင်း ၉ နာရီပဲရှိသေးတာကို အမ် နေပါအုံး နင်ဘာလာလုပ်တာလဲ"
"ခင်ဗျားဆီလာတာလေ"
"ဟမ်"
"ခင်ဗျား ကျုပ်ဆီ လာလို့မရတော့ ကျုပ်က ခင်ဗျားဆီ လာရတာပေါ့"
"နင် ဘယ်လောက်ကြာအောင်နေမှာလဲ"
"ညအိပ်ဖို့စဥ်းစားထားတယ်"
"မရဘူး!"
သက္ကရာဇ် မျက်ခုံးတစ်ဖက်ပင့်ပြီး
"ဘာလို့လဲ"
"ဟ ငါ့အမေ အခန်းထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ"
"ဝင်လာပါစေ"
"ရမလား နင့်ကို တွေ့သွားမှာပေါ့"
"မိတ်ဆက်ပေးလေ"
"ဟ သက္ကရာဇ် ငါ့အမေ သတ်လိမ့်မယ်"
"ဘယ်မိဘမှ ကိုယ့်သားသမီးကို မသတ်ပါဘူး"
ထိုသို့ပြောရင်း သူမ ကိုခါးကနေဆွဲဖက်ပြီး သူ့နားကို ကပ်စေလိုက်တယ်
"ပြီးတော့ ကျုပ်အပိုင်ကို ဘယ်သူမှမထိစေရဘူး"
သူမ ထိုစကားကြားတော့ သူမ ရင်ထဲမှာ အမည်မသိ ဝေဒနါလေး ခံစားလိုက်ရတယ် အရမ်းကိုနုညံ့တဲ့ လေပြေလေးတိုက်ခတ်သွားသလိုပဲ သူမ သူ့မျက်လုံးကို အတန်ကြာအောင်စိုက်ကြည့်နေမိတယ်
"ခင်ဗျား ဘာလို့အဲ့လောက်ပြားတာလဲ"
အစောက ကြည်နူးနေတဲ့ စိတ်လေး ရုတ်ချည်းပျောက်သွားတယ် သူ့ကို မျက်မှောင်ကျုံ့ကြည့်လိုက်တယ်
"ဘာဖြစ်လဲ ငါ့ဟာငါပြားတာ နင့်ကို ဘာထိခိုက်နေလို့လဲ"
"ထိခိုက်တာပေါ့ ခင်ဗျားက ကျုပ်ကောင်မလေးလေ ကျုပ်ကောင်မလေးကပြားနေတာ မကြိုက်ဘူး"
"ဟ အဲ့လောက်ကိတ်တာကြိုက်ရင် ကိတ်တဲ့ကောင်မလေးနဲ့တွဲပါ့လား"
"ကိတ်တာကြိုက်ပေမဲ့ လူကို စိတ်မဝင်စားဘူး"
"နင်အရမ်းချေးများတာပဲ အစောကတည်းက နှင်းသက်လွှာ ကိုရွေးလိုက်တာမဟုဘူး"
"ခင်ဗျားမပေါ်လာရင် တစ်မျိုးပေါ့"
"အဲ့ဆို ငါ့အမှားပေါ့"
"ပြောမရပါဘူး"
"ဖြစ်ရမယ်"
"ကျုပ်ဘက်ကိုလှည့်"
သူမ မသိချင်ယောင်ဆောင်နေတယ်
"ကျုပ် စိတ်မရှည်ဘူးနော်"
သူမ သူ့ကို မျက်စောင်းပိတ်ထိုးလိုက်တယ် ရည်းစားလဲ ထားသေးတယ် စိတ်လဲမရှည်ဘူးတဲ့ အံ့သြပါ့ သူမ ပြောတာပြောနေတာ မျက်နှာက အတည့်လှည့်ပြီးသား
သက္ကရာဇ် မျက်နှာက ငုံ့လာတယ် သူမ ခေါင်းကို နောက်ဆုတ်သွားတယ် သက္ကရာဇ် မျက်မှောင်ကျုံ့သွားတယ်
"နင်နော်"
"ရှောင်ရင် ပိုဆိုးမယ်နော်"
"နင် ခြိမ်းခြောက်နေတာပဲ"
သူနှုတ်ခမ်းတစ်ချက်တွန့်ပြီး သူမ ခေါင်းကို လက်တစ်ဖက်နဲ့ဆွဲကိုင်ပြီး နမ်းလိုက်တယ်
သူရဲ့ရုတ်တရက် ဆန်လွန်တဲ့ အပြုအမှုကြောင့် နှိုင်းမှာ လန့်သွားတယ် အခုလဲ သူမ ကိုအငမ်းမရ နမ်းရှိုက်နေတယ် နှိုင်းအတွက် သူ့အနမ်းက အသံရှူကြပ်စေတယ် နှိုင်း သူ့ပခုံးကို ဆုပ်ကိုင်ထားမိတယ် သူမ ကို အသက်ရှူခွင့်ပင်မပေး သူမ နှုတ်ခမ်း တစ်ခုလုံးကို ဆုပ်ယူနေတယ် သူမ တကယ် မရတော့ပါ သက္ကရာဇ် ပခုံးကို ဆက်တိုက်ရိုက်နေမိတယ်
သက္ကရာဇ် သူမ မရတော့ဘူးဆိုတာ သိတော့ လွှတ်ပေးလိုက်တယ် သူလွှတ်ပြီးပြီးချင်း သူမ အသက်ကိုအငမ်းမရရှူနေတယ် သူမ အသက်ကိုလုရှူရင်းကနေ သက္ကရာဇ် ကို လှမ်းကြည့်ပြီး မျက်စောင်းထိုးနေတယ် ဒီလောက်အနမ်းခံရတာ မမှတ်သေးပုံပဲ
"နင်လူမဟုတ်..အွန့်"
သူမ ကိုရန်တွေ့ချိန်ပင် မပေး သူမ ပါးစပ် ဟ လိုက်တာနဲ့ သူမ ကိုတစ်ဖန်ထပ်နမ်းလိုက်တယ်
"အွန်..."
သူမ တကယ်ပင် မေ့ချင်လာပါပြီ သူဘယ်လိုတောင်နမ်းနေတာလဲ သူ သူမကိုပြန်လွှတ်ပေးလိုက်တယ် စောနက လောက်မကြာပေမဲ့ သူမမှာ ထိုအနမ်းနှစ်ချက်နဲ့ပင် တကယ်ကို အသက်ရှူရကြပ်နေတာပါ သူရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ ကိုင်ထားပြီး သူမ အသက်ကိုဝအောင်ပြန်ရှူလိုက်တယ်
"ခင်ဗျား မောပြီလား"
"မမောပဲ နေမလား နင်လူလိုနမ်းတာမှမဟုတာ"
"ဟက်..ခင်ဗျားက အရင်ကလူတွေလောက်တော့မဆိုးပါဘူး"
"သက္ကရာဇ် ငါပြောမယ် နင် လေ နည်းနည်းလေး နုနုညံ့ညံ့ နမ်းလို့မရဘူးလား"
"မရဘူး"
"ဟ နင် အဲ့လိုသာဆက်နမ်းရင် ငါအသက်ရှူကြပ်သေလိမ့်မယ်"
"ကျုပ်က အမြဲအဲ့လိုပဲနမ်းတတ်တာ ခင်ဗျားပြောတဲ့ နုနုညံ့ညံ့ ဆိုတာကျုပ်မနမ်းတတ်ဘူး"
သက္ကရာဇ် မျက်ခုံးတစ်ချက်ပင့်ပြီး ဆက်ပြောလိုက်တယ်
"ဆိုတော့...ခင်ဗျားနမ်းပြလေ"
"ဟမ်"
သက္ကရာဇ် တစ်ချက်ရီလိုက်တယ်
"ခင်ဗျား..တစ်ခါမနမ်းဖူးဘူးလား"
"ဟ ငါဘာလို့ မနမ်းဖူးရမှာလဲ"
"ဟုလား အဲ့ဆို နမ်းပြလေ"
ထိုအချိန်
"ေဒါက်..ဒေါက်..."
သူမ အခန်းရှေ့က တံခါးခေါက်သံကြားလိုက်ရတယ် သူမ လန့်သွားတယ်
"သမီးရေ.."
သူမ သက္ကရာဇ် လက်တွေက ဖြေချဖို့လုပ်လိုက်တယ် သက္ကရာဇ် လွှတ်မပေးပေ သူမ သူ့ကိုမျက်လုံးပြူးပြီး ကြည့်လိုက်တယ် သက္ကရာဇ် က နှုတ်ခမ်းတစ်ချက်ပင့်ပြုံးပြတယ်
"ဟဲ့..သမီး"
"ရှင်..ရှင် အမေ ဘာပြောမို့လဲ"
"သမီးအလုပ်တွေပြီးပြီလား"
"ဘာလို့လဲ အမေ"
"ညည်းအခန်းထဲက အသံတွေ ကြားနေလို့"
"အယ် အဲ့တာက သမီးဖုန်းပြောနေလို့ပါအမေ"
သူမ သက္ကရာဇ် ကိုတိုးတိုးလေးစကားဆိုလိုက်တယ်
"(လွှတ်အုံးဟ)"
"မလွှတ်ဘူး"
သူမ ကသာအသံနှိမ့်ပြောနေပေမဲ့ သက္ကရာဇ် ကတော့ ပုံမှန်အသံနှင့်ပင် သူမ သက္ကရာဇ် ပါးစပ်ကိုသူမလက်နဲ့ပိတ်လိုက်တယ်
"အေးအေး အလုပ်တွေလဲညနက်တဲ့အထိလုပ်မနေနဲ့နော်"
"ဟု..ဟုကဲ့အမေ"
သူမ အမေထွက်သွားတဲ့ခြေသံကြားမှ သူမ လဲသက်ပြင်းချနိုင်တော့တယ် သက္ကရာဇ် ပါးစပ်ပိတ်ထားတဲ့လက်ကိုဖယ်လိုက်တယ်
"နမ်းပြမလား မဟုရင်...."
သက္ကရာဇ် မျက်လုံးက တံခါးကို ညွှန်ပြနေတယ်
"နင်.."
သက္ကရာဇ် တစ်ချက်ပြုံးပြီး
"ဘယ်လိုလဲ"
...........................................................................
(အရမ်းကြာသွားတယ်မလား သာသာလဲ အခုရေးပြီးပြီးချင်းတင်ပေးလိုက်တာပါနော် သာသာအခု နယ်က ပြန်ရောက်ပြီမို့ စောင့်ရတာအရမ်းကြာသွားတဲ့အတွက် နောက်တစ်ပိုဒ်ကို မြန်မြန်ရေးပြီး မြန်မြန်တင်ပေးပါ့မယ်နော်😘😘😘)
YOU ARE READING
Don't run away
Romanceဒါကတော့ ဒီရေထက် ဆိုးတဲ့ ဒီရေညီ သက္ကရာဇ် ကိုမြင်ရမှာပါ မမ ကို ရှယ်ကြူးမဲ့ မောင်လေးပါ😚😚