" ဧကရီမောင် ဒီကိုလာစမ်း "
အိမ်ထဲဝင်ဝင်ခြင်းဟိန်းထွက်လာသောဒယ်ဒီ့အသံကြောင့်မောင်တစ်ယောက်စိတ်ထဲတွင်
"ချီးပဲေသပြီ" ဟုပြောမိသော်လည်းလက်တွေ့တွင်တော့ငြိမ်ကုပ်ကာဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။မာမီ့အားစစ်ကူတောင်းရန်လှမ်းကြည့်သော်လည်းသူလည်းထိန်းမနိုင်ဘူးဟူသောအကြည့်ဖြင့်သာပြန်ကြည့်လေသည်။
" ဧကရီမောင် !!! တောက်စ် သမီးလေးတစ်ယောက်ရှိပါတယ်ဘာမှကူဖော်မရ။ဘွဲ့ရပြီးထဲကအလုပ်မလုပ်ပဲနေ့တိုင်းအချိန်တွေဖြုန်းနေတာ။မိန်းကလေးဖြစ်ပြီးအဲ့ဒိဆိုင်ကယ်ပြိုင်မောင်းတာကိုလဲမလုပ်ပါနဲ့ဆိုတာကိုပြောမရဘူး။ဆိုင်ကယ်ထပ်ပြိုင်တာကိုကြားရင်ဘာလုပ်မယ်လ်ို့ပြောထားတာကိုမှတ်မိတယ်နော်။ငါနင့်ကိုဘယ်လိုမှမနိုင်တော့ဘူး "
" မဟုတ်ဘူး ဒယ်ဒီ.... မောင်ရှငိးပြ "
" တိတ်စမ်း ဘာဆင်ခြင်မှမကြားချင်ဘူး။အခုချက်ချင်းအထုပ်ပြင်ငါ့သူငယ်ချင်းရှိတဲ့ရွာကိုသွားရမယ် ဒါဘဲ "
" ဒယ်ဒီ!!! ဟင့်အင်းနော်မောင်မသွားနိုင်ဘူး။ဒယ်ဒီကကိုယ့်သမီးလေးကိုအဲ့လိုနေရာကိုပို့ရက်တယ်ပေါ့ "
" တစ်နှစ်.... တစ်နှစ်အချိန်ပေးမယ်။တစ်နှစ်ပြီးလို့မောင်ကလေးရဲ့အကျင့်တွေပြင်မယ်ဆိုရင်ဒယ်ဒီကိုယ်တိုင်ပြန်လာခေါ်မယ် "
ဟုဆိုတာထွက်သွားလေသည်။
တစ်ချက်လွှတ်အမိန့်ဖြင့်မောင်တစ်ယောက်
ဒယ်ဒီ့သူငယ်ချင်းရှိရာရွာသို့ရောက်လာခဲ့လေသည်။" ကဲလာ ငါ့တူမကြီး မင်းဒယ်ဒီကြိုပြောထားလို့ဦးလေးအကုန်သိပြီးပြီ။ဒါတူမကြီးနေရမယ့်အခန်း "
" ဟင် ကုတင်ကနှစ်လုံးပါလား ဦးလေး "
" ဟားဟား တူမကြီးမသိသေးဘူးထင်တယ်။သောင်းထိုက်ကတော့ကွာကလေးကိုသေချာမပြောလိုက်ဘူး။ဦးလေးပြောပြမယ် တူမကြီးရဲ့ဘေးကုတင်ကတူမကြီးကိုလိမ္မာအောင်ဆုံးမပေးမယ့်ဦးလေးရဲ့သမီး "
" ဟင် ဘာလား ဒယ်ဒီကဘာတွေလုပ်နေတာလဲ " ဟုမောင်တစ်ယောက်စိတ်ထဲတွင်တွေးနေတုန်းအနောက်မှပေါ်လာသောအသံ။အသံလေးနဲ့တင်မောင့်ရဲ့အာရုံစူးစိုက်မှုသည်ထိုအသံပိုင်ရှင်လေးဆီသို့ရောက်သွားသည်။