မောင်နိုးလာတော့ဘေးတွင်အန်တီမရှိတော့ပေ။မနေ့ညကကိစကိုပြန်တွေးမိတော့ပီတိဖြစ်မိသည်။ရေမိုးချိူးပြီးတော့အိမ်ရှေ့မှစကားပြောသံများကိုကြားလိုက်ရလို့မောင်အပြင်ထွက်လာခဲ့လိုက်သည်ာအပြင်ရောက်တော့အန်တီကယောင်္ကျားတစ်ယောက်နှင့်ရယ်မောပျော်ရွှင်ကာစကားပြောနေသောမြင်ကွင်းမောင့်ရင်ထဲမီးစဖြင့်ထိုးဆွလိုက်သကဲ့သို့ပင်။
" မောင်နိုးလာပြီပဲ ဒီကိုလာပါဦး မောင့်ကိုမိတ်ဆက်ပေးမလို့ "
" မောင့် ဒါကအန်တီလက်ထပ်မယ့်အမျိုးသား
ကိုခန့်ထည်တဲ့။မောင်မှတ်မိတယ်မလားဟိုတစ်ခါဘုရားပွဲတုန်းကဆုံဖူးတယ်လေ "" မင်္ဂလာပါအကို့နာမည်ကခန့်ထည်ပါ။ဟိုတစ်ခါဆုံတုန်းကသေချာမနှုတ်ဆက်လိုက်ရလို့လေ။လင်းကတော့အကို့ကိုညီမလေးအကြောင်းတွေပြောပြထားတယ် "
" ကိုကလည်းကလေးကိုလျှောက်ပြောနေပြန်ပြီ "
အခုချိန်မှာမောင့်ရင်ထဲဗလာနတ္ထိပင်။တခြားသူများပြောတဲ့စကားတွေကိုလဲမောင်ဘာမှမကြားတော့ပေ။
"ဘာတွေဖြစ်ကုန်တာလဲ???? အန်တီကရောဘာတွေဖြစ်နေတာလဲ!!!!! "
" မောင်လူကြီးတွေရှေ့မှာဘယ်လိုဖြစ်နေတာလဲ "
အန်တီ့လက်အားဆောင့်ဆွဲကာအိမ်အနောက်ဖက်သို့ခေါ်လာခဲ့သည်။
" ရှင်းစမ်းပါဦး မောင့်ကိုစနေတာမလား ဒါမှမဟုတ်မောင်အိပ်မက်မက်နေတာဖြစ်မယ် အဟားးး အိပ်မက်မက်နေတာဖြစ်မယ်နော် "
မောင့်ကိုယ့်ပါးကိုယ်ချကာအိပ်မက်ဟုသာရေရွတ်နေမိသည်။
" မောင် အသိစိတ်ကပ်စမ်းပါ။ဒါအိပ်မက်မဟုတ်ဘူးတကယ်နောက်သုံးလနေရင်အန်တီ
အကိုခန့်ထည်နဲ့လက်ထပ်တော့မှာ "အန်တီ့လက်အားလှမ်းဆွဲကာမောင်အရူးတစ်ယောက်လိုရေရွတ်မိသည်။
" ဘာတွေပြောနေတာလဲအန်တီရဲ့ အန်တီကမောင့်ချစ်သူလေ မောင်တို့ကရည်းစားတွေလေအန်တီရဲ့ ပြီးတော့မနေ့ညကမောင်တို့နှစ်ယောက်က "
" မင်းလက်ကိုဖယ်စမ်းပါ ဒီမှာမောင် ဒို့တစ်ခါထဲအပြတ်ပြောလိုက်မယ်။မင်းလိုဘာမှအရည်အချင်းမရှိတဲ့အညတရမိန်းကလေးတစ်ယောက်ကိုဒို့ဘဝကြီးပုံပေးလောက်ရတဲ့ထိဒို့မမိုက်မဲဘူးပြီးတော့အကိုခန့်ထည်နဲ့ခနစိတ်ဆိုးတုန်းမင်းကိုဒို့အသုံးချမိတာ။မနေ့ညကကိစလား ဒို့တွကမိန်းမလေးချင်းပဲလေမရှိခဲ့သလိုပဲသဘောထားပေးပါ။ဒို့အမျိူးသားရှေ့မှာစကားပြောဆင်ခြင်ပေးပါ "
ဟုဆိုကာမောင့်လက်အားဖြုတ်ကာလှည့်ထွက်သွားလေသည်။ထိုနေရာ၌ပင်ေမာင်ဒူးထောက်ကာလဲကျသွားတော့သည်။မောင်မသိလိုက်သည်ကမောင့်အားကျောခိုင်းသွားသူမှာမျက်ရည်များဖြင့်ဆိုတာကိုပေါ့.........
ထို့နေ့မောင်လုံလောက်စွာငိုကြွေးပြီးနောက်ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချလိုက်တော့သည်။
" ဟယ်လိုဒယ်ဒီ မောင့်ကိုလာခေါ်တော့ မောင်ဒီမှာမနေချင်တော့ဘူး "
ဖုန်းချပြီးနောက်သက်ပြင်းရှည်ကြီးကိုချကာဘေးတွင်လွတ်နေသောကုတင်အားကြည့်ကာမျက်ရည်များမှာအထိန်းအကွပ်မဲ့စွာကျလာပြန်သည်။
" ပြန်တော့မလို့ဆို ကျန်စမာရေးဂရုစိုက်ဦးနော် "
" အခုမှဘာတွေလာဂရုစိုက်နေတာလဲ မောင်ဘာဖြစ်ဖြစ်အန်တီနဲ့မဆိုင်ဘူး။အန်တီမှတ်ထားဖို့ကဘာမှအရည်အချင်းမရှိဘူးလို့အန်တီပြောတဲ့သူကဘယ်လောက်လုပ်နိုင်လဲဆိုတာသိစေရမယ်။အန်တီ့ကိုမုန်းတယ် စိတ်နာတယ် "
မောင့်စကားတိုင်းလိုလိုဟာနေကြာ့အတွက်အရှင်လတ်လတ်ငရဲကျနေသလိုခံစားရသည်။မောင့်ရှေ့မှာတော့ဟန်မပျက်နေနိုင်ပေမယ့်နေကြာ့ရင်ထဲတွင်တော့ဟန်ချက်ပျက်နေပေသည်။လက်ကိုလဲကျစ်ကျစ်ပါအောင်စုပ်ထားမိသည်။ထိုနေ့မှစ၍မောင်ဟာတခြားသူတစ်ယောက်လိုပြောင်းလဲသွားခဲ့သည်။
နေကြာ့ရှေ့တွင်လည်းပေါ်မလာအခန်းထဲတွင်လည်းမမြင်ရပေ။သုံးရက်ကြာပြီးနောက်မှာမောင့်မိဘတွေကမောင့်ကိုလာခေါ်ခဲ့သည်။ကားပေါ်တက်ခါနီးတွင်နေကြာ့အနားသို့ကပ်ကာပြောသွားသောစကားကြောင့်အမေ့လက်အားတင်းနေအောင်ဆုပ်ကိုင်ထားမိသည်။ကားထွက်သွားတော့မှထိုနေရာတွင်လဲကျကာငိုကြွေးလိုက်တော့သည်။နေကြာ့အားပြောသွားသည်မှာ.......
" ခင်ဗျားကိုမောင်သိပ်မုန်းတယ်တဲ့ "
မေမေ့ရင်ခွင်ထဲတွင်ကလေးတစ်ယောက်လိုအော်ဟစ်ငိုကြွေးမိတော့သည်။
" မေမေ မောင်ကလေ မောင်ကသမီးကိုမုန်းတယ်တဲ့ မေမေရဲ့ "
" မောင်ကလေးကအမှန်တရားကိုမသိသေးလို့စိတ်ဆိုးတုန်းပြောတာနေမှာပါသမီးရဲ့ "
" ဟင့်အင်း အမှန်တရားကိုလည်းသိမှာမဟုတ်ဘူး။သမီးကိုလည်းတစ်သက်လုံးမုန်းနေတော့မှာ အဟင့်.............ဟင့် "
မလွှတ်ချင်ပဲလွှတ်ပေးလိုက်ရတဲ့လက်တစ်စုံနဲ့ပြေေလျာ့ကာထွက်သွားတဲ့ကြိုးကလေးမှာဘယ်ဟာကပိုနာကျင်ရမည်နည်း။
Part (11) ဆက်ရန်။
သာသာသန်လျင်ကိုပြန်မယ့်ကိစနဲ့အလုပ်ရှုပ်နေလို့တိုသွားပါတယ်ရှင့်❣️
![](https://img.wattpad.com/cover/378290546-288-k287180.jpg)