📞📞📞📞📞📞📞📞📞
" ဟယ်လို မာမီ "
" အမလေး မောင်ကလေးရယ် မာမီ့ဆီဖုန်းလည်းမဆက်ပါလား။မာမီကတော့ဖုန်းကိုမျှော်လို့ မောင်ကလေးကမာမီ့ကိုဖုန်းဆက်ဖော်တောင်မရဘူး။နေကောင်းရဲ့လားသမီးရယ်။မာမီသမီးဒယ်ဒီကိုပြောပေးမယ်လေ။မာမီ့သမီးလေးကိုအရမ်းလွမ်းနေပြီသိလား။နေရထိုင်ရတာရေယအဆင်ပြေရဲ့လား "
" မောင်လည်းမာမီ့ကိုလွမ်းပါတယ်။မာမီမေစတာတွေကလည်းများလိုက်တာမောင်ဘယ်ကနေစဖြေရမလဲတောင်မသိတော့ဘူး။နေကောင်းပါတယ်မာမီရဲ့။နေရတာလည်းအဆင်ပြေတယ်။မာမီရောနေကောင်းတယ်မလား။ အာဘွားးမွမွ "
" သွားပါအခုမှအမေကိုလာချွဲမနေနဲ့။ပစ်ထားတုန်းကထားပြီးတော့ "
" ဟဲဟဲ မာမီကလဲ ဒီသမီးလေးတစ်ယောက်ပဲရှိတာကိုစိတ်မဆိုးပါနဲ့တော့ "
" အေးပါအေးပါ ဒါနဲ့ တစ်နှစ်ပြည့်ဖို့သုံးလပဲကျန်တော့တာမလား။တစ်နှစ်ပြည့်ရင်မာမီ့သမီးလေးကိုမာမီကိုယ်တိုင်လာခေါ်မယ်နော်"
" မာမီ ဟိုလေ နောက်တစ်နှစ်လောက်ထပ်နေလို့မရဘူးလား "
" ဘယ်လိုပြောလိုက်တယ်အစတုန်းကမောင်ကလေးပဲမသွားချင်ဘူးဆိုအခုကျတော့ဘယ်လိုဖြစ်ရတာလဲ "
" ဟို မောင်လေ ဟို ဒေါ်လေးမြတ်တို့ရဲ့သမီးနဲ့မေတ္တာမျှနေလို့ "
" ဘုရားးရေ သမီးဒယ်ဒီသိရင်မိုးမီးလောင်တော့မှာပဲ "
" မသိဘူးမာမီရာ မောင်အန်တီ့ကိုချစ်တယ်။မခွဲနိုင်ဘူး "
မောင်ငယ်ငယ်ေလးကတည်းကမာမီနဲ့ဆက်ဆံရေးမှာသားအမိဆိုတာထက်သူငယ်ချင်းတစ်ယောက်လိုပင်။အမြဲလိုလိုတိုင်ပင်ပြောဆိုခဲ့တာမလို့မောင့်စိတ်ကိုလည်းမာမီကသိသလို။မောင်ကလေးရွေးချယ်တာကိုမာမီကတားမှာမဟုတ်ဘူးလို့လည်းပြောတတ်သေးသည်။မာမီနဲ့vc ပြောပြီးနောက်မောင့်ဒယ်ဒီကမောင်တို့အားဘယ်လိုမှသဘောတူမှာမဟုတ်ဘူးဆိုတာမောင်သဘောပေါက်ပါသည်။လောလောဆယ်တော့အန်တီ့အားမောင်အသိမပေးချင်သေးပေ။မောင်မသိလိုက်သည်ကားဖုန်းစပြောထဲကအကုန်ကြားသွားတဲ့သူတစ်ယောက်ရှိတာကိုပင်။
