အပိုင်း(၆)

563 54 4
                                    

" အခုမောင်ကြီးလာပြီဆိုတော့မောင့်ကိုယူမယ်မလား "

" ခွပ် "

" အားးနာလိုက်တာလက်ကလဲမြန်တာလွန်ရော
အန်တီရာ "

" လူကြီးကိုမဟုတ်တာပြောချင်ဦး "

" အန်တီကလဲမောင်ကမဟုတ်တာမပြောပါဘူး အတည်ပြောတာ အန်တီ့ကိုလေမောင်ကရအောင်ကိုယူဦးမှာ အခုကတော့အန်တီ့စကားအတိုင်းပဲ
မောင့်ကိုစဉ်းစားပေးပါနော် "

ဟုဆိုကာသူမမျက်နှာအားကပ်လာသောမောင့်ကြောင့်နေကြာအနောက်သို့အနည်းငယ်ဆုတ်မိသည်။မောင့်ရင်ဘတ်အားလက်ညှိုးဖြင့်ထောက်ကာ

" ဟို စဉ်း စဉ်းစားပေးပါ့မယ် "

" တကယ်ပြောတာနော် "

" အင်းပါ မောင်ရယ် ဟို ဖယ် ဖယ်ပေးတော့ "

" ဘာလဲ အန်တီကရှက်လို့လား "

" မ မဟုတ်ပါဘူးနော် "

" အဟွင်းးးဝန်မခံလဲရပါတယ်လေ "

" သွား အိပ် အိပ်တော့ ဒုတ် ဒုတ် ဒုတ် "

နေကြာတစ်ယောက်ရှက်သည်ထက်အဆမတန်ခုန်နေ‌ေသာရင်ခုန်သံအားမောင်ကြားသွားမည်ကိုစိုးသောကြောင့်ဖြစ်သည်။

နောက်တစ်နေ့မနက်

" မောင်လုပ်ပေးမယ် မောင်လုပ်လိုက်မယ် မောင့်ကိုလွှဲထားလိုက်စသည်ဖြင့်မနက်မိုးလင်းထဲကနေကြာပင်ပင်ပန်းပန်းဘာမှမလုပ်ရပေ။မောင်တစ်ယောက်အနောက်မှတကောက်ကောက်လိုက်ကာတခုပြီးတခုလုပ်နေပေသည် "

" ကဲ အန်တီကဘာလုပ်ရမှာလဲမောင်ရယ် "

" မောင့်မိန်းမလုပ်လေ "

" ဟယ် ဒီကလေး " ဟုဆိုကာမောင့်အားမျက်စောင်းထိုး၍ထွကိသွားလေသညိ။အပျိုကြီးတွေများမူလိုက်တာလွန်ရောဟုတွေးလိုက်သည်။

နေကြာတစ်ယောက်မောင့်အားအမြင်ကပ်ကပ်ဖြင့်ဘာမှမလုပ်ပဲနေနေလိုက်သည်။

" အန်တီရေ ဒီ calculator ကြီးလွှင့်ပစ်လိုက်တော့မယ် "

" ဟယ် ဟိုတစ်လောကမှဝယ်ထားတာလေ ပျက်သွားလို့လား "

" မဟုတ်ပါဘူး လက်ကျန်ဘဝကိုအန်တီနဲ့ပဲပေါင်းချင်လို့လေ "

" အို "

နေကြာဘာပြန်ပြောရမလဲမသိပေ။တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြင့်မျက်နှာပင်နီရဲလာသောကြောင့်မောင့်အရှေ့မှထ၍ထွက်လာခဲ့သည်။

နှစ်နာရီကြာသော်.......

" အရီးရေ အရီး "

" ဒီမှာလေ မောင်ကလေးဒဏ်ရာရလာလို့ "

" မောင့်နာမည်ကြားသောကြောင့်နေကြာလုပ်လက်စများကိုရပ်ကာအပြင်သို့ထွက်လာခဲ့သည်။မျက်နှာမှာလည်းယောင်ကိုင်းကာနှုတ်ခမ်းလည်းပေါက်သွားဟန်တူသည်။မောင့်အားတွဲကာအခန်းထဲခေါ်လာခဲ့သည် "

နှုတ်ခမ်းအားဆေးထည့်ပေးရင်းမေးလိုက်သည်။

" ဘယ်လိုဖြစ်ရတာတုန်း ပြောပါဦး "

" အ့ ဖြေးဖြေးလုပ်ပါအန်တီရယ် နာရတဲ့ကြားထဲ "

" ရန်ဖြစ်တုန်းကဖြစ်ပြီးတော့ဆေးထည့်မှနာတယ်လုပ်မနေနဲ့ "

" မောင်ရွာထဲသွားတော့အမလဲ့ရည်တို့ကိုရွာကလူတွေကလိုက်နှောင့်ယှက်နေတာနဲ့ဝင်တားရင်း တားလို့မရတော့တာနဲ့ ဆွဲထိုးလိုက်တာ "

" အားးးလားးလားးး နာလိုက်တာ "

နေကြာဆေးထည့်ပေးရင်းလဲ့ရည်နာမည်ကိုကြားသောကြောင့်ဆေးထည့်ပေးနေသောနှုတ်ခမ်းအားတမင်အားထည့်ကာလုပ်လိုက်သည်။ထို့နောက်
မောင့်အားမျက်စောင်းထိုး၍ထွက်လာခဲ့သည်။

အခန်းထဲတွင်ကျန်ခဲ့သည့်မောင်က‌ေတာ့အပျိုကြီးတစ်ယောက်သဝန်တိုသွားသည်ကိုမသိရှာပေ။

Part (7) ဆက်ရန်။
သာသာလုံးဝမအားတာနဲ့ပစ်ထားမိတာတောင်းပန်ပါတယ်နော်။နောက်တစ်ပိုင်းကျမှရှည်ရှည်လေးရေးပေးမယ်

မောင့်ရင်ခွင်ဝယ်Where stories live. Discover now