Part - 6

199 20 12
                                    

>> Unicode <<
~~~~~~~~~~~~

" ပုံရိပ် ! ပုံရိပ်မင်းထင် ! "

အိမ်ရှေ့မှ ခေါ်သံကျယ်ကျယ်ကြောင့် အိပ်ခန်းထဲကထွက်လာသူပုံရိပ်မှာ လက်ကြားထဲ စီးကရက်ညှပ်ထားလျက်။

" ဟာ.. ကိုဖိုးသောကြာ "

" အေး မင်းတစ်ယောက်တည်းလား "

" ဟုတ်တယ်အကို ဝင်လေ ထိုင်.. အကိုရော တစ်ယောက်တည်းလာတာလား "

ပျူငှာ‌နေရသော်လည်း ကိုဖိုးသောကြာတစ်ယောက် အိမ်တိုင်ရာရောက်ဖဲကြွေးလာတောင်းတယ်ဆိုတာ ပုံရိပ်သိပြီးသား။

" တေဇောနဲ့လာတာ၊ မင်းရည်းစား ဆရာဝန်ရော "

" လူနာအိမ်ကလာပင့်လို့ လိုက်သွားတယ်၊ ကိုဖိုးသောကြာ အအေးသောက်မလား၊ အပူသောက်မလား "

" နေ နေ.. ငါလာတာ ပိုက်ဆံကိစ္စပြောမလို့ "

" ဟို... ကျွန်တော့်အကြွေးတွေလားအကို "

" အေး ဟန်ကိုကမအားလို့ ငါ့လွှတ်ပြီးတောင်းခိုင်းလိုက်တာ "

ပုံရိပ်စဉ်းစားရင်း ပွထနေပြီးသားခေါင်းကို ခပ်ကြမ်းကြမ်းကုပ်သည်။ သူ့ဆီမှာ ကိုမင်းအိမ်သူပေးထားတဲ့ ထမင်းဖိုးနှင့်မုန့်ဖိုးကလွဲပြီး အကြွေးဆပ်နိုင်လောက်သည့်ပမာဏရဲ့ တစ်ဝက်တောင်မရှိသေး။ ဒီအရေးတွေကိုကြိုမြင်၍ မေမေ့ဆီကမုန့်ဖိုးတောင်းဖို့ကြံသော်လည်း မွေးသမိခင်ဟာ သူ့ဖုန်းလေးကိုလျစ်လျှူရှူ့ထားသည်လေ။

" ဘယ်လိုလဲ.. အဆင်ပြေလား ပုံရိပ် "

" ပြေတော့ပြေပါတယ်၊ လောလောဆယ် ကျွန်တော့်မှာ အကို့ကိုပေးလိုက်ဖို့မရှိသေးလို့ ညကျမှလွှဲပေးလို့မရဘူးလားအကို "

" အဲ့လိုတော့အဆင်မပြေလောက်ဘူးကွ၊ ဟန်ကိုကလည်း ပေးစရာတွေရှိနေတာ၊ မဟုတ်ရင် ဒီလိုတောင်လာမတောင်းပါဘူးငါ့ညီရာ "

" ဒါဆို.. ခဏလေးစောင့်အကို၊ ကျွန်တော့်သူငယ်ချင်းဆီပြောကြည့်ဦးမယ် "

ပြောပြီး အိမ်ရှေ့သို့ထွက်ကာ ဆန်းသစ်စကိုသာဖုန်းခေါ်ရသည်။ အရေးအကြောင်းဆို ဒီကောင်ကလည်း တော်ရုံနှင့်ဖုန်းမကိုင်နိုင်။ ထိုအချိန် ခြံထဲမောင်းဝင်လာတဲ့အကို့ဆိုင်ကယ်ကြောင့် ပုံရိပ်မှာ ငယ်ထိပ်တည့်တည့်မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

အိမ်Where stories live. Discover now