လင်းနွမ်က ထွမ်းထွမ်းလေးကို ငုံ့ကြည့်နေရင်းမှ လင်းမိသားစုအိမ်တွင် လျန်မုလန်အား ဖုဟွိုက်အန်းကိုယ်တိုင် ထုတ်ပြောခဲ့သော ထွမ်းထွမ်းလေးက သူ၏မိတ်ဆွေတစ်ဦး မတိမ်းပါးခင်တွင် စောင့်ရှောက်ပေးရန် အပ်နှံသွားခဲ့သော ကလေးငယ်ဟူသော စကားထံသို့ အတွေးရောက်သွားခဲ့သည်။
လင်းနွမ်က ကလေးများနှင့်ပတ်သက်ကာ နီးနီးကပ်ကပ်နေဖူးသော အတွေ့အကြုံမျိုး လုံးဝမရှိသဖြင့် ရှေ့လျှောက်ဆက်ပြီး ထွမ်းထွမ်းလေးနှင့် မည်သို့ပြောဆိုကာ ဆက်သွယ်ရမည်ကို စဉ်းစားနေခဲ့သည်။ မည်သို့ပင်ဆိုစေ သူ(မ)က မနက်ဖြန်တွင် ထွမ်းထွမ်းလေး၏ မိခင်အဖြစ် စာရင်းအသွင်းခံရတော့မည်ပင်။
လင်းနွမ်က လက်ကိုမြှောက်ကာ ရေမခြောက်သေးသော ဆံနွယ်များအား နားရွက်အနောက်သို့ သပ်တင်လိုက်ပြီး ထွမ်းထွမ်းလေးနှင့် စကားပြောရန် ဟန်ပြင်လိုက်သည်။ ထိုအခါမှသာလျှင် လင်းနွမ်မှာ သူ(မ)၏လည်ချောင်းက အတော်လေးခြောက်ကပ်နေသည်အား သတိပြုမိသွားခဲ့သည်။
ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းပြီးနောက် လင်းနွမ်က ထွမ်းထွမ်းလေးရှေ့သို့ လျှောက်သွားလိုက်ပြီး နှုတ်ခမ်းများအား လျှာဖြင့်သပ်ကာ ကလေးနားလည်အောင် ရှင်းပြလိုက်သည်။
"အဲဒီအန်တီက...သူ(မ)က အရမ်းကို မူးနေတာ။"
လင်းနွမ်က အမူးလွန်နေသော ပိုင်ရှောင်းနျန်၏ အပြုအမူများကို ရှင်းပြနေခဲ့သော်လည်း ထွမ်းထွမ်းလေးအနေဖြင့် သူ(မ)ပြောနေသော အကြောင်းအရာများကို နားမလည်မလည်အား လင်းနွမ်လည်း မပြောတတ်ချေ။ ထွမ်းထွမ်းလေးကတော့ စကားအဆုံးတွင် ခေါင်းညိတ်လာခဲ့သည်။
"ထွမ်းထွမ်းကြီးလာရင် အဲဒီအန်တီဆီက သင်ယူလို့မဖြစ်ဘူး။ သူ(မ)လုပ်သလိုမျိုး လိုက်မလုပ်ရဘူးနော်။"
ထွမ်းထွမ်းလေးက အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် လင်းနွမ်အား ပြန်မော့ကြည့်လာသည်။ အမှန်တိုင်းပြောရလျှင် သူက ထိုအန်တီကို အားကျနေခဲ့ကာ သူ(မ)လုပ်သည့်အတိုင်း လိုက်လုပ်ချင်နေခဲ့သည်။ ထိုအန်တီက သူ၏မားမားကို ဖက်ခွင့်ရသလို သူသည်လည်း မားမားကို ဖက်ချင်မိသည်ပင်။
BINABASA MO ANG
Mr Fu, I really love you
Romanceရှေ့နေလောက၏ ကြောက်စရာအကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဖုဟွိုက်အန်းက သားဖြစ်သူကိုခေါ်ကာ သူ့စေ့စပ်ပွဲအတွက် ပြည်တော်ပြန်လာခဲ့လေသည်။ စေ့စပ်ပွဲမတိုင်မီတွင်... သူကမေးခဲ့သည်။ "မင်းက ဝိန်မော့ရှန်ကို ချစ်နေမှတော့ ဘာကိစ္စနဲ့ ကိုယ့်အိပ်ရာပေါ်ကို တက်လာရတာ...