"မေးမိတာကို စိတ်မရှိပါနဲ့ လူကြီးမင်းဖု။ အခုနွမ်နွမ်နဲ့ လက်ထပ်တာက မင်းအတွက်တော့ ဒုတိယအကြိမ် လက်ထပ်တာမဟုတ်လား။ မင်းမှာက သားတစ်ယောက် ရှိနေပြီးသားဆိုတော့လေ။"
လျန်မုလန်က မျက်နှာနာနာနှင့်ပဲ ထိုမေးရခက်လှသည့် မေးခွန်းကို ထုတ်မေးလိုက်ရသည်။ လင်းနွမ်၏အနာဂတ် ဖြောင့်ဖြူးသာယာစေရန် သူ(မ)အနေနှင့် ဤကိစ္စနှင့်ပတ်သက်ပြီး သေချာပေါက်ကို မေးမြန်းရပေလိမ့်မည်။
လျန်မုလန်၏ မေးခွန်းကြောင့် ဖုဟွိုက်အန်းက သောက်လက်စ လက်ဖက်ရည်ခွက်ကို အသာချလိုက်ပြီး ခေါင်းမော့ကြည့်လာသည်။ သူ၏မျက်လုံးများက တည်ငြိမ်လှပြီး မျက်နှာအမူအရာသည်လည်း တစ်စက်ကလေးမှပင် အပြောင်းအလဲမရှိချေ။ သူကလျန်မုလန်အား ပြန်ဖြေလိုက်သည်။
"အန်တီက လင်းနွမ်ရဲ့အမေဖြစ်ပြီး ကျွန်တော်နဲ့လင်းနွမ်က လက်ထပ်တော့မှာမို့ ကလေးကိစ္စနဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောပြထားပါ့မယ်။ ထွမ်းထွမ်းက ကျွန်တော်ရဲ့မိတ်ဆွေ မတိမ်းပါးသွားခင်မှာ စောင့်ရှောက်ထားပေးဖို့ ကျွန်တော့်ဆီအပ်ထားခဲ့တဲ့ ကလေးပါ။"
သူ၏အဖြေက လင်းနွမ်အား အမှန်တကယ်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
ဖုဟွိုက်အန်းက ထိုမျှထက်ပိုကာ ဘာမှဆက်မပြောတော့ချေ။ သူမပြောသော်လည်း လင်းနွမ်ရော လျန်မုလန်ကပါ နောက်ဆက်တွဲအကြောင်းအရာကို ရိပ်မိပါ၏။ လင်းနွမ်ခန့်မှန်းရသလောက် ဖုဟွိုက်အန်းက ထွမ်းထွမ်းလေးအား မိဘမဲ့ဟူ၍ မခံစားစေချင်သောကြောင့် ဖခင်နေရာကို ဝင်ယူခဲ့ခြင်းဖြစ်ပေမည်။
လျန်မုလန်သည်လည်း ဖုဟွိုက်အန်း၏ အဖြေစကားကြောင့် အံ့ဩနေခဲ့သည်ပင်။ အမိတိုင်းပြည်သို့ ဖုဟွိုက်အန်းတစ်ယောက် ကလေးငယ်တစ်ဦးနှင့် ပြန်ရောက်လာချိန်တွင် အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ၌ အမျိုးမျိုးသော ကောလာဟလများ ထွက်ရှိလာခဲ့ပြီး ထင်ကြေးပေးမှုများလည်း အတော်များများပင် ပေါ်ပေါက်ခဲ့ဖူးသည်။
အချို့လူများအနေဖြင့် ယူဆထားကြသည်မှာ ဖုဟွိုက်အန်းက နိုင်ငံရပ်ခြားတွင် လက်ထပ်လိုက်ပြီးနောက် ဇနီးဖြစ်သူနှင့် အိမ်ထောင်ကွဲကာ သူ၏သားကိုခေါ်ကာ ပြည်တော်ပြန်လာခဲ့သည်ဟု။
KAMU SEDANG MEMBACA
Mr Fu, I really love you
Romansaရှေ့နေလောက၏ ကြောက်စရာအကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဖုဟွိုက်အန်းက သားဖြစ်သူကိုခေါ်ကာ သူ့စေ့စပ်ပွဲအတွက် ပြည်တော်ပြန်လာခဲ့လေသည်။ စေ့စပ်ပွဲမတိုင်မီတွင်... သူကမေးခဲ့သည်။ "မင်းက ဝိန်မော့ရှန်ကို ချစ်နေမှတော့ ဘာကိစ္စနဲ့ ကိုယ့်အိပ်ရာပေါ်ကို တက်လာရတာ...