Part 1 (Uni + Zaw)

35 5 0
                                    


Unicode

FN company မှထွက်လာကာ ကားပါကင်ရှိ ခဲရောင်ကား ထဲသို့ဝင်ကာ မောင်းထွက်သွားသော မိန်းကလေးတစ်ဦးအား အနက်ရောင်ကားထဲရှိ အမျိုးသမီးတစ်ဦးက ရွံရှာမုန်းတီးနေသော မျက်ဝန်းတစ်စုံဖြင့် ကြည့်နေလေသည်။ ထို့နောက် ထွက်သွားသော ထိုခဲရောင်ကားကိုကြည့်ကာ ''မုန်းတယ်။ နင့်ကိုငါအရမ်းမုန်းတယ်။ ငါချစ်ရတဲ့သူကိုရက်ရက်စက်စက် ကားနဲ့တိုက်ခဲ့တဲ့နင့်ကို ငါအရမ်းမုန်းတယ် 'ခွန်းဆက်သွင်'။ နင်သာ တိုက်ပြီးထွက်
မပြေးခဲ့ရင်၊ ဆေးရုံကိုသာ အချိန်မှီလိုက်ပို့ပေးခဲ့ရင် ငါချစ်ရတဲ့သူတွေ မသေသင့်ဘဲသေခဲ့ရမှာမဟုတ်ဘူး။ သာယာတဲ့မိသားစုဘဝလေးကို ဖျက်စီးပစ်ခဲ့တဲ့နင့်ကို ငါအရမ်းမုန်းတယ်။ အခုတော့ဖြင့် နင်ကြောင့်။ နင်တို့ကြောင့်။ စောင့်နေကြည့်နေလိုက် နင့်ကိုရော
နင့်မိသားစုကိုပါ တမြေ့မြေ့နဲ့ သေမတတ်ခံစားရအောင်လုပ်ဖို့ ငါပြန်လာပြီ။ အဓိကကတော့
ခွန်းဆက်သွင်ဆိုတဲ့ နင့်ကိုပေါ့။
စောင့်နေလိုက်စမ်းပါ။

^=^=^=^=^=^=^=^=^=

FN company အနီးရှိ coffeeဆိုင်တစ်ဆိုင်တွင် စုဝေးနေသော မိန်းမပျိုလေး ၃ဦး။

'ချွင်'

ဆိုင်တံခါးဖွင့်သံကြောင့်အပေါက်ဝလှမ်းကြည့်လိုက်တဲ့အခါ တွေ့ပါပြီး သူတို့ရဲ့ပေါ်တော်မူသမီးတော်လေး
ခွန်းဆက်သွင်။

''ဟော ဟိုမှာ ရောက်လာပါပြီး ရှင်တို့ရဲ့ပေါ်တော်မူလေး''

အပေါက်ဝအားလှမ်းကြည့်နေသော မိန်းကလေး၃ဦးအနက်မှ မျက်မှန်နှင့်မိန်းကလေးတစ်ဦးကဆိုလေသည်။

''နင်တို့ဟာလေ ငါ့ကိုဆိုပြောဖို့ကြီးဘဲ''

ဆိုင်ထဲသို့ဝင်လာသော မိန်းကလေးမှာ ထိုမိန်းကလေး၃ဦးထိုင်နေသော ဝိုင်းအတွင်းသို့ဝင်ထိုင်ကာဆိုလေသည်။

''ဟဲ့ မဟုတ်လို့လား''

''ငါမအားလို့ပါ''

''လွမ်းနေတာငါ့သူငယ်ချင်းလေး''

''ဟုတ်ပါ့ ဟုတ်ပါ့ ငါလဲလွမ်းနေတာ''
ဟု ပြောပြောဆိုဆိုနှင့်သူ့အား ဆွဲဖက်ကာနမ်းနေသည့်
ဇာခြည်သော်နှင့် ယွန်းပိုးဝတီ။

အဆုံးမဲ့Where stories live. Discover now