Part 7 (Uni + Zaw)

78 7 1
                                    


Unicode

ခွန်းဆက်သွင်ရဲ့ကား မြင်ကွင်းထဲကပျောက်သွားတော့မှ ဆွေလဲအိမ်ထဲဝင်ကာ ရေလေးသောက်၊ ခဏတဖြုတ်အနားယူလိုက်သည်။ ပြီးတော့မှ ရေချိုးခန်းထဲဝင်ကာ ရေနွေးနွေးလေးနှင့်စိမ်ချိုးကာဖြင့် တစ်နေ့တာပင်ပန်းသမျှတွေကို ဖြေဖျောက်လိုက်သည်။ ရေချိုးခန်းထဲက ထွက်လာတော့ စားပွဲပေါ်တင်ထားတဲ့ ဆွေ့ဖုန်းမှာ ခွန်းဆက်သွင်ဆီက 2 missed callဆိုပြီး တွေ့လိုက်သည်မို့ ဆွေ့နှုတ်ခမ်းတွန့်ကွေးသွားသည်။ ဆွေလဲ ညအိပ်ဝတ်စုံအမြန်ဝတ်လိုက်ကာ ခွန်းဆက်သွင်ဆီ ဖုန်းပြန်ခေါ်လိုက်သည်။

"အန်တီ"

ဖုန်းဝင်တာ ခဏတောင်မကြာလိုက်ဘူး။
ခွန်းဆက်သွင်ဟာ ဆွေ့ဖုန်းကိုထိုင်စောင့်နေသည့်အလား။ ဖုန်းဝင်တာနဲ့ ကောက်ကိုင်လိုက်သည့်ပုံပင်။

"ရှင်~~"

အမျိုးသမီးရဲ့ 'ရှင်'လို့ထူးသံဟာ ကမ္ဘာပေါ်မှာ
နားထောင်လို့အကောင်းဆုံး သံစဥ်တစ်ပုဒ်။

"အိမ်ပြန်ရောက်ပြီးလား သွင်"

"ဟုတ် အန်တီ
ခွန်းပြန်ရောက်ရောက်ချင်းဖုန်းဆက်သေးတယ်"

"တို့ရေချိုးနေလို့မကြားလိုက်တာသွင်ရဲ့
အခုဘဲရေချိုးခန်းထွက်လာတာ သွင်ဆက်ထားတာတွေ့လို့ ပြန်ခေါ်လိုက်တာ"

"ဟုတ်"

"အန်တီ"

"ရှင်~~
တို့နားထောင်နေတယ် သွင်"

"ဟို.. စားပြီးပြီလားအန်တီ"

"အော် သွင်ရယ်
အခုဘဲရေချိုးပြီးတာပါဆိုမှကွယ်
စားပြီးမလားလို့"

"အယ်..ဟုတ်သား ဟီးးး"

"အန်တီ"

"ရှင်~~
ပြောလေ သွင်ကလေးရဲ့"

အမျိုးသမီးရဲ့ထူးသံကိုသဘောကျတယ်။ အမျိုးသမီး ခွန်းကို သွင်ကလေးလို့ခေါ်တာကိုလဲ သဘောကျတယ်။ အမျိုးသမီးကိုလဲ မြတ်မြတ်နိုးနိုးနဲ့ကို သဘောကျတယ်။

"အန်တီထမင်းစားတော့မလားဟင်"

"မစားချင်သေးပါဘူးကွယ်
တစ်ယောက်တည်းဆိုတော့ ပျင်းခြောက်ခြောက်နဲ့ရယ် သွင်ကလေးရောစားပြီးပြီလား"

You've reached the end of published parts.

⏰ Last updated: Nov 15, 2024 ⏰

Add this story to your Library to get notified about new parts!

အဆုံးမဲ့Where stories live. Discover now