Unicode
သွားလာလှုပ်ရှားသံတွေဖြင့် ဆူညံလျက်ရှိတဲ့ ဆေးရုံဝန်းကျင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့်
ဝင်ရောက်လျှောက်လှမ်းလာတဲ့ နေကာမျက်မှန်အနက်နဲ့အမျိုးသမီးရဲ့ ဒေါက်ဖိနပ်သံအောက် ပြားပြားဝပ်လို့။ပြစ်ချက်ကင်းစင်လှတဲ့ မျက်နှာထက်ဝယ် မိတ်ကပ်
ကလေးပါးပါးလေးပုတ်ထားကာ နှုတ်ခမ်းပါးတွေဟာလဲ နှုတ်ခမ်းနီမည်သည့် အနီရောင်ဆေးအကူတစ်မျိုးဖြင့် လိုက်ဖက်စွာပင် ပနံသင့် လှပနေပြန်သည်။ အနက်ရောင် နေကာမျက်မှန်ကိုလဲ ထိုအမျိုးသမီးဟာ သူမရဲ့မျက်နှာထက်ဝယ် ဆင်မြန်းထားသည်မှာ တစ်လောကလုံးကို ဂရုမစိုက်သည့်နှယ် ချေမိုးနေ
သယောင်။ထိုအမျိုးသမီးဟာ အနီရောင်ချိတ်ဝမ်းဆက်အား ဝတ်ဆင်ထားသည်မှာ လှပကျော့ရှင်းသလို၊ သူမ၏
နက်မှောင်ထူထဲလှတဲ့ဆံနွယ်များကိုလဲ ရွှေရောင်ဆံညှပ်ဖြင့် ထုံးဖွဲ့ထားသည့်ဟန်ပန်မှာ မြင်ရသူအဖို့ ရင်သပ်ဖွယ်။ ရွှေလည်တိုင်ကျော့ကျော့ဟာလဲ ဖန်စီ (Fancy) လည်ဆွဲလေးဖြင့် ကျက်သရေရှိလှသလို Anne Klein watch လေးဟာဆိုရင်လဲ သူမ၏လက်ကောက်ဝတ်တွင် တင့်တယ်စွာဖြင့် နေရာယူထားလေပြန်သည်။သူမ၏ ခန္ဓာကိုယ်ဟာ အချိုးအစားကျလွန်းလှသလို ကောက်ကြောင်းအလှဟာဆိုရင်လဲ အပြစ်ပြောဖွယ်ရာ တစိုးတစိမျှမရှိ။ တဒေါက်ဒေါက်နဲ့ လျှောက်လှမ်းလာတဲ့ခြေလှမ်းတစ်လှမ်းတိုင်းဟာ ကုဋေကုဋာသန်းထက်မျှမက ထိုက်တန်သလို ထိုခြေလှမ်းတိုင်းမှာ မာန်အပြည့်နှင့် ယုံကြည်မှုအပြည့်။ သူမကို ကြည့်မိသည့်သူတိုင်းဟာ ညှို့ယူစွဲငင်ခံထိထားသကဲ့သို့ သူမထံမှ မည်သူမျှ မျက်နှာမလွဲနိုင်။
သူမကို တမေ့တမောငေးမောကြည့်နေကြသည့်
လူတစ်စုအား နည်းနည်းလေးတောင် ဂရုစိုက်ဟန်မပြုဘဲ ဆေးရုံရဲ့ receptionကိုသာ တစ်စိုက်မတ်မတ်ဦးတည်ကာ"ဆေးရုံအုပ် ဦးမြတ်မဟာနဲ့တွေ့ချင်လို့"
"ဟုတ်ကဲ့ appointmentယူထားလားရှင့်"
"အင်း"
"ဟုတ်ကဲ့
ဖုန်းဆက်မေးပေးပါမယ်ရှင့်
ဘယ်သူလို့ပြောပေးရမလဲရှင့်"
YOU ARE READING
အဆုံးမဲ့