Part 3 (Uni + Zaw)

48 4 0
                                    

Unicode

'အိမ်'တဲ့။ တခြားသူတွေက 'အိမ်'ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖော်မလဲ မသိပေမဲ့ ခွန်းဆက်သွင်ဆိုတဲ့ သူ့အတွက်တော့ စိတ်ကျဥ်းကျပ်ဖွယ် အကျဥ်းထောင်တစ်ခုနှင့်တူသည်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ တားဆီးပိတ်ပင်ထားတဲ့ တားမြစ်ချက်တွေက အကျဥ်းထောင်လောက်တော့များမယ်မထင်။
ပျော်ရွှင်မှုဆိုတာဟာလဲ ခွန်းဆက်သွင်နဲ့မသက်ဆိုင်သည့်အလား။ သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်ခဲ့တာ မေမေနဲ့မောင်လေးငယ်တို့ထွက်သွားကတည်းက။

"ထူးထူးနဲ့ ပျော်နေမယ်မလား မေမေ"

"ခွန်းကတော့ မပျော်ဘူး
အရမ်းမွန်းကြပ်လွန်းလို့ အသက်ရှူရပ်မတတ်၊
ရူးမတတ်ဘဲမေမေ"

ငယ်ငယ်က သူ့ကို မေမေသင်ထားပေးတဲ့ပုံစံအတိုင်း
လက်မ၊ လက်ခလယ်၊ လက်သူကြွယ်တို့ကို အချင်းချင်းထိကာ အဝိုင်းပုံသဏ္ဍာန်ပြုလုပ်သည်။ လက်ညှိုးနှင့် လက်သန်းကိုတော့ ပုံမှန်အတိုင်းသာ ထောင်ထားလိုက်ပြီး ထိန်ထိန်သာနေတဲ့ လမင်းကြီးအား ထိုအဝိုင်းသေးသေးအတွင်းမှ မျက်လုံးတစ်ဖက်အားမှေးမှိတ်ကာ ကြည့်ရင်း ကြားမည်မဟုတ်သော မေမေ့အား ပြောမိသည်။

ထောင်ထားတဲ့ လက်ညှိုးနဲ့လက်သန်းကို ကွေးတစ်ခါ
ဆန့်တလှည့်လုပ်ရင်း မေမေ့ရင်ခွင်ထဲနေရတာကို သဘောကျသည်။ မေမေ့အပြုံးတွေကိုလဲ ခွန်း
အရမ်းသဘောကျတယ်။

ထိုသို့ပြုလုပ်ခြင်းဟာ မေမေထွက်သွားပြီးသည့်နောက်ပိုင်း  ခွန်း ညစဥ်ညတိုင်း လုပ်နေကြ ပုံမှန်အလုပ်တစ်ခုလိုဖြစ်လာသည်။မေမေပြောဖူးတယ်
ကိုယ့်လက်ထဲမှာ အံဝင်ခွင်ကျဖြစ်နေတဲ့လမင်းကြီးကိုကြည့်ရင်း ကိုယ့်အပိုင်လို့ခံစားရစေတယ်တဲ့။

"မြန်မြန်ပြန်တွေ့ရရင်ကောင်းမယ်"

လှန်းထားတဲ့ အင်္ကျီကိုကြည့်ရင်း ခွန်းနှုတ်ခမ်းထက်ဝယ် အပြုံးတစ်ခုဖြစ်ထွန်းလာသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရကာ အခန်းထဲရှိ စားပွဲရဲ့လျှို့ဝှက်အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်ပြီး အတွင်းရှိ သေတ္တာအသေးလေးအား ထုတ်ယူလိုက်သည်။

အဆုံးမဲ့Where stories live. Discover now