Part 2 (Uni + Zaw)

27 3 0
                                    


Unicode

စျေးဝယ်ခြင်းတစ်လုံးကို လက်မှာချိတ်ကာ ဟင်းသီးဟင်းရွက်တန်းတွင် ဟင်းရွက်ရွေးနေသည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ပြုံးလိုက်မိသည်။
သူငယ်ချင်းဖြစ်သူဟာ အေးချမ်းတဲ့ ရုပ်ရည်ရူပကာရှိသည်။ ဘယ်ချိန်ကြည့်ကြည့် စိမ့်စမ်းရေကြည်လေးလိုမျိုး ကြည်ကြည်လင်လင် အေးမြမြနဲ့။ သူ့မျက်နှာလေးက မြင်လိုက်ရတဲ့ တဖက်ကလူကိုပါအလိုလို စိတ်အေးချမ်းစေတဲ့မျက်နှာမျိုး။ အသားအရည်ဟာလဲ မဖြူလွန်း မညိုလွန်းဘဲ ဝင်းလတ်ကာ စိုစိုပြေပြေရှိလှသည်။ ထိုအသားအရည်နဲ့ လိုက်ဖက်စွာ ပိတောက်ခြောက်ရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသည်မို့ မြင်သူအဖို့ မျက်စိပဒေသာရှိလှ၏။ သို့သော်လည်း ယခုအချိန်ထိ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းဖြစ်သူအနား
သွားကာ

"အဟမ်း.. အဟမ်း
နုနုနွယ်ရှင့်"

"ဟယ်... ဆွေ!!!
အကြောင်းမကြားဘာမကြား'ဆွေ'ရာ
ဘယ်တုန်းကရောက်တာလဲ
ပြန်ရောက်နေတာ 'နု'ကိုတောင်မပြောဘူး
အခုဘယ်မှာနေနေတာလဲ
တစ်ယောက်တည်းလား
အဆင်ပြေပါ့မလား
'နု'နဲ့အတူလာနေပါလား
ဒါမှမဟုတ် 'နု' အတူလာနေပေးရမလား
'နု'..."

လူကိုတွေ့တာနဲ့ တရစပ်မေးမြန်းနေတဲ့သူငယ်ချင်းဖြစ်သူ နုနုနွယ်။ အသက်တောင်ရှူရဲ့လားဘဲ။ သူမောမမောတော့မသိဘူး။ သူ့အစား 'ဆွေ'မောလှသည်။
ဒါကြောင့် 'နု' စကားကိုဖြတ်ပြောလိုက်သည်။

"အမယ်လေး 'နု'ရယ်
တစ်ခုချင်းစီမေးစမ်းပါကွာ
တို့ထွက်မပြေးပါဘူး
'နု'အစား ဒီကလူကမောလှပြီး ဟွန်းးဟွန်း"

မြန်မာဝမ်းဆက်လေး မရမ်းစေ့ရောင်ဝတ်ထားပြီး ပါးစပ်ကလေးကို လက်ဖြင်အုပ်ကာ ရယ်နေတဲ့ 'ဆွေ'ကိုကြည့်ရင်း 'နု'ငေးခနဲ့ဖြစ်သွားရသည်။
တစ်ယောက်သောသူနဲ့ ဆင်သည်။ 'နု'တင်မက 'နု'တို့ဘေးဖြတ်လျှောက်သွားကြသည့် လူကြီး၊ လူငယ်
မရွေး၊ ယောက်ျား၊ မိန်းမပါမကျန် အကုန်လုံးဟာ
ညို့ခံထိထားသည့်အလား 'ဆွေ့'ကို သမင်လည်ပြန်ငေးကြသည့်အထိပင်ဖြစ်ရသည်။ မတွေ့ရတဲ့အချိန်အတောအတွင်းမှာ 'ဆွေ'ဟာ အင်မတန်လှလာသည်။ အိုးး 'ဆွေ'က အရင်ကတည်းက ချောပြီးသား။
လှပြီးသား။

အဆုံးမဲ့Where stories live. Discover now