Part 5 (Uni + Zaw)

25 3 0
                                    

Unicode

ဆက်သွယ်လိုက်မယ်ဆိုပြီး အခုချိန်ထိ မလာသေးတဲ့
ဖုန်းကိုကြည့်ရင်း ခွန်းမျှော်နေမိသည်။ အဲဒီအမျိုးသမီးဟာလေ ခွန်းဖုန်းနံပါတ်ကိုတော့ယူပြီး သူမဖုန်းနံပါတ်ကိုကျ ပေးမသွားဘူး။
အဲဒါ ခွန်းဘက်ကစဆက်သွယ်လို့မရအောင် တမင်သက်သက်လုပ်သွားတာ။ ဒါပေမဲ့ သူကဘယ်သူလဲ ခွန်းဆက်သွင်လေ။ ၃ရက်တောင်စောင့်ပြီးပြီဘဲ
တော်ပြီးပေါ့ ။ စိတ်ဒုန်းဒုန်းချရင်းဖြင့်ပင် အလုပ်စားပွဲပေါ်တင်ထားတဲ့ ဖုန်းအားကောက်ကိုင်လိုက်ကာ
ဦးနှောက်ထဲ စွဲနေအောင် အလွတ်ရနေတဲ့ ဖုန်းနံပါတ်ကိုနှိပ်ထည့်ကာ Call ဆိုတဲ့ စာတန်းအား ဖိနှိပ်လိုက်တော့ 'တူးးးတူးးး'ဆိုသည့်အသံနဲ့အတူ ဝင်သွားတဲ့ဖုန်း။ ပြီးတော့ ပေါက်ထွက်တော့မည့်အလား တဒုန်းဒုန်း ခုန်ပေါက်နေတဲ့ ခွန်းရဲ့နှလုံးသားတစ်စုံနဲ့အတူ စိတ်လှုပ်ရှားစွာဖြင့်ပင် တစ်ဖက်မှအသံအား နားစွင့်နေမိရဲ့။

"ဟယ်လို"

ဖုန်းထဲမှ ထွက်ပေါ်လာတဲ့ အမျိုးသမီးရဲ့ အသံချိုချိုဟာ နားစည်အတွင်း ဝင်ရောက်ရိုက်ခတ်ယုံအားမရဘဲ နှလုံးသားအတွင်းပိုင်းအနက်ဆုံးတစ်နေရာအထိကိုပင် အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်ကိုင်လှုပ်လိုက်သည့်အလား။ စေခိုင်းခြင်းမရှိပါဘဲ အသက်ရှုအောင့်လိုက်မိသည်။ အားစေးကပ်နေသည့်လူတစ်ယောက်နှယ် မည်သည့်အသံမျှ ခွန်းနှုတ်ကမထွက်လာသလို ကျောက်ရုပ်ကြီးပမာ ငြိမ်သက်နေမိသည်။ ပတ်ဝန်းကျင်ဟာလဲ အရင်ကထက် ဆိတ်ငြိမ်သက်သွားသည်။ သို့သော် တီကောင်ဆားပက်ခံထိသည့်အလား လှုပ်ရွကာ ရွပိုးထိုးနေသည့်ခွန်းရဲ့နှလုံးသားကတော့ ငြိမ်သက်ခြင်းအလျဥ်းမရှိ။

"ဟယ်လို"

ထပ်မံပေါ်ထွက်လာသည့် အမျိုးသမီး၏အသံ။
ခွန်း ဘာပြောရမှန်းမသိ။ ဟယ်လို လို့ဘဲပြန်ထူးရ
မလား။ ဘယ်လိုလုပ်ရမလဲ။ ဖုန်းမဆက်ခင်က
ပြောမည့်စကားတွေကို ခွန်းအသေအချာကို ဦးနှောက်ထဲ အစီအရီစာစီထားသော်လည်း တကယ့်လက်တွေ့ကျ အမျိုးသမီးရဲ့အသံလေးကြားရုံနဲ့တင် ခွန်းရဲ့
ဦးနှောက်နက်ဗ်ဆဲလ်အချို့ဟာ ပုံမှန်အလုပ်မလုပ်နိုင်ကြတော့ဘူးထင်ပါရဲ့။

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

အဆုံးမဲ့Where stories live. Discover now