"မန်နေဂျင်း
ဥက္ကဋ္ဌကြီးဆီလာတာလား""အင်း
ဥက္ကဋ္ဌကြီးမရှိဘူးလား""ဟုတ်ကဲ့ အပြင်ထွက်သွားပါတယ်
အရေးကြီးကိစ္စရှိလို့လားရှင့်
အရေးကြီးရင် ဖုန်းဆက်ခေါ်ပေးပါမယ်ရှင့်""ဟင့်အင်း ရတယ်
ဥက္ကဋ္ဌကြီးပြန်လာရင် ကျွန်မ အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတယ်လို့ပြောပေးနော်
အာ ပြီးတော့ ဒီကိုပြန်မလာတော့ဘူး
ကိစ္စရှိရင် ကျွန်မအတွင်းရေးမှူးနဲ့ မှာထားလိုက်လို့""ဟုတ်ကဲ့ ဥက္ကကြီးပြန်ရောက်လာရင်
ပြောလိုက်ပါမယ်ရှင့်""အင်း ကျေးဇူး"
"ချောလိုက်တာ"
မန်နေဂျင်းက အရမ်းချောတာဘဲ။ မျက်နှာချွန်ချွန်လေးမှာ မျက်လုံးတွေက မကျဥ်းမကျယ်နဲ့ မျက်ဆံတွေကတော့ တစ်ခါတစ်ခါ အနက်ရောင်လိုလို၊ တစ်ခါတစ်ခါကျပြန်ရင်လဲ အညိုရောင်လိုလိုနဲ့ အရောင်အမှန်ကိုတော့ သေချာမသိနိုင်။ အဘယ့်ကြောင့်ဆို ထိုညို့အားပြင်းသည့် မျက်ဝန်းတွေနှင့် အေးစက်စက်မျက်နှာထားအား မည်သူမျှ ကြာကြာစေ့စေ့မကြည့်နိုင်သည်ကြောင့်ပင်။ နှာတံလေးစင်းစင်းနဲ့ နှုတ်ခမ်းကလဲ မထူမပါးလေး။
အောက်နှုတ်ခမ်းရဲ့ညာဘက်ထောင့်မှာ မှဲ့နက်သေးသေးကလေးတစ်လုံးကလဲ တည်ရှိနေပြန်သည်။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အရပ်ကြီးကလဲအရှည်ကြီး။ စွဲဆောင်မှုအရှိဆုံးကတော့ မန်နေဂျင်းရဲ့ အကြောစိမ်းလေးတွေထင်းနေသည့် လက်ဖမိုးနှင့် လက်ချောင်းရှည်ရှည်လေးတွေပင်။ အရယ်အပြုံးနည်း လှသော်ငြား၊ အေးစက်စက်ရှိလှပေမဲ့ လုံးဝကို အရမ်းမိမိုက်ပါတယ်။
=^=^=^=^=
ခွန်းအလုပ်ကိစ္စနဲ့ နေ့လည်ကတည်းကထွက်လာတာ ညနေတောင်စောင်းလုပြီ။ နေ့လည်စာ မစားလာရခဲ့သည့်အပြင် မနက်ကလဲ ကော်ဖီတစ်ခွက်နဲ့အလုပ်လာခဲ့ရသည်ကြောင့် ဗိုက်ကဆန္ဒပြနေလေပြီ။ ထို့ကြောင့် နီးစပ်ရာ ကိတ်မုန့်ဆိုင်တွင် ကားရပ်ကာ ခွန်းအတွက် cheese ကိတ် နဲ့ cappuccino ပူပူတစ်ခွက်ဝယ်လိုက်ပြီး၊ သူငယ်ချင်းဖြစ်သူ ကြိုက်တဲ့ ဒူးရင်းpillowကိုတွေ့သည်ကြောင့် ဒူးရင်းသီးကိုမကြိုက်ပေမဲ့
ဒူးရင်းpillowကိုတော့ ကြိုက်တဲ့မြတ်နိုးငယ်အတွက် ဝယ်သွားပေးရန်စိတ်ကူးလိုက်သည်။
![](https://img.wattpad.com/cover/378689225-288-k714943.jpg)
YOU ARE READING
အဆုံးမဲ့