အပိုင်း ၁

463 16 3
                                    

  " မင်း နာမည်.."

     "စုံ့နာမည် စုံမက်ခင်ပါ မေမေကြီး.." အောက်မှာ ကျုံ့ကျုံ့လေးထိုင်နေသော မိန်းကလေးကို ဒေါ်နံ့သာမွှေး စေ့စေ့စပ်စပ်ကြည့်လိုက်သည်..။

         "ပြောပါဦး မင်းဘဝအကြောင်း..။ အတိုချုံးပြီးနော်.." လက်ကလေးနှစ်ဖက် ပေါင်ပေါ်တင်ကာ မျက်နှာကိုငုံ့ချထားတော့ လှတာကို သိသည်..။ ဘာက ဘယ်လိုပါဆိုတာကို သေချာ မမြင်ရ..။ နောက်တစ်ခု ရှိသေးတာက ရှည်လျားလွန်းတဲ့ဆံပင်တွေက မပြုမပြင်ပဲ ထားတာတောင် ဒီလောက်ဆိုရင် ပြုပြုပြင်ပြင်လေးများဆို ဘယ်လိုနေမည်မသိ..။

          "ဟုတ် ဟုတ်ကဲ့ မေမေကြီး..။ စုံ့မှာ အမေအဖေမရှိတော့ပါဘူး..။ စုံ သိတတ်စအရွယ်ကတည်းက ကြီးတော်နဲ့ နေခဲ့ရတာပါ ရှင့်..။ နေတာက တောင်ငူနားက ရွာလေးတစ်ရွာမှာပါ..။ ကြီးတော်နဲ့စုံ တူဝရီးနှစ်ယောက်သား ဆင်းဆင်းရဲရဲချို့ချို့ငဲ့ငဲ့နဲ့ ရှာဖွေစားသောက်ခဲ့ရပါတယ် မေမေကြီး ရှင့်..။ နောက်ပိုင်း အသက်ကြီးလာတာနဲ့အမျှ ဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်လာတဲ့ ကြီးတော်ကို စုံကပဲပြန်ပြီး ရှာဖွေကျွေးချင်တာမို့ အိမ်နားက မြို့နဲ့အဆက်အသွယ်ရှိတဲ့ အဒေါ်ကြီးတစ်ယောက်က မြို့မှာ အလုပ်ပေါတယ် လုပ်မလားလို့မေးတာနဲ့ စုံလည်း ခေါင်းညိမ့်ခဲ့လိုက်တာပါ..။ စားရိတ်ငြိမ်း တစ်လနှစ်သိန်းရမယ် အိမ်ဖော်အလုပ်ဆိုလို့ စုံ လုပ်ခဲ့ပါတယ်..။ စုံ့အတွေးက စားရိတ်ငြိမ်းဆိုရင် ကိုယ့်အတွက် ဘာမှကုန်စရာမလိုတော့ဘူး..။ ရမယ့်နှစ်သိန်းကို ကြီးတော်ကြီးကို အသားတင်ပို့နိုင်မယ်လို့ တွေးမိလို့ပါ..။ အစပိုင်းမှာ စုံ လုပ်ရတာ အဆင်ပြေခဲ့ပါတယ်..။ နောက်ပိုင်း အဲဒီအိမ်က..စရိုက်......

           "ကဲ တော်ပြီ တော်ပြီ..။ အခုက ညည်းဟာညည်း ထွက်လာတာပေါ့..။ ပွဲစားမမြိုင်နဲ့က ဘယ်လို ဆက်စပ်ခဲ့ကြတာလဲ.." အိမ်ဖော်တစ်ယောက်လိုချင်လို့ ပွဲစားမ မမြိုင်ကို လွန်ခဲ့တဲ့သုံးလေးရက်ကမှ ပြောထားခဲ့တာဖြစ်သည်..။ အခု တန်းရောက်လာသည်ဆိုတော့ ဒေါ်နံ့သာမွှေး တောင်တောင်အီအီ စဥ်းစားနေရခြင်း ဖြစ်သည်..။

         "ဟုတ် ဟုတ်ကဲ့..။ အဲဒီ ပွဲစားနဲ့စုံနဲ့က မသိပါဘူး ရှင့်..။ အရင်အိမ်က နှိပ်စက်သမျှကို စုံ မခံစားနိုင်တော့လို့ ထွက်ပြေးလာရင်းက သီလရှင်ကျောင်းတစ်ကျောင်းက ဆရာလေးတစ်ပါးက စုံ့ကို ကယ်ခဲ့ရင်း သူ့ကျောင်းမှာ ခေါ်ထားခဲ့တာပါ..။ နောက်ပိုင်းကျမှ စုံ့အတွက် တကာမတွေနဲ့ဆက်စပ်ပြီး ဒီအလုပ်ကို ရခဲ့တာပါ ရှင့်..။ သီလရှင်ကျောင်းမှာလည်း အဆင်တော့ပြေပေမယ့် ဆရာလေးက စုံ့ကို ငယ်သေးတဲ့အရွယ် ဒီလိုနေရာမှာ မနေပါနဲ့ဒကာမလေးဆိုပြီး သူ့မိတ်ဆွေဒကာမတွေနဲ့အခုလိုလုပ်ပေးခဲ့တာပါ ရှင့်.." သြော် ဒါဆို မမြိုင်ကလည်း သူကိုယ်တိုင် ရှာလာတာမဟုတ်ဘူးပေါ့..။ ဒါကြောင့် ပွဲစားခလည်း မလိုဘူး..။ ကူညီရမယ့်သူမို့လို့ ကူညီတာလို့ ပြောခဲ့တာကိုး..။ အင်းးး အခုမှ ဇာတ်ရည်လည်တော့တယ်..။ ဒေါ်နံ့သာမွှေး စုံမက်ခင် ဆိုတဲ့ကဗျာဆန်ဆန်နာမည်နဲ့ မိန်းကလေးကို သေချာကြည့်လိုက်ပြန်ရင်း ဒါလား အိမ်ဖော်လို့ပဲ မေးလိုက်ချင်တော့သည်..။ ဝတ်ထားတာကတော့ တက်ထရွန်ပွင့်ရိုက်လေးပါပဲ..။ ဒါပေမယ့် ကြေးညှော်ကင်းကင်း ဖြူဖြူစင်စင်ဆိုတော့ သပ်သပ်ရပ်ရပ်ကလေးပါ..။ ခက်တာက ကိုယ်လည်း အိမ်ဖော်တစ်ယောက်က အပူတပြင်းလိုအပ်နေသည်..။ မယ်စိန်က အသက်ကြီးလာလေ နေရာတကာ အားကိုးလို့ မရတော့လေ..။ သားက မျက်စိမမြင်ဆိုတော့ လူက လိုကိုလိုတာပါ..။ ဒါပေမယ့် ဒီမိန်းကလေးနဲ့က ဖြစ်ပါ့မလား..။ စိတ်မရှည်တတ်တဲ့သားနဲ့ အရင်အိမ်ဖော်တွေလို ပြန်ပြေးကုန်ကြရင် ဒုက္ခ..။ ပြီးတော့ မိန်းကလေးကလည်း ချောချောမောမောလေး..။ အိမ်မှာထားဖြစ်တယ်ဆိုရင်တောင် သူမကို အိမ်ကြီးထဲမှာ ထားလို့မဖြစ်..။ ခြံနောက်က အိမ်နဲ့ဝေးတဲ့ဆီမှာ ဆောက်ထားတဲ့ တန်းလျားလေးမှာပဲ ထားမှ ဖြစ်မည်..။ ထိုနေရာက ဟိုတစ်ချိန် သားမျက်စိမကွယ်ခင် အိမ်ဖော်တွေကို ထားတဲ့နေရာပဲ ဖြစ်သည်..။ နောက်ပိုင်း သားမျက်စိကွယ်ပြီးမှတော့ ရောက်လာကြတဲ့အိမ်ဖော်တွေကလည်း ပေတီပေစုတ်တွေပဲဖြစ်ကာ သားအတွက် လိုတိုင်းလုပ်ကိုင်ပေးနိုင်အောင် အိမ်ကြီးထဲမှာပဲထားခဲ့တာဖြစ်သည်..။ အတွေးတွေနဲ့ ငြိမ်သက်သွားတဲ့ မေမေကြီးကို စုံ တစ်ချက်မော့ကြည့်လိုက်ရင်း သူမကိုမထားချင်လို့များလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ မျက်လွှာလေးငုံ့ချလိုက်၍..

သူကပြောတယ် ယုံရမယ်တဲ့ Where stories live. Discover now