" မင်း ပြောတော့ ဒီနေ့ ရှိုးပွဲ,ရှိတယ်ဆိုလားလို့....။ ကိုယ်က အတော်ကြာကြာတောင် စောင့်ရမယ် ထင်တာ...."
" အင်းးး ဟုတ်တယ်လေ...။ အခု ကို့ကို လိုက်ပို့ခိုင်းမလို့ ဒီကို အရင်,ထွက်လာတာ...။ ဟိုမှာ ကို အကြာကြီး,စောင့်ရမှာပဲဟာ..." စားပွဲထိုးချပေးလိုက်တဲ့ ပန်းသီးမစ်ရှိတ်လေးကို ကောက်ယူမော့လိုက်ရင်း မျက်သွယ်ပြောလိုက်တော့ ဘာဘူတို့သုံးယောက် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့လေသည်....။ ဒါကိုသိတဲ့လရိပ်က စတိုင်လ်ကျကျ လက်ပိုက်ထိုင်နေရာက ခေါင်းငုံ့ကာ နားထင်ကို ကုတ်ခြစ်လိုက်၍....
" မဖြစ်ဘူးထင်တယ် မျက်သွယ်....။ ကိုယ် အဲလောက် အချိန်မရဘူး....။ ပြီးတော့ ကိုယ့်ကောင်တွေမှာ တစ်ယောက်မှ ကားမပါဘူး...။ အကုန်, ကိုယ်ပဲ ပြန်ပို့ရမှာ...."
" ဟင် ကိုပဲ,တွေ့ချင်တယ်ဆိုလို့ မျက်သွယ်,လာခဲ့လိုက်တာနော်....။ မဟုတ်ရင် မျက်သွယ် ဟိုကို,တန်းသွားလိုက်ရုံပဲ....။ ဒီမှာ မောလာရတဲ့သူကို အမောမပြေလိုက်တာ ကိုရာ...." လှပတဲ့မျက်နှာလေးကို ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြောလာတော့ လရိပ် အကြပ်ရိုက်သွားရလေသည်....။ လက်ကအလိုလို စီးကရက်ဘူးဆီ ရောက်သွားရရင်း ကိုယ့်ကောင်တွေ မျက်နှာကိုလည်း လရိပ် ,ကြည့်လိုက်ရသည်....။ မီးညှိရှိုက်ဖွာပြီးတဲ့အဆင့်ကိုရောက်မှ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြတ်သားစွာချလိုက်ရရင်း....
" ဒါဆို မင်းကတော့ မတွေ့ချင်ဘူး ဆိုတဲ့သဘောလား မျက်သွယ်...။ ကိုယ် ပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့် မင်း,ရောက်လာရတယ် ဆိုပါတော့....။ ကောင်းပြီလေ မင်းကို,လိုက်ပို့ပေးရုံတော့ ကိုယ်,ရပါတယ်....။ စောင့်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး မျက်သွယ်....။ ဘာလို့ဆို ကိုယ် မာမီ့ကို,ကြိုဖို့ရှိသေးလို့...."
" သိပါတယ်...။ ကို အမြဲတမ်း,အဲလိုချည်းပဲဆိုတာ...။ ဘယ်အရာနဲ့ယှဉ်လိုက်ယှဉ်လိုက် မျက်သွယ်က အမြဲလိုလို နောက်မှာပဲ ရှိနေခဲ့တာ....။ ရှေ့လျှောက် မျက်သွယ်နဲ့ကို အဆင်မှ ပြေပါတော့မလားဆိုတာ မသေချာတော့ဘူး ကို...။ ဘာလို့ဆို မျက်သွယ်က ဘယ်တော့ဖြစ်ဖြစ် နံပါတ်တစ်နေရာမှာပဲ ရှိနေချင်တာမိုလို့လေ...." ဘာစကားလဲ...။ လရိပ်မျက်ခုံးက တွန့်ချိုးသွားရကာ စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်ပြီးမှ ထ,ထွက်သွားကြတဲ့ သူငယ်ချင်းသုံးယောက်ကို ကြည့်လိုက်ပြီး....
YOU ARE READING
သူကပြောတယ် ယုံရမယ်တဲ့
Romanceသနားစရာ,စုံ့ဘဝလေး နဲ့ ဆရာဝန်ကိုကို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ရှင်....။