အပိုင်း(၉)

115 8 1
                                    

ဟိုတစ်ယောက်ကလည်း သူမကို စိတ်ပူပင်စွာ တမေးတည်းမေးနေခဲ့သည်..။ လူချင်းကွဲမှာ ကြောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့..။ ဒီတစ်ယောက်ကကျတော့ ဆရာနဲ့မှ တစ်ခါတည်းအတူသွားချင်ပါသတဲ့..။ ဘာတွေမှန်းမသိတဲ့ နှစ်ယောက်ကိုတွေးပြီး ဝေကြီး အူလည်လည်နဲ့ပဲ မဖြစ်တဲ့အနေအထားကို ပြောပြရတော့မည်သာ..။

        " ဟ စုံမက်ခင် ညည်းက ဟိုမှာ အခန်းထဲ လိုအပ်တာဘာညာလုပ်ထားပြီးမှ ခွဲခန်းထဲက ထွက်လာတဲ့သူ နေဖို့နားဖို့ အဆင်သင့်ဖြစ်နေမှာပေါ့..။ ညည်းဆရာ ဘာမှမဖြစ်ဘူး စိတ်ပူမနေနဲ့.." ကိုဝေကြီးရဲ့စကားကြောင့် သူမအရမ်းနဲ့ပူပင်နေမိတာလားလို့တွေးမိရရင်း အနည်းငယ်လည်း မျက်နှာပူသွားမိပါသည်..။

          "သွားမယ် စုံ..။ အဲဒါနဲ့ပဲ ဟိုက ထွက်လာတော့မယ်..။ မျက်စိခွဲတယ်ဆိုတာက နာရီဝက်တောင် ကြာချင်တာ မဟုတ်ဘူး..။ ပြီးတော့ အခု သွားတဲ့နေရာတွေကိုလည်း မှတ်ထားဦး..။ ဆေးရုံကကြီးရတဲ့အထဲ ဘာမှမှတ်မထားရင် နောက်နေ့ ညည်းတစ်ယောက်တည်း သွားရလာရတဲ့အခါ အခက်တွေ့နေမယ်.." ခြေလှမ်းကျဲကြီးနဲ့ရှေ့ကသွားနေရင်းတတွတ်တွတ်ပြောနေတော့ စုံ နောက်ကနေ အထုပ်တွေနဲ့ မပြေးရုံတမယ် လိုက်ပါလာခဲ့ရင်း ကိုဝေကြီးပြောသလို အကုန်မှတ်သား၍လိုက်လာမိသည်..။ ပြီးတော့မှ ခေါင်းလေးညိမ့်ပြလိုက်၍...

          "ဟုတ်ကဲ့ပါ..။ စုံ အားလုံးမှတ်မိပါတယ် ရှင့်.." စုံတို့သွားနေတာက ခွဲခန်းနဲ့တစ်ထပ်တည်းကိုပဲဖြစ်ကာ ထောင့်ချိုးလေးကွေ့လိုက်တာနဲ့ ရောက်လေသည်..။ အထပ်က သုံးလွှာမှာဖြစ်ကာ အခန်းနံပါတ်က ငါးဆယ့်ခြောက်ဆိုတော့ မှတ်ရတာလွယ်ပါသည်..။ မှားစရာမရှိနိုင်..။

          "ကဲ ဒီအခန်းပဲ စုံ..။ ညည်း အထဲမှာ လုပ်စရာရှိတာ လုပ်ထားလိုက်..။ ငါ ဟိုကောင့်ဆီ သွားလိုက်ဦးမယ်.."

         "ဟုတ် ဟုတ်ကဲ့ ကိုဝေကြီး.." တံခါးဖွင့်ပြီး သူပါ လိုက်ဝင်ပြီးမှ ပြောတာမို့ စုံ ခေါင်းလေးညိမ့်ကာ ပြောလိုက်တာနဲ့ ကိုဝေကြီးက ထွက်သွားပါပြီ..။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်သားနားတဲ့ လူနာခန်းတွေကို စုံ အခုမှမြင်ဖူးတာမို့ အထူးအဆန်းသဖွယ်ငေးနေမိသည်..။ တော်ရုံတန်ရုံ သူဌေးအိမ်တစ်အိမ်ပမာ ရေခဲသေတ္တာ တီဗွီ အဲရ်ကွန်း ဧည့်ခန်းပုံစံ ဆိုဖာဆက်တီတစ်စုံ ထမင်းစား စားပွဲ၊ကုလားထိုင် ရေချိုးခန်းနဲ့အိမ်သာကတွဲလျှက်ကို ဘာမှမလိုအောင် သန့်ပြန့်ပြည့်စုံနေရပါသည်..။ စုံ ဆရာ ရောက်လာရင် သက်တောင့်သက်သာလှဲဖို့ လူနာကုတင်ကို အရင်ဆုံး အဆင်ပြေအောင် ပြုပြင်လိုက်သည်..။ ဖွေးလွှနေတဲ့ အိပ်ယာခင်းတွေ စောင်တွေခေါင်းအုံးတွေကအစ လဲစရာမလိုအောင် သန့်ပြန်နေပါသည်..။ စုံ ဆရာ့အတွက်ထည့်ယူလာတဲ့ အိတ်ထဲက သဘက်ကလေးထုတ်ကာ ခေါင်းအုံးပေါ် ဖြန့်တင်လိုက်သည်..။

You've reached the end of published parts.

⏰ Last updated: Oct 28 ⏰

Add this story to your Library to get notified about new parts!

သူကပြောတယ် ယုံရမယ်တဲ့ Where stories live. Discover now