" သြော် ဟုတ်ကဲ့ပါ ကြီးကြီးစိန်..။ ကြီးကြီးစိန်လည်း စုံ့အတွက် အလုပ်ရှုပ်သွားရပြီ..။ အားနာလိုက်တာ ကြီးကြီးစိန်ရယ်..။ စုံ ကျေးဇူးလည်းတင်ပါတယ် ရှင်.." စုံ ဘုရားရှိခိုးပြီးတာနဲ့ နောက်ကအသံလေးကြောင့် ချက်ချင်းလှည့်ကြည့်လိုက်ပြီး ကြီးကြီးစိန်လက်ထဲက ခြင်းတောင်းကြီးနှစ်လုံးကို လှမ်းယူလိုက်ရင်း ကြီးကြီးစိန်ပြောသမျှကိုလည်း ဂရုစိုက်နားထောင်လိုက်ရပါသည်..။
"ရပါတယ် သမီးရယ်..။ ဒေါ်စိန်ကသာ သမီးကို ကျေးဇူးတင်ရမှာပါ..။ အခုဆို သမီးရောက်လာလို့ ဒေါ်စိန် အရင်လို ပျာပျာ ပျာပျာ လုပ်စရာ မလိုတော့ဘူးလေ..။ အဟုတ်ပြောတာ သမီးရဲ့.။ အရင်ကဆို ဒေါ်စိန်တစ်ယောက်တည်း မနည်းထောင့်စေ့အောင် လုပ်နေရတာ..။ နားချိန်တောင် မရှိဘူး ကွယ်..။ ရောက်လာကြတဲ့ ကောင်မလေးတွေကလည်း လူလေးခြုံရဲ့ဒဏ်ကို မခံနိုင်ကြဘူးလေ..။ အလွန်ဆုံးတစ်ပတ်နေ ပြေးကြတော့တာပဲ..။ အခု သမီးလေးကတော့ အရင်မိန်းကလေးတွေနဲ့ မတူတာကို ဒေါ်စိန် မြင်တာနဲ့သိပါတယ်..။ အမှန်တော့လည်း လူလေးက သဘောကောင်းမနောကောင်းကြီးပါ သမီးရယ်..။ မမကြီးကို အရွဲ့တိုက်ပြီး အဲလိုဖြစ်နေရတာပါ..။ အရွဲ့တိုက်ဆို မမကြီးကလည်း သူ လက်မခံနိုင်တာကို ဇွတ်တိုးလုပ်ခဲ့တာကိုး.."
ဘာလုပ်လိုက်လို့လဲဟင် ဆိုတဲ့မေးခွန်းက လျာပေါ်က ပြုတ်ကျဖို့ တဲတဲလေး လိုတော့သည်..။ စုံ အချိန်မှီအခါမှီ ထိန်းသိမ်းလိုက်ရင်း ဘာမေးခွန်းမှ ထွက်ကျမလာတဲ့ ကိုယ့်ပါးစပ်ကို ကျေးဇူးတင်လိုက်ရသည်..။ မဟုတ်ရင် ရောက်တာနဲ့ စပ်စုတော့တာပဲ ဆိုပြီး အပြောခံရရင် စုံပဲ အနေမတတ်တဲ့မိန်းမ ဖြစ်သွားရမည်..။
"ကဲ ကဲ သမီး လုပ်စရာ ရှိတာလုပ်..။ ပြီးရင် အိမ်ကြီးပေါ်ကို လာခဲ့လိုက်ဦး.."
"ဟုတ်ကဲ့ ကြီးကြီးစိန်..။ စုံ့ကို အခုလို အစစ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြီးကြီးစုံ..။ နောက်ကိုလဲ စုံ အနေမတတ်ရင် ပြောဆိုဆုံးမပါနော် ကြီးကြီးစုံ.." စုံ လက်အုပ်လေးချီရင်းပြောလိုက်တော့ ဒေါ်စိန် ကလေးမလေးကိုကြည့်ရင်း လိမ္မာသိတတ်ရှာတဲ့ကလေးရယ်လို့ ကျေနပ်ဝမ်းသာသွားရလေသည်..။ ပြီးမှ စုံ့ရဲ့ ချီထားတဲ့လက်အုပ်လေးကို ထိပ်ကနေ စုကိုင်လိုက်ရင်း ပြုံးလိုက်၍..
YOU ARE READING
သူကပြောတယ် ယုံရမယ်တဲ့
Romanceသနားစရာ,စုံ့ဘဝလေး နဲ့ ဆရာဝန်ကိုကို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ရှင်....။