အပိုင်း(၇)

60 5 1
                                    

ပြီးတော့ ပြောသေးတယ် စကားပြောတာမောက်မာကြမ်းတမ်းလို့တဲ့..။ မိန်းမပျိုလေးတစ်ယောက်က အဲလောက် နှုတ်ကြမ်းတာတော့ ငါ မကြိုက်ပါဘူးအေ တဲ့လေ..။  ဒါကြောင့် မေမေကြီးက ဘယ်လိုပြောပြော သမီးလေးက စိတ်မှာ ငြိုငြင်တာမျိုး မဖြစ်ရဘူး..။ အဲဒါ ကိုယ့်ကျေးဇူးရှင်ဆိုပြီး အမြဲမပြတ်နှလုံးသွင်းထားနိုင်ရင် အကောင်းဆုံးပဲ သမီးရဲ့.."

         "ဟုတ်ကဲ့ပါ ကြီးကြီးစိန်ရယ်..။ မေမေကြီးနဲ့တကွသော ဒီအိမ်ကလူတွေကို စုံ ဘယ်တော့မှ စိတ်မကွက်မိပါဘူး..။ ကိုယ့်ကျေးဇူးရှင်မှမဟုတ်ပါဘူး ကြီးကြီးစိန်ရယ်..။ စုံ ဘယ်သူ့ကိုမှ ဘာအတွက်နဲ့မှ မငြိုငြင်ခဲ့ဖူးပါဘူး ရှင်.." စားပွဲပေါ်ချထားတဲ့ ပန်းကန်လေးကို စုံ အဝတ်စနဲ့ ပွတ်သုတ်လိုက်ရင်း ကြီးကြီးစိန်ရဲ့ရှေ့ ချပေးထားလိုက်ရာ ကြီးကြီးစိန်က လက်ထဲကသင်္ဘောသီးစိပ်လေးတွေကို ထည့်လိုက်ပြီး အပေါ်ကသကြားလေးနည်းနည်းဖြူး၍..

          "သမီး အဲလိုမဟုတ်မှန်း သိပေမယ့် ဒေါ်စိန်ကလည်း စိုးရိမ်လို့ပါကွယ်..။ ကဲ ကဲ သမီး.. ။ လူလေးများနိုးနေပြီလား မသိဘူး..မြန်မြန်သွားတော့ကွယ်.."

          "ဟုတ်ကဲ့ ကြီးကြီးစိန်.." ပန်းကန်လေးကိုင်ကာ စုံ ထွက်လာတော့ ဧည့်ခန်းထဲက မေမေကြီး က လှည့်ကြည့်လာတာမို့ စုံ အမြန်လေး တက်သွားလိုက်ရပါသည်..။ အခန်းရှေ့ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်တာနဲ့ ရေချိုးခန်းဘက်ကထွက်လာတဲ့ဆရာ့ကို လှမ်းကြည့်လိုက်ပြီး လက်ထဲကပန်းကန်လေးကို ထမင်းစား စားပွဲလေးပေါ်ပဲ ချထားလိုက်ရသည်..။

           "ဆရာ စုံ သင်္ဘောသီးမှည့်အစိပ်ကလေးတွေ ယူလာပါတယ်ရှင့်..။ အဆာပြေစားရအောင်လို့ပါ ဆရာ..။ ဒါ့အပြင် ဆရာစားချင်တာရှိရင်လည်း စုံ့ကို ပြောပါ ဆရာ.." ခြုံ အသံလာရာဘက်ကို မျက်နှာလှည့်လာရင်း နှာခေါင်းထဲမှာ သင်္ဘောသီးမှည့်နံ့လေးလည်း ရှူရှိုက်မိရပါသည်..။ သူ့လက်တွေကို ကုတင်ခြေရင်းဘောင်မှာ ဖြန့်တင်ထားတဲ့ လက်သုတ်ဝတ်လေးနဲ့ယူသုတ်လိုက်ရင်း ထမင်းစားပွဲဆီ လျှောက်ခဲ့လိုက်ပါ၏..။ကုလားထိုင်ကို စမ်းကိုင်လိုက်ရင်း နောက်ဘက်ကိုဆွဲထုတ်ထိုင်လိုက်တော့...

သူကပြောတယ် ယုံရမယ်တဲ့ Where stories live. Discover now