"မဟုတ် မဟုတ်ပါဘူး ဆရာရယ်..။ ဟို ရေချိုးခန်းထဲကို တွဲခေါ်သွားပေးရမှာလား..။ မျက်နှာသစ်ဖို့ ရေနဲ့ သွားတိုက်တံတွေကိုပဲ ယူခဲ့ပေးရမလား မသိလို့ပါ.." စုံ သူမရှေ့မှာ ကုတင်ပေါ်ကခြေချထိုင်နေတဲ့ ဒေါက်တာရစ်သိုင်းခြုံကိုကြည့်လိုက်၍ ချောမွေ့ပြေပြစ်နေတဲ့မျက်နှာက မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေကြောင့် အကျည်းတန်နေရသည်လို့ တွေးမိပါ၏..။ တစ်ဆက်တည်းလည်း သူ့ကို ကြောက်လန့်နေရကာ အနားကိုလည်း တိုးသွားမိလိုက်ပါသည်..။ ခြုံ သူ့အနားမှာ မည်းမည်းသဏ္ဍာန် လှုပ်ရှားသွားတဲ့အရိပ်ကိုကြည့်၍..
"ဟေ့ မင်း ငါနဲ့ဝေးဝေးနေ.."
"ဟုတ် ဟုတ်ကဲ့ပါ ဆရာ.." မနီးမဝေးလေးမှာပဲ စုံ ခြေစုံရပ်၍ မမြင်ရဘူးဆိုတာကို သိသည်..။ ဒါပေမယ့် ကြောက်စိတ်တွေနဲ့ပဲ မရဲတရဲလေး မော့ကြည့်လိုက်၍...
"စုံ ဘာလုပ်ပေးရမယ် ဆိုတာကို ကျေးဇူးပြုပြီး ပြောပေးပါ ဆရာရယ်..။ ဆရာ မပြောပဲ စုံ ဘာလုပ်ပေးရမှန်း မသိလို့ပါ.." ဂရုဏာသံစွက်နေတဲ့ အသံချိုချိုလေးက ပြောနေတာကိုပဲ အရဲစွန့်ပြီး ပြောနေရသလို..။
"မလိုဘူး.." ပြောပြီး ထရပ်လိုက်တော့ ရှည်လျားလွန်းတဲ့အရပ်ကြီးကို အရင် သတိထားလိုက်မိသည်..။ သူ့အရပ်အတိုင်း မော့ကြည့်လိုက်ရင်းက တုတ်ခိုင်သန်မာနေရတဲ့ ခန္ဓာကိုယ်က ကျစ်လစ်ပါးလျနေသည်..။ အပေါ်ကရှပ်အက်ျီလက်တိုအဖြူစင်းက အောက်မှာဝတ်ထားတဲ့ ကာကီရောင်ဘောင်းဘီရဲ့အပြင်ဘက်ကို တစ်စွန်းတစ်စထွက်နေရာ ကပိုကရိုဖြစ်နေရသည့်ပုံစံပါ..။ ညှင်းသိုးသိုးရုပ်သွင်မှာ ယောက်ျားပီသသည့်ချောမွေ့မှုက ပျောက်ပျက်မသွားနိုင်အောင် ရှိနေရသည်..။
" အို ဆရာ.."
" ဟေ့ မင်း နောက်ဆုတ်လိုက်စမ်း.." စုံ ကြည့်နေစဥ်မှာပဲ လှမ်းလိုက်တဲ့ခြေထောက်က တစ်ချက်ယိုင်ထွက်သွားတော့ စုံ အလန့်တကြားထိန်းပေးလိုက်မိသည်..။ သို့သော် အက်ျီလက်လေးပေါ်က အုပ်ကိုင်မလို့ပဲရှိသေးသည် သူမလက်ကို တွန်းဖယ်လိုက်ရင်း ဒေါသတကြီး ပြောလိုက်တော့ စုံ နောက်ဆုတ်ရပ်လိုက်ရရင်း..
YOU ARE READING
သူကပြောတယ် ယုံရမယ်တဲ့
Romanceသနားစရာ,စုံ့ဘဝလေး နဲ့ ဆရာဝန်ကိုကို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ရှင်....။