အပိုင်း(၆)

44 5 1
                                    

ဒါလီ့မျက်နှာ မဲ့သထက်မဲ့သွားရရင်း ရှင်က ကန်းနေတာပဲ ကောင်းပါတယ် ကိုခြုံ.။ အဟွန့်..မကန်းခင်တုန်းက ညိုမြလာ,လာလုပ်ရတဲ့ ဒါလီ့ကို ရှင် အဖက်မတန်သလို ဆက်ဆံခဲ့တာတွေက မေ့လို့မရသေးဘူးဆိုတော့ ဒါလီ့အလွန်မရှိပါဘူး..။ ဒါလီ့ကို မြင်ရင် မစင်ပုံကိုမြင်တာထက် ပိုပိုဆိုးသွားတတ်တဲ့ ရှင့်မျက်နှာကိုလည်း ဒါလီ တစ်သက်မမေ့ဘူး.။ ရှင့်ရဲ့ဂုဏ်ပုဒ်တွေနဲ့ ရင်ခုန်ဖို့ကောင်းတဲ့ ယောက်ျားတစ်ယောက်အဖြစ်ကိုသာ ဒါလီမမြင်တတ်ခဲ့ဘူးဆိုရင် ရှင့်ကို လုံးဝ သည်းခံခဲ့စရာ အကြောင်းမရှိဘူး သိလား.။

           "ကိုခြုံကပြောအားရှိမှာပေါ့.။ ဒါလီမလာလေ ကြိုက်လေပဲဟာကို.။ မနေနိုင်တဲ့ဒါလီကတော့ ကိုခြုံ မလိုလားမှန်းသိသိချည်းနဲ့ ရောက်ရောက်လာရတာပါ နော်.။မလာပဲမနေနိုင်လို့လေ။ ဟေ့ မင်း ဒီကိုလာစမ်း..။ ကြည့်စမ်း မင်းတို့အိမ်ဖော်တွေ မပြောရင် မပြောသလိုပဲ ဘာမှကို မသိကြတာပါလား.။ ပြောရင်လည်းမကြိုက်ဘူး မပြောရအောင်လည်း မနေကြဘူး."

            "ဟို ဟို စုံက ဆရာ အခု စားမှာဆိုလို့ပါ."

         "ဘာဖြစ်သွားလို့လဲ ဒါလီ.."စုံ့ရဲ့ကြောက်ကြောက်ရွံ့ရွံ့အသံလေးထွက်လာတော့ ခြုံ့မျက်နှာက ချက်ချင်းပျက်ထွက်သွားရရင်း မျက်မှန်ထက်ကမျက်ခုံးနှစ်ခုက တွန့်ချိုးကုတ်ဆက်သွားတော့မယ့်အတိုင်း အလိုမကျမှု့ကို သိသာစေလျှက် မည်းမည်းသဏ္ဍာန်အရိပ်တွေကိုပဲ လိုက်ကြည့်ပြီးမေးလိုက်ရသည်.။ လောလောဆယ် သူ့နားမှာ ရှိနေရတာက ခန္ဓာကိုယ် ထွားထွားကြီးနဲ့ အရပ်မြင့်မြင့်သဏ္ဍာန်အရိပ်ကြီးပဲဖြစ်သည်.။ ထိုအရိပ်က နွဲ့ဒါလီဝင်း ဆိုတာကလည်း သေချာနေလျှက် စုံက ဘယ်နားမှာမှန်း သူ မသိ.။ ကြားရတဲ့အသံအရတော့ သူ့ဘေးက စားပွဲပုလေးနားလောက်က ဖြစ်သည်.။

          "ဘာဖြစ်ရမှာလဲ ကိုခြုံ..။ မမြင်ရတဲ့လူနားမှာ ဒီပူပူလောင်လောင် စားစရာတွေကို လာချထားတော့ မတော်လို့တိုးမိတိုက်မိရင် ကိုခြုံပဲ အပူလောင်ကုန်မှာပေါ့.." 

"ငါ့ကို တော်တော်စိတ်ပူသွားတာလား.." ခြုံ့အသံက မဲ့တဲ့တဲ့နဲ့ထွက်လာရတော့ အကောင်းနဲ့မေးပုံမျိုး မဟုတ်တာက သိသာနေရပါသည်..။

သူကပြောတယ် ယုံရမယ်တဲ့ Where stories live. Discover now