ခြုံ့စိတ်ကထောင်းခနဲတိုသွားရရင်း အောက်ကမည်းမည်းသဏ္ဍာန်လေးကို ငုံ့ကြည့်လိုက်၍..
"မင်း ထလိုက်စမ်း စုံ..။ ပြီးရင် ငါ့ကုတင်ဘေးက စားပွဲပုလေးပေါ်မှာ ဆေးသေတ္တာရှိတယ် ကုတင်ပေါ်ချထားလိုက်..။ မင်းလည်း အဲ့နားမှာ စောင့်နေ.." စောင့်နေဆိုပြီး သူကအရင် ကုတင်ဆီလျှောက်သွားလိုက်ပြီး ထိုင်နေလေသည်..။ စုံ သူ ပြောတဲ့ ဆေးသေတ္တာလေးကို ယူလိုက်ပြီး အနားမှာ ချပေးလိုက်၍..
"ဒီမှာပါ ဆရာ.." စကားနဲ့အတူ သိအောင်လို့လည်း စုံ သူ့ပေါင်လေးနား တို့ထိပြီး ချလိုက်တာပါ..။ စုံ ချပြီးတာနဲ့ သူ့လက်က ဆေးသေတ္တာကို စမ်းကိုင်လိုက်ရင်း ချက်ချင်းဖွင့်လိုက်ပါ၏..။ ပြီးတော့ တစ်ခုချင်းဆွဲထုတ်၍..
"မင်း ခြေထောက်ကို ငါ့ပေါင်ပေါ်တင်လိုက်စမ်း စုံ.."
"အို မဟုတ်တာ ဆရာရယ်..။ စုံ ရပါတယ်.."
" မင်း ငါ ပြောနေတာ မကြားလို့လား စုံမက်ခင်..။ ငါ့ကို စိတ်တိုအောင် လုပ်နေတာလား.." စုံ ကြောက်လန့်သွားခဲ့ရလျှက်..
"မ မဟုတ်ရပါဘူး ဆရာရယ်..။ ဟို ဟိုလေ ဒါဆိုလည်း စုံ ကိုယ့်ဟာကိုယ် လုပ်ပါ့မယ် ရှင်..။ ဘာလုပ်ရမယ်ဆိုတာကိုပဲ ဆရာက ပြောပေးပါ နော်.."
" ကျွတ် "
" အို " စိတ်မရှည်တတ်ခဲ့သည့် လူစားဆိုတာကို သူမ မေ့သွားမိသည်..။ စုံ့လက်ကို မှန်းသမ်းပြီး ဆွဲချလိုက်တာများ သူမ သူ့ဘေးကို ထိုင်လျက်သားလေး ကျသွားရသည်အထိပင်..။ ပြီးတော့ သူမဒူးခေါင်းလောက်ကနေ ခြေထောက်နှစ်ဖက်စလုံးကို မ,တင်လိုက်ရင်း...
"ငါ သိပ် စိတ်ရှည်တာမဟုတ်ဘူး စုံမက်ခင်..။ ပြောရင် ပြောသလိုလုပ်လိုက်ပါ.."
"ဟုတ် ဟုတ်ကဲ့ပါ..။ ဒဏ်ရာက ဒီဘက်ပါ ဆရာ.." စုံ မရဲတရဲလေးနဲ့ သူ့ပေါင်ဘေးမှာ သူမခြေထောက်ကလေးကို ထိကပ်ပေးလိုက်ရသည်..။ ခြုံ သူ့အသားနဲ့ထိလာတဲ့ ခြေထောက်ကို ဆွဲ,မ,လိုက်ရင်း ခြေဖမိုးနားတစ်ဝိုက်ကို စမ်းကြည့်လိုက်သည်..။ပြည့်ဖောင်းနေတဲ့နူးနူးညံ့ညံ့ခြေဖမိုးလေးနဲ့အတူ စေးကပ်ကပ်အထိအတွေ့ကိုခံစားမိပြီး ဒဏ်ရာကိုပါစမ်းမိလိုက်တော့..
YOU ARE READING
သူကပြောတယ် ယုံရမယ်တဲ့
Romantizmသနားစရာ,စုံ့ဘဝလေး နဲ့ ဆရာဝန်ကိုကို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ရှင်....။