အပိုင်း(၈)

37 6 1
                                    

       "မင်းဆံပင်တွေ တော်တော် ရှည်တာပဲ စုံ..။ မိန်းကလေးဆိုရင် ဆံပင်ရှည်တွေမြင်တိုင်း ငါ နှစ်သက်ခဲ့တာ.." ခြုံ သူ့ပေါင်ပေါ်ကအထိအတွေ့ဟာ ဆံပင်တွေရယ်လို့ ခံစားသိလိုက်ရင်း ဆံပင်တွေကို လက်နဲ့ သိမ်းဖယ်ကာ ပြောလိုက်တော့ စုံက သူမဆံပင်တွေကို ကျောနောက်ပြန်ပို့လိုက်လေသည်..။ပြီးတော့ တပ်ပြီးသွားသည့် အက်ျီကြယ်သီးကို လက်လွှတ်လိုက်ရင်း ခါးကို ပြန်မတ်လိုက်၍..

          "ကြီးတော်က စုံ့ကို ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားခိုင်းခဲ့တာပါ ဆရာ..။ အဲဒါ ရှစ်တန်းနှစ်စာမေးပွဲ ဖြေပြီးတဲ့အချိန်မှာ ဝက်သက်တွေပေါက်လို့ ကတုံး,တုံးပစ်လိုက်ရသေးတာ..။ အဲဒါပြီးမှ ပြန်ချန်ခဲ့တာက ခုချိန်ထိ ဆိုပါတော့ ဆရာ..။ ဆရာ ခိုင်းစရာမရှိရင် စုံ့အလုပ်လေး ပြန်လုပ်လိုက်မယ်နော် ဆရာ..." သူ့ခေါင်း ညိမ့်ပြလိုက်တာနဲ့ သူမ အဝေးရောက်သွားပြီကိုသိလိုက်ရင်း ခြုံ သူမကိုမြင်တွေ့ချင်တဲ့စိတ်က တားမရဆီးမရ ဖြစ်လာလေသည်..။ မင်းကို အမြန်ဆုံး မြင်ချင်တယ် စုံ...။

         ~~~~~~~~~~~~~~~~~~~~~~~~

ရှေ့က စုံက အိတ်နှစ်လုံးဆွဲကာ ဆင်းချလာရာ နောက်က ဆရာ ပါလာတာကိုလည်း သိသည်..။ စုံ တွဲပါမည် ဆိုတာကို ခေါင်းခါခဲ့ကာ သူမနောက်က ပါလာတာကို လှည့်ကြည့်လှည့်ကြည့်နဲ့ စုံတို့အောက်ရောက်လာတော့...

         "ဟဲ့ ဒါက ဘယ်ကိုလဲ..။ သား ဘယ်သွားမှာလဲ မယ်မယ့်ကိုလည်း ဘာမှမပြောဘူး..." စုံ ခေါင်းလေးငုံ့ကာ ခြေစုံရပ်၍ နေလိုက်တော့ တိတ်ဆိတ်နေတဲ့သူမအသံကို ခြုံ သတိထားမိလိုက်ရကာ...

           "ကျွန်တော် ပြောထားပါတယ် မယ်မယ်..။ မယ်မယ် မမှတ်မိလိုက်လို့ပါ..."

           "အို ကမ်းခြေကို အပမ်းဖြေသွားမယ်ဆိုတာလား..။ သားပြောထားတာ ကြာတောင်နေပြီကို..။ ဖြစ်ပါ့မလား သားရယ်..။ ဝေးလွန်းရတဲ့ခရီးမှာ မိစုံနဲ့နှစ်ယောက်တည်းက..။ မယ်မယ်တော့ စိတ်မချပါဘူး..။ နီးနီးနားနားမှာ အပမ်းဖြေစရာတွေ တပုံကြီးဟာကို.."

          "သူနဲ့နှစ်ယောက်တည်းမဟုတ်ပါဘူး မယ်မယ်..။ ကားမောင်းပို့မယ့် ဝေကြီးလည်း ပါ,ပါတယ်..။ ကျွန်တော့်ဘဝ ဒီအိမ်ကြီးထဲမှာပဲ အကျဥ်းချခံထားရတာ ကြာခဲ့ပြီ မယ်မယ်..။ နောက်လည်း စိတ်ကူးတည့်ရာ ဒီလိုပဲ လျှောက်ထွက်နေမှာမို့ ကျွန်တော် ကြိုပြောထားတာပါ.." သူ့ကိစ္စက ဘယ်ချိန် ထ,သွားရမလဲဆိုတာ မသိတာမို့ စကားကို ခြုံ အပြတ်ပြောထားလိုက်ရတာဖြစ်သည်..။
ခေါင်းငုံ့ထားဆဲ စုံကတော့ စကားတွေကို အသာနားထောင်နေရင်း မေမေကြီးနဲ့အဆင်ပြေပါ့မလားရယ်လို့ တွေးနေမိသည်...။

သူကပြောတယ် ယုံရမယ်တဲ့ Where stories live. Discover now