02

228 32 45
                                    

"နာနာရေ... ကျောင်းသွားမယ်"

"ဟုတ် လာပြီ"

ဂျဲနိုက အခန်းထဲမှာ အဝတ်အစားလဲနေတုန်းပဲရှိသေးပေမဲ့ ဟိုညီအစ်ကိုနှစ်ယောက်က ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီမို့ အဝတ်အစားလဲတာကို ကပျာကယာလုပ်လိုက်ရတယ်။

"ဂျဲနို.. ငါ နာနာ့ကို ကျောင်းလိုက်ပို့ဦးမှာမို့ ကျောင်းကျမှတွေ့မယ်နော်"

"အ.. အွန်း..."

သူ့ကို မလိုက်စေချင်သလို အရိပ်အမြွက်ပေးလိုက်တဲ့မင်ဟျောင်းကြောင့် ဂျဲနိုက လက်ခံလိုက်ရုံပဲတတ်နိုင်တော့တယ်။ နောက်တော့ အဝတ်အစားကိုလည်း အေးဆေးပဲ ဆက်ဝတ်နေလိုက်ပြီး ဆံပင်ကို တစ်ချက်နှစ်ချက်ပြန်ပြင်လိုက်ပြီးမှ အခန်းထဲကနေ ထွက်လာဖြစ်တော့တာ။

အပြင်ဘက်ကိုရောက်လာတဲ့ ညီအစ်ကိုနှစ်ယောက်မှာလည်း ဓာတ်လှေကားစောင့်နေကြရုံပဲရှိသေးတာလေ။ မင်ဟျောင်းက ဓာတ်လှေကားကို မော့ကြည့်နေပြီ ဂျယ်မင်းကတော့ သူ့အစ်ကို,ကို လှည့်ကြည့်လှည့်ကြည့်နဲ့ အကဲခတ်နေတာ။ ခဏလောက်နေတော့...

"အယ်.. ဖုန်းကျန်ခဲ့ပြီ"

ဂျယ်မင်းက တိုးတိုးလေးပြောလိုက်တော့ မင်ဟျောင်းက လှည့်ကြည့်လိုက်မိတယ်။ အခန်းကိုက လှမ်းကြည့်ရင်တောင် မြင်နေရတာဆိုတော့ ...

"သွားယူလိုက်လေ၊ ကိုကို ဒီက စောင့်နေမယ်"

"ဟုတ်"

မင်ဟျောင်းဆီက ခွင့်ပြုချက်ရတာနဲ့ ဂျယ်မင်းက အခန်းဆီကို လှည့်ပြေးမိတော့တာ။ တကယ်တော့ သူက ဖုန်းမကျန်ခဲ့ပါဘူး။ ဒီတိုင်း ဂျဲနိုကို ပေးစရာလေးရှိနေလို့ လိမ်ပြီးတော့ အကြောင်းပြချက်တွေ လျှောက်ပေးလိုက်မိတာ။

အခန်းထဲက ဂျဲနိုမှာလဲ တံခါးဝမှာ ဖိနပ်စီးပြီးရုံရှိသေး၊ password နှိပ်သံတွေကိုကြားလို့ မော့ကြည့်နေမိတာ။ ခဏလောက်နေတော့ lock ပွင့်သွားတဲ့အသံနဲ့အတူ အခန်းဝမှာ မျက်လုံးဝိုင်းလေးတွေနဲ့ ဂျယ်မင်းကိုမြင်လိုက်ရတယ်။ သူကြည့်နေတုန်းမှာပဲ ဂျယ်မင်းက  အခန်းထဲကိုဝင်လာပြီး သူ့ရှေ့မှာ ငုတ်တုပ်လေးထိုင်ချရင်း..

Kiss Me Quick [Ongoing...]Where stories live. Discover now