"ဝိုးးးးး ဂျဲနို..."
ဂျယ်မင်းက တဝိုးဝိုးနဲ့ ဝိုင်းပြီးစနောက်နေတဲ့အသံတွေကြောင့် ကိုကို့နောက်ကျောဘက်မှာ ပုန်းလိုက်ရတယ်။ ကိုကိုကတော့ လက်လေးတကာကာနဲ့ မစတော့ဖို့ တားနေပေမဲ့ တစ်ရုံးလုံးက လက်ခုပ်လက်ဝါးတွေတီးပြီးတော့ကို နောက်ပြောင်နေကြတုန်း။
ဒီနေ့တော့ ဂျယ်မင်းတစ်ယောက် ဂျစ်တူးကလေးလုပ်ဖို့မလိုဘဲ ကိုကို့ရုံးကို လိုက်လည်ခွင့်ရတာလေ။ ခဏလေးမှ တကယ့်ကိုခဏလေးပဲ လာခွင့်ရတယ်ဆိုပေမဲ့ ဂျယ်မင်းက အရမ်းကိုပျော်နေတော့တာ။ ကိုကို့ရုံးက ကိုကိုပြောသလို နေရခက်တယ်ဆိုပေမဲ့ ရုပ်တည်ကြီးတွေနဲ့မဟုတ်ဘဲ ဝိုင်းစကြလို့ နေရခက်တာမျိုးပါပဲ။
ကြည့်ရတာ ကိုကိုက အလုပ်လည်းကြိုးစား၊ ရုပ်ကလေးကလည်းချောတော့ အကုန်လုံးက သဘောကျကြတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ တက္ကသိုလ်တုန်းကလည်း "ကိုကိုကသာ ပြန်မကြိုက်ခဲ့တာ၊ ကိုကို့ကို ကြိုက်တဲ့သူတွေမှအများကြီး.."ဆိုပြီး ပြောပြဖူးလို့ ကိုကိုက နာမည်ကြီးမှန်း သိရသေးတယ်။
"ရုံးတွင်းအချစ်ရေးတွေ လက်မခံဘူးဆိုတော့ ရုံးထဲကလူတွေနဲ့ ကင်းအောင်နေပါတယ်မှတ်နေတာ၊ ဘယ်ဟုတ်မလဲ၊ တစ်ရုံးလုံးက သူ့ရည်းစားလို လှမှမလှကြတာ"
"အာ.. အဲ့လိုမဟုတ်ပါဘူး"
ကိုကိုက ဂျယ်မင်းအတွက် ခုံပြင်ပေးရင်းက ပြန်ပြောလိုက်တယ်။ နောက်ပြီး ဂျယ်မင်းကို ဂရုတစိုက်နဲ့ ထိုင်ခိုင်းပြီး ဂျယ်မင်းရဲ့ ကျောပိုးအိတ်တွေကို သူ့စားပွဲနောက်က သစ်သားတိုင်လေးမှာ သွားချိတ်ပေးလိုက်သေးတယ်။
"အမလေး.. အားကျတယ်ဟေ့"
"ဟုတ်ပါ့ကွာ.. ဒါပေမဲ့ ငါသာဆိုလည်း လုပ်ပေးမိမှာပဲ၊ နားလည်ပါတယ်"
ကိုကိုနဲ့ မျက်နှာချင်းဆိုင်စားပွဲက အစ်ကိုကြီးရဲ့စကားကြောင့် တစ်ရုံးလုံး ရယ်သံတွေနဲ့ ဆူညံသွားတော့တယ်။ ဂျယ်မင်းကတော့ လိုက်လာမိတာတောင် မှားသွားပြီလားလို့ တွေးမိတဲ့အထိကို ရှက်နေရတော့တာ။ ဒါကိုသိတဲ့ကိုကိုက သူ့ခေါင်းကို ဖွဖွလေးလာကိုင်ရင်း...
ESTÁS LEYENDO
Kiss Me Quick [Ongoing...]
FanficNCT DREAM × Fanfiction Ongoing ... [Uni + Zawgyi] Start - Oct 12, 2024 End - .......