"အာ.. ပြောပြ ပြောပြ၊ အဲ့အစ်ကိုနဲ့ တွဲနေတာလား"
ဒုံဟျော့ခ်ရဲ့မေးခွန်းကြောင့်နဲ့ ဂျယ်မင်းရဲ့ မျက်နှာလေးက ရဲခနဲဖြစ်သွားရတယ်။
"မဟုတ်ပါဘူး၊ ဒီတိုင်း.. ကိုကို့သူငယ်ချင်းမို့ ခင်ရုံပါ"
"တကယ်လား"
ဂျယ်မင်းက သူ့အနားကို ပိုကပ်ပြီး လာစနေတဲ့ ဒုံဟျော့ခ်ကြောင့် မျက်နှာမထားတတ်အောင်ဖြစ်လာတယ်။
ဟယ်ချန်းနဲ့ ဒုံဟျော့ခ်က အမွှာတွေဆိုပေမဲ့ ဂျယ်မင်းက ဒုံဟျော့ခ်နဲ့ ပိုပြီးအစေးကပ်တယ်ပြောရမယ်။ ဟယ်ချန်းက အရမ်းသွက်ပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်လေးဆိုတော့ ကလေးစိတ်မကုန်သေးတဲ့ ဂျယ်မင်းတို့နှစ်ယောက်နဲ့ အရမ်းမခင်ဘူး။
ကျောင်းမှာဆိုလည်း ဂျယ်မင်းနဲ့ ဒုံဟျော့ခ်က အတူတူထိုင်ပေမဲ့ ဟယ်ချန်းက ကြုံရာနေရာမှာဝင်ထိုင်ပြီး တစ်ခါခါဆို အတန်းတောင် မှန်အောင်တက်ချင်တာမဟုတ်လို့ ဒုံဟျော့ခ်ကပဲ roll call ခိုးပေးရတဲ့အခါမျိုးတွေလည်း အများကြီးပဲရှိနေတာ။
ဂျယ်မင်းနဲ့ ဒုံဟျော့ခ်ကတော့ ခွဲမရတဲ့ သံလိုက်တုံးကလေးတွေလို အတန်းတက်တာကနေ Toilet သွားတာအထိ အတူတူဖြစ်နေပြီး နှစ်ယောက်ကြားမှာ လျှို့ဝှက်ထားတဲ့ကိစ္စဆိုတာလည်း မရှိသလောက်ပဲ။ ဂျဲနိုနဲ့ကိစ္စတွေကလွဲရင်ပေါ့လေ။
"အင်း တကယ်.."
"မယုံပါဘူးနော်"
ဂျယ်မင်းက နားရွက်ဖျားလေးကို ပြန်ကိုင်ထားလိုက်မိတယ်။ ဒါက ဂျယ်မင်းတစ်ယောက် ကောင်းကောင်းမလိမ်တတ်တဲ့အခါတိုင်း လုပ်နေကျအပြုအမူမှန်း ဒုံဟျော့ခ်က သိနေတာမို့ ...
"သောကြာနေ့တုန်းက လည်ဖြစ်သေးလား"
"အွန်း လည်ခဲ့တယ်"
"ပျော်ခဲ့ရဲ့လား"
"..အွန်း"
ဂျယ်မင်းက ပြုံးစိပြုံးစိဖြစ်လာတော့ ဒုံဟျော့ခ်က ဂျယ်မင်းဘက်ကို တည့်တည့်လှည့်လာပြီး ...
"ဘယ်တွေလည်ခဲ့တာလဲ၊ ပြောပြဦး"
"ကစားကွင်းထဲပဲ လည်ခဲ့တာပါ၊ ရိုလာကိုစတာတို့ တိုက်ကားမောင်းတာတို့၊ ပြီးတော့ သရဲအိမ်ရော ဝင်ခဲ့သေးတယ်"

DU LIEST GERADE
Kiss Me Quick [Ongoing...]
FanfictionNCT DREAM × Fanfiction Ongoing ... [Uni + Zawgyi] Start - Oct 12, 2024 End - .......