"သည်းသည်းရေ... ဘာတွေလုပ်နေလဲ"
ဂျဲနိုက မနေနိုင်မထိုင်နိုင်နဲ့ စာပို့မိလိုက်တယ်။ သူ ဂျယ်မင်းကို အရမ်းလွမ်းနေပြီလေ။ ဒီရက်ထဲ Test ဖြေစရာတွေရှိနေတဲ့ သူ့ရည်းစားကလေးမှာ စာတွေကြည့်နေရတာနဲ့ လိုင်းသုံးချိန်တောင် သိပ်မရဘူး။ နောက်ပြီး သူကလည်း Graduation Thesis တွေ စနေရပြီမို့ အပြင်မှာလည်း သွားမတွေ့နိုင်သေးဘူးဖြစ်နေတာ။
"စာကြည့်နေတာ ကိုကို"
"ဖုန်းခေါ်ပါဦး၊ ကိုကို လွမ်းနေတာ"
ဂျဲနိုက အရွယ်နဲ့မလိုက်အောင် ပလီပလာတွေပြောနေရတာကို ရှက်တော့ရှက်ပေမဲ့ မပြောဘဲကလည်း မနေနိုင်ပြန်ဘူး။ ဂျယ်မင်းက ကလေးမို့ ကလေးဆန်တာပေမဲ့ သူကကျ ဂျယ်မင်းကလေးဆီက ဦးစားပေးခံချင်လို့ အဲ့လိုပလီပလာတွေပြောရတာလေ။ သူပြောပြီး ခဏနေတော့ ဂျယ်မင်းက ဖုန်းခေါ်လာလို့ ဂျဲနိုက ချက်ချင်းပဲကိုင်လိုက်ရတယ်။
"Test ဖြေဖို့ ကျန်သေးတာလား"
"နှစ်ခုကျန်သေးတယ်"
"ကိုကိုရော Final Thesis တစ်ခုလုပ်ဖို့ရှိသေးတယ်၊ လာမဲ့သောကြာနေ့ လုပ်ကြရမှာ၊ အဲ့ဒါပြီးရင်တော့ ဘွဲ့ယူဖို့ပဲ ကျန်တော့တယ်"
"သည်းသည်းလည်း ဒီတစ်ပတ်ပြီးရင် ပြီးပြီ"
"ဟုတ်လား၊ ဒါဆို .. ကိုကိုတို့ တွေ့ကြမလား၊ ကိုကိုက သည်းသည်းကို လွမ်းနေပြီ"
ဂျဲနိုကပြောလိုက်တော့ ဂျယ်မင်းက ခဏလေးငြိမ်သွားတယ်။ နောက်ပြီး စာကြည့်စားပွဲပေါ်က calendarကို တစ်ချက်ကြည့်လိုက်ရင်း ...
"ကိုကိုက သောကြာနေ့ ဘယ်အချိန်ပြီးမှာလဲ"
"...နေ့လည် (၂)နာရီမှ စမှာဆိုတော့ နည်းနည်းနောက်ကျမယ်ထင်တယ်"
"အွန် .. "
"စနေ တနင်္ဂနွေ မရဘူးလား"
"မရတာတော့ မဟုတ်ပေမဲ့ ... အိမ်ထဲကနေ ထွက်ဖို့ကျ မလွယ်လို့"
ဂျဲနိုက သက်ပြင်းတွေပဲ ချမိတယ်။ နောက်ပြီး screenကနေ မြင်နေရတဲ့ ဂျယ်မင်းကလေးကို ထိုင်ကြည့်နေမိတော့တာ။ ဂျယ်မင်းကတော့ စာကြည့်စရာတွေ အများကြီးကျန်နေသေးသလိုမျိုး ဂျဲနိုကိုတောင် စကားမပြောနိုင်ဘဲ စာတွေဆက်ကြည့်နေတော့တယ်။
![](https://img.wattpad.com/cover/379676866-288-k416454.jpg)
KAMU SEDANG MEMBACA
Kiss Me Quick [Ongoing...]
Fiksi PenggemarNCT DREAM × Fanfiction Ongoing ... [Uni + Zawgyi] Start - Oct 12, 2024 End - .......