07

216 30 47
                                    

"ဟင်?.. ကိုကို.. မရဘူးလား"

အိပ်‌ယာပေါ်မှာ ဝမ်းလျားမှောက်ထားရင်း မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ဂျယ်မင်းကြောင့် ဂျဲနိုက သက်ပြင်းချမိတယ်။ ည(၁၀)နာရီကတည်းက ဖုန်းပြောနေတာ မနက်(၁)နာရီတောင်ရှိတော့မယ်။ အခုထိ ရစ်လို့မပြီးနိုင်သေးတဲ့ သူ့ရစ်လုံးလေးကို ဂျဲနိုက ဘယ်လိုဖြောင်းဖျရမလဲလည်းမသိတော့ဘူး။

"အိပ်ချိန်ရောက်နေပြီလေ သည်းသည်းရာ..၊ အိပ်တော့လို့ပြောနေတာကိုလည်း နားမထောင်ဘူး၊ ကိုကို ဆူမိတော့မယ်"

"ကိုကိုက အဲ့လိုချည်းပဲ... သည်းသည်း စိတ်တိုလာပြီ"

ပြောပြီးတော့ ခေါင်းအုံးထဲကို မျက်နှာနှစ်သွားသူကြောင့် ဂျဲနိုက စိတ်ညစ်နေတဲ့ကြားက ရယ်လိုက်မိတယ်။ နောက်တော့ သူ့ကို မော့မကြည့်လာတော့သူကို ဘယ်လိုနည်းနဲ့ ချော့ရင်ကောင်းမလဲလို့ တွေးနေမိတာ။

"သည်းသည်း.. ကိုကိုပြောမယ် နားထောင်.."

"ထောင်ချင်ဘူး"

"သည်းသည်း.. ကိုကို ခေါ်နေတယ်လေ"

"ဟင့်အင်း.. ကိုကို မပြောနဲ့၊ ဘာမှမသိချင်ဘူး၊ အခု ကိုကိုနဲ့ တွေ့ချင်တာပဲသိတယ်"

"မနက်(၁)နာရီဖြစ်နေပြီလေ သည်းသည်းရာ.."

"အား... လာတွေ့ပါဆို.."

ဂျဲနိုက ရစ်စရာမရှိ ရစ်စရာရှာပြီး အိပ်ယာပေါ်မှာ လူးလှိမ့်နေအောင် ရစ်နေတဲ့ ဂျယ်မင်းကြောင့် အိပ်ယာထဲ လှဲနေရာက ထထိုင်လိုက်ရတယ်။ ညတိုင်း စိတ်အေးအေးချမ်းချမ်းလေးနဲ့ အိပ်ပျော်နိုင်အောင် သီချင်းဆိုပြရတဲ့ဘဝကနေ မအိပ်ခိုင်းဘဲ အရစ်ခံရတဲ့ဘဝကိုရောက်လာပြီဆိုတော့ သူတို့တွေ အတော်လေးကို ရင်းနှီးလာပြီဆိုတဲ့သဘောပေါ့။

"အိပ်တော့ကွာ.. ကိုကိုလည်း အိပ်တော့မယ်"

"ကိုကို!! မအိပ်ရဘူးနော်! သည်းသည်း တွေ့ချင်တယ်၊ ကိုကိုနဲ့ အခုတွေ့ချင်တာ"

"မနက်ဖြန်ညနေမှ ကိုကိုလာခဲ့ပါမယ်ဆိုနေကွာ"

"ဟင့်အင်း ဟင့်အင်း.. အခုလို့!!"

"သည်းသည်း! ဆိုးစရာမဟုတ်တာကို မဆိုးစမ်းနဲ့.. ကိုကို မကြိုက်ဘူး"

Kiss Me Quick [Ongoing...]Opowieści tętniące życiem. Odkryj je teraz